
Job Description
1. လမ်းကြောင်းရေးဆွဲခြင်း - ပို့ရမည့်နေရာများ၏လမ်းများကို ရင်းနှီးကျွမ်းဝင်ရုံသာမက လိုအပ်ပါက GPS သုံး၍ အမြန်ဆုံးနှင့် အတိုဆုံး လမ်းခရီးကို ရွေး၍ ဘေးအန္တရာယ်ကင်းစွာ ပစ္စည်းများကို ပို့ဆောင် မောင်းနှင်ရမည်။
2. ယာဉ်ကိုပြုပြင်ထိန်းသိမ်းခြင်း - မော်တော်ယာဉ်ကြံ့ခိုင်မှုအခြေအနေကို ပုံမှန်စစ်ဆေးပြီး လိုအပ်သည့် ပြုပြင်ထိန်းသိမ်းခြင်းများကို အမြဲတစေ စစ်ဆေးကြည့်ရှုပြီး လိုအပ်လျှင် ပြုပြင်ရမည်။ Way မှ ပြန်လာပြီးတိုင်း မော်တော်ယာဉ်ကို ပုံမှန်ဆေးကြော သန့်ရှင်းရန်လိုပြီး ကားကိုသန့်ရှင်းသပ်ရပ်စွာ ထားရမည်။
3. ပစ္စည်းအတင်အချ - ကုန်ပစ္စည်းများနှင့် လူများကို ထိခိုက်ပျက်စီးမှု မရှိစေပဲ ဘေးအန္တရာယ်ကင်းစွာ သတိဖြင့် အတင်အချပြုလုပ်ရမည်။
4. မှတ်တမ်းများကို ထိန်းသိမ်းခြင်း - ဆီ၊ အင်ဂျင်ဝိုင်၊ တာယာ၊ မောင်းနှင်သည့် မိုင်အကွာအဝေး၊ ပြုပြင်ထိန်းသိမ်းခြင်း စသည့် မှတ်တမ်းများကို သေချာ ပြုစုထိန်းသိမ်းထားရမည်။
5. ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း - နိုင်ငံတော်မှ ပြဌာန်းထားသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း များကို လေးစားလိုက်နာရမည်။
6. ဆီထုတ်ယူခြင်း - လုပ်ငန်းလိုအပ်ချက်အရ တစ်လလျှင် အနည်းဆုံး တစ်ခါ သီလဝါ သို့ သတ်မှတ်ထားသည့် ဆိပ်ကမ်းတွင် စားသုံးဆီ ပုံမှန် ထုတ်ယူပေးရမည်။
7. အခြားတာဝန်များ - Way မသွားရသည့် ရက်များတွင် လိုအပ်လျှင် ရုံးကား မောင်းပေးရမည်။ အခြားအချိန်များတွင် လုပ်ငန်းလိုအပ်ချက်အရ ကူညီရန် လိုအပ်သော ကိစ္စများတွင် ကူညီလုပ်ဆောင်ပေးရမည်။
Requirements
၁. ယဉ်မောင်း လိုင်စင်နှင့် သက်တမ်း အနည်းဆုံး (၃) နှစ်ရှိရမည်။
၂. အထက်တန်းအဆင့် ပညာအရည်အချင်းရှိရမည်။
၃. ရန်ကုန်မြို့၏ လမ်းကြောင်းများကို ကျွမ်းကျွမ်းကျင်ကျင်သိ၍ မြန်မြန်ဆန်ဆန် သွားလာနိုင်ရမည်။
၄. အများနှင့် စုပေါင်းလုပ်ကိုင်တတ်သော အမူအကျင့်ကောင်းများ ရှိရပါမည်။
၅. လိုအပ်လျှင် Google Map နှင့် GPS စနစ်များကိုသုံး၍ နေရာများကို ရှာဖွေ သွားလာတတ်ရမည်။
