Job Description
-
Requirements
အနည်းဆုံး အလယ်တန်း (သို့)အထက်တန်းအဆင့်ရှိပီး၊ဟိုတယ်/စားသောက်ဆိုင် Kitchenတွင် အတွေ့အကြုံ အနည်းဆုံး (၆) လမှ (၁) နှစ် ရှိသူကို ဦးစားပေးမည်။ (အတွေ့အကြုံမရှိသော်လည်း သင်ယူလိုစိတ်ရှိသူများကိုလည်း စဉ်းစားပေးပါမည်။)
Kitchenသုံးပစ္စည်းများ၊ကိရိယာများနှင့်စက်ပစ္စည်းများကို၊စနစ်တကျကိုင်တွယ်အသုံးပြုနိုင်ပြီး သန့်ရှင်းရေးလုပ်ငန်းများကို ကျွမ်းကျင်စွာ လုပ်ဆောင်နိုင်ရမည်။
မီးဖိုချောင်အတွင်းအစားအစာသန့်ရှင်းရေးနှင့်တစ်ကိုယ်ရေသန့်ရှင်းမှုဆိုင်ရာ စံနှုန်းများ ၊ဟိုတယ်နှင့် Kitchen Department မှ သတ်မှတ်ထားသော(SOP) များအတိုင်း တာဝန်ယူမှုအပြည့်ဖြင့် လုပ်ကိုင်နိုင်ရမည်။
စားဖိုမှူးများ၏ ညွှန်ကြားချက်များကို သေချာစွာ နားလည်သဘောပေါက်ပြီး ချက်ပြုတ်ရာတွင် လိုအပ်သည့် ဟင်းသီးဟင်းရွက်၊ အသား/ငါး စသည်တို့ကို စနစ်တကျ ဆေးကြော၊ လှီးဖြတ်၊ပြင်ဆင်ပေးခြင်း၊Kitchenသုံးပန်းကန်နှင့်အိုးခွက်အသုံးအဆောင်များကို၊သတ်မှတ်ထားသည့်အတိုင်း သန့်ရှင်းအောင်ဆေးကြောနိုင်ရမည်။
အလုပ်ချိန် တိကျရိုသေပြီး ရိုးသားဖြောင့်မတ်ကာကိုယ်လက်ကျန်းမာကြံ့ခိုင်မှု့ရှိသူ၊Kitchenအဖွဲ့သားများနှင့်ပူးပေါင်းလုပ်ဆောင်နိုင်ပြီးအလုပ်ဖိအားအောက်တွင် တက်ကြွစွာ လုပ်ကိုင်နိုင်ရမည်။
ဟိုတယ်၏ လုပ်ငန်းသဘာဝအရ အလှည့်ကျဂျူတီဖြင့် လုပ်ကိုင်နိုင်ပြီး မိမိအစီအစဉ်ဖြင့် အလုပ်ချိန်မှန်ကန်စွာ လာရောက်နိုင်သူ ဖြစ်ရမည်
