
Job Description
- ရုံးပိုင်မော်တော်ယာဉ်များအား အန္တရာယ်ကင်းစွာ ဂရုစိုက်မောင်းနှင်ရန်။ ပြိုင်မောင်းခြင်း၊ ဒေါသအလျောက်မောင်းနှင်ခြင်းများ ရှောင်ရှားရန်။
- ရုံးဝန်ထမ်းများအား လုပ်ငန်းကိစ္စအတွက် သွားလာရန်လိုအပ်သည့်နေရာများအား လိုက်လံပို့ဆောင်ပေးရန်။
- ကားနှင့်ပတ်သက်သည့် ဆီ၊ ရေ၊ လေ၊ ဝိုင် ကိစ္စများအား နေ့စဉ်စစ်ဆေးရန်။ ပြုပြင်ရန်လိုအပ်ပါက Repair & Maintenance Form တွင်ဖြည့်စွက်၍ HR ဌာနသို့ တင်ပြရန်။
- မိမိတာဝန်ယူမောင်းနှင်သော မော်တော်ယာဉ်အား သန့်ရှင်းစွာထားရန်၊ အတွင်းအပြင် ပုံမှန်ဆေးကြောရန်။
- ရုံးမှ လိုအပ်သလိုပေးအပ်သောတာဝန်များအား သတ်မှတ်ချိန်အတွင်း ပြီးမြောက်အောင်ဆောင်ရွက်ရန်။
- မိမိတာဝန်ယူမောင်းနှင်သည့် မော်တော်ယာဉ်အား ထိခိုက်မှု၊ ပျက်စီးပျောက်ဆုံးမှုမရှိစေရန် အတတ်နိုင်ဆုံးကာကွယ်စောင့်ရှောက်ရန်။
- နေ့စဉ်လမ်းကြောင်းများအား ကားလမ်းကြောင်းမှတ်တမ်းစာအုပ်တွင် သတ်မှတ်ပုံစံအတိုင်းနေ့စဉ်ဖြည့်စွက်၍ အပတ်စဉ်သောကြာနေ့တိုင်း HR ဌာနသို့တင်ပြရန်။
- မိမိလုပ်ငန်းတာဝန်နှင့်ပတ်သက်၍ ထူးခြားဖြစ်စဉ်များရှိပါက HR ဌာနသို့ ချက်ချင်းအကြောင်းကြား သတင်းပို့ရန်။
- လမ်းကြောင်းသွားလာနေစဉ်အတွင်း မော်တော်ယာဉ်သော်လည်းကောင်း၊ မိမိကိုယ်တိုင်သော်လည်းကေင်း ထိခိုက်မှုတစ်စုံတရာရှိပါက HR ဌာနသို့ ချက်ချင်းအကြောင်းကြားရန်။
- မိမိတာဝန်ယူမောင်းနှင်သော မော်တော်ယာဉ်အား ရုံးနှင့်မသက်ဆိုင်သော ပြင်ပလူတစ်ဦးဦးအား မောင်းနှင်ခွင့်မပြုရန်။
- မိမိတာဝန်ယူမောင်းနှင်သော မော်တော်ယာဉ်အား ရုံးသို့တင်ပြခြင်းမပြုဘဲ မိမိသဘောဖြင့် ပြုပြင် ပြင်ဆင် လဲလှယ်ခြင်း မပြုလုပ်ရန်။
- မိမိလုပ်ငန်းနှင့်ပတ်သက်၍ အဆင်မပြေမှု၊ အငြင်းပွားမှုတစ်စုံတရာဖြစ်ပေါ်လာပါက HR ဌာနသို့အကြောင်းကြား၍ တိုင်ပင်ဆွေးနွေးရန်။
Requirements
- ဘွဲ့ရ (သို့) အခြေခံပညာ အထက်တန်းဆင့်ရှိသူ။
- စိတ်ရှည်၊ သည်းခံပြီး မော်တော်ယာဉ်အား စနစ်တကျမောင်းနှင်နိုင်သူ။
- ရုပ်ရည်သန့်ပြန့်ပြီး အကျင့်စာရိတ္တကောင်းမွန်သူ။
- Auto/Manual နှစ်မျိုးလုံးမောင်းနှင်နိုင်သူ။
- မနက်ပိုင်းနှင့် ညနေပိုင်းတွင် ရုံးဖယ်ရီမောင်းပေးနိုင်သူ။
- ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများအား နားလည်လိုက်နာနိုင်သူ။
- မိမိပို့ဆောင်ရမည့် အရာဝတ္တု (သို့) လူပုဂ္ဂိုလ်များအား အန္တရာယ်ကင်းစွာပို့ဆောင်ပေးနိုင်သူ။
- ပေါင်းသင်းဆက်ဆံရေးကောင်းမွန်သူ။
