
Job Description
လုပ်ငန်းတည်နေရာ - တောင်ဥက္ကလာပမြို့နယ်
စားသောက်ကုန် ထုတ်လုပ်ရေး ကြီးကြပ်သူ သည် အစားအသောက် ထုတ်လုပ်ရေးလုပ်ငန်းစဉ်များကို ကြီးကြပ်စီမံခန့်ခွဲပြီး ထုတ်လုပ်မှုအရည်အသွေး ၊ သန့်ရှင်းရေးစံနှုန်းများနှင့် လုပ်ငန်းလုံခြုံရေး စည်းမျဉ်းများကို လိုက်နာစေရန် တာဝန်ယူ ဆောင်ရွက်ရမည်။
လုပ်ဆောင်ရမည့်တာဝန်များ
၁။ အစားအသောက်ထုတ်လုပ်မှု ၊ ထုပ်ပိုးမှုနှင့် အရည်အသွေးထိန်းချုပ်မှုလုပ်ငန်းများကို ကြီးကြပ်စီမံခန့်ခွဲရန်။
၂။ ထုတ်လုပ်ရေးသုံး စက်ပစ္စည်းများကို မှန်ကန်စွာ အသုံးပြုထိန်းသိမ်းစေရန် ကြီးကြပ်ရန်။
၃။ GMP, Food Safety နှင့် လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေး စည်းမျဉ်းများကို လိုက်နာမှုရှိမရှိ စောင့်ကြည့်ရန်။
၄။ ထုတ်လုပ်မှု Target နှင့် Deadline များပြည့်မီစေရန် အဖွဲ့သားများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ကြီးကြပ်ခြင်းပြုရန်။
၅။ ထုတ်လုပ်မှုအတွင်း ဖြစ်ပေါ်လာသော ပြဿနာများကို ဖြေရှင်းပြီး Management ထံ Report တင်ပြရန်။
၆။ Finished Goods များ၏ အရည်အသွေးနှင့် Labeling မှန်ကန်မှုကို စစ်ဆေးရန်။
Requirements
၁။ အစားအသောက် ထုတ်လုပ်ရေးပိုင်းတွင် Supervisor (ကြီးကြပ်ရေး) အတွေ့အကြုံရှိသူ ဖြစ်ရမည်။
၂။ ခေါင်းဆောင်မှု နှင့် အသင်းအဖွဲ့ဖြင့် လုပ်ဆောင်မှု ကောင်းမွန်ရမည်။
၃။ Food Safety, GMP, HACCP စသည့် အခြေခံဗဟုသုတရှိသူ ဦးစားပေးမည်။
၄။ ဆက်သွယ်ပြောဆိုမှု နှင့် ပြသနာဖြေရှင်းနိုင်ခြင်းများတွင် ကောင်းမွန်ရမည်။
၅။ ထုတ်လုပ်ရေး သတ်မှတ်ချက်များ အောက်တွင် အလုပ်လုပ်နိုင်သူ ဖြစ်ရမည်။
၆။ ကုန်ထုတ်လုပ်ရေး လုပ်ငန်းခွင်အတွင်း အလုပ်လုပ်ရမည်။
