
Job Description
လုပ်ငန်းတည်နေရာ - တောင်ဥက္ကလာပမြို့နယ်
ထုတ်လုပ်ရေးဝန်ထမ်း၏ တာဝန်ဝတ္တရားများမှာ ထုတ်လုပ်မှုနေရာအား သန့်ရှင်းသပ်ရပ်စွာထားရှိခြင်း၊ စက်ပစ္စည်းကိရိယာများအား အသုံးပြုရန်အတွက် ပြင်ဆင်ခြင်း၊ ညွှန်ကြားချက်များအတိုင်း ထုတ်လုပ်မှု လုပ်ငန်းစဉ်အား လုပ်ကိုင်ဆောင်ရွက်ခြင်းနှင့် ကျန်းမာရေးနှင့်ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ လမ်းညွှန်ချက်များအား တိကျစွာ လိုက်နာဆောင်ရွက်ခြင်းတို့ ပါဝင်ပါသည်။ အစားအသောက်ထုတ်ကုန်များအား ဘေးကင်းစွာ၊ ထိရောက်စွာနှင့် အရည်အသွေးအမြင့်မားဆုံး စံနှုန်းများနှင့်အညီ ထုတ်လုပ်နိုင်ရန်အတွက် ပါဝင်ဆောင်ရွက်ရမည် ဖြစ်ပါသည်။
လုပ်ဆောင်ရမည့်တာဝန်များ
၁။ အစားအသောက်ထုတ်လုပ်မှု၏ ပြင်ဆင်ခြင်း၊ ထုပ်ပိုးခြင်းနှင့် အရည်အသွေးထိန်းချုပ်ခြင်း အစရှိသည့် လုပ်ငန်းအဆင့်အမျိုးမျိုးတို့တွင် ကူညီဆောင်ရွက်ပေးရန်။
၂။ အစားအသောက်ထုတ်လုပ်ရေးသုံး စက်ပစ္စည်းကိရိယာများကို အသုံးပြုထိန်းသိမ်းရန်။
၃။ သန့်ရှင်းသပ်ရပ်ပြီး စနစ်တကျရှိသော လုပ်ငန်းခွင်ဖြစ်စေရန် ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ လမ်းညွှန်ချက်များကို လိုက်နာရန်။
၄။ ထုတ်လုပ်မှုလုပ်ငန်းစဉ်များကို စောင့်ကြည့်ပြီး ပြဿနာတစ်စုံတစ်ရာ ရှိပါက ကြီးကြပ်သူများထံသို့ အစီရင်ခံတင်ပြရန်။
၅။ ချက်ပြုတ်နည်း (သို့မဟုတ်) သီးခြားညွှန်ကြားချက်များအတိုင်း ပါဝင်ပစ္စည်းများနှင့် ရောစပ်ရမည့်ပစ္စည်းများကို ပြင်ဆင်ရန်။
၆။ ရောနှောစက် (mixers)၊ အသားကြိတ်စက် (grinders)၊ ချက်ပြုတ်အိုး (cooking pots) နှင့် အသားလှီးစက် (slicers) အစရှိသည့် စက်ကိရိယာများကို အသုံးပြုရန်။
၇။ ထုတ်လုပ်ပြီးစီးသော အစားအသောက်များကို စစ်ဆေးခြင်းနှင့် ထုပ်ပိုးခြင်း။
၈။ ထုတ်ကုန်အားလုံးကို သင့်လျော်စွာ တံဆိပ်ကပ်ထားရှိခြင်းနှင့် သတ်မှတ်ထားသော အရည်အသွေးစံနှုန်းများနှင့် ကိုက်ညီမှုရှိခြင်းတို့ကို သေချာစေရန်။
၉။ အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ လုပ်ငန်းကျင့်စဉ်များနှင့် ပတ်သက်သည့် စွမ်းရည်နှင့် အသိပညာများ တိုးတက်စေရန် လေ့ကျင့်ရေးသင်တန်းများတွင် ပါဝင်ရန်။
၁၀။ ထုတ်လုပ်မှုဆိုင်ရာ ရည်မှန်းချက်များနှင့် သတ်မှတ်ရက်များအား ပြည့်မီစေရန်အတွက် အဖွဲ့သားများနှင့် ထိရောက်စွာ ပူးပေါင်းဆောင်ရွက်ရန်။
၁၁။ အဖွဲ့အစည်း၏ မူဝါဒများနှင့် လုပ်ထုံးလုပ်နည်းအားလုံးကို လိုက်နာရန်။
Requirements
၁။ အနည်းဆုံး အခြေခံပညာ အလယ်တန်း ဖြစ်ရမည်။
၂။ အစားအသောက်ထုတ်လုပ်ရေး (သို့မဟုတ်) အလားတူ လုပ်ငန်းခွင်၌ အတွေ့အကြုံရှိသူကို ဦးစားပေးမည်။
၃။ လုပ်ငန်းအရှိန်အဟုန်မြန်သော ပတ်ဝန်းကျင်တွင် လုပ်ကိုင်နိုင်သူ ဖြစ်ရမည်။
၄။ အသေးစိတ်အချက်အလက်များကို ဂရုပြုနိုင်ခြင်းနှင့် အရည်အသွေးအပေါ် ခိုင်မာသော စိတ်အားထက်သန်မှုရှိရမည်။
၅။ သင်ယူလိုစိတ်ရှိခြင်းနှင့် လုပ်ငန်းစဉ်အသစ်များသို့ လိုက်လျောညီထွေ လုပ်ကိုင်နိုင်သူဖြစ်ရမည်။
၆။ ညွှန်ကြားချက်များကို လိုက်နာနိုင်ခြင်းနှင့် အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်နိုင် သူဖြစ်ရမည်။
၇။ ခန္ဓာကိုယ်ကြံ့ခိုင်မှု ကောင်းမွန်ခြင်းနှင့် အချိန်ကြာမြင့်စွာ လုပ်ကိုင်နိုင် သူဖြစ်ရမည်။
၈။ အခြေခံသင်္ချာစွမ်းရည် ရှိပြီး အတွက်အချက် ရရန်လိုအပ်ပါသည်။
