Job Description
-
Requirements
အနည်းဆုံး အလယ်တန်း (သို့မဟုတ်)အထက်တန်းအဆင့်ရှိရမည်ဖြစ်ပီး၊ဟိုတယ်Laundry ဌာနတွင် အတွေ့အကြုံ အနည်းဆုံး (၆) လမှ (၁) နှစ် ရှိသူကို ဦးစားပေးမည်။ (အတွေ့အကြုံမရှိသော်လည်းအဝတ်လျှော်/မီးပူတိုက်လုပ်ငန်းကိုသင်ယူလိုစိတ်ရှိသူများကိုလည်း စဉ်းစားပေးပါမည်။)
ဟိုတယ်သုံးအဝတ်လျှော်စက်၊အခြောက်ခံစက်နှင့်ရေနွေးငွေ့မီးပူစသည့်စက်ပစ္စည်းများကိုစနစ်တကျကိုင်တွယ်ဖူးသူ၊ဟိုတယ်မှသတ်မှတ်ထားသောLaundryဆိုင်ရာစံပြလုပ်ထုံးလုပ်နည်းများနှင့်အဝတ်အထည်အမျိုးအစားအလိုက်လျှော်ဖွတ်နည်းစနစ်များကိုလိုက်နာနိုင်ရမည်
ဧည့်သည်များ၏ အဝတ်အစားများ၊ ဟိုတယ်အခန်းသုံး အခင်းများနှင့်စားသောက်ခန်းမသုံး အဝတ်အထည်များကိုအစွန်းအထင်းချွတ်ခြင်း၊လျှော်ဖွတ်ခြင်း၊ခေါက်ခြင်း၊မီး ပူ တိုက် ခြင်းနှင့်အဝတ်လျှော်ဓာတုပစ္စည်းများ/ဆပ်ပြာအရည်များကို၊စံနှုန်းမီအချိုးအစားမှန်ကန်စွာစနစ်တကျလုပ်ဆောင်နိုင်ရမည်။
လုပ်ငန်းခွင်အတွင်းတစ်ကိုယ်ရေသန့်ရှင်းမှုဆိုင်ရာစံနှုန်းများကိုအထူးဂရုစိုက်သူ၊ကိုယ်လက်ကျန်းမာ ကြံ့ခိုင်သူဖြစ်ရမည်။ (အထည်အလေးအပင်များ၊မတင်/မချလုပ်ရသဖြင့်ကျန်းမာကြံ့ခိုင်မှုရှိရန်လိုအပ်ပါသည်။)
အသင်းအဖွဲ့နှင့်ပူးပေါင်းလုပ်ဆောင်နိုင်ပြီး၊အလှည့်ကျဂျူတီဖြင့်လုပ်ကိုင်နိုင်ပြီးအလုပ်ချိန်မှန်ကန်စွာ လာရောက်နိုင်သူ ဖြစ်ရမည်။
