
Job Description
-
Requirements
Department: Pharmacy Counter
Reports to: CEO / Medical Superintendent
Job Requirements
• ဆေးဝါးဗေဒဘွဲ့ B.Pharm (Bachelor of Pharmacy) ရရှိထားသူ ဖြစ်ရမည်။ (တရားဝင် ဆေးဝါးကျွမ်းကျင်လိုင်စင် ရှိသူကို ဦးစားပေးမည်)။
• ဆေးရုံ သို့မဟုတ် ဆေးဆိုင်ကြီးများ၏ Pharmacy Counter တွင် လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၁) နှစ်မှ (၂) နှစ်အထက် ရှိရမည်။ (Graduated ဖြစ်ခါစ Fresh အောင်မြင်ပြီးသူများကိုလည်း စဉ်းစားပေးနိုင်ပါသည်)။
ဆရာဝန်ကြီးများ၏ ဆေးညွှန်းများကို တိကျမှန်ကန်စွာ ဖတ်ရှုနိုင်ရမည်။ ဆေးဝါးများ၏ Dosage, Frequency, Side Effects နှင့် Drug Interactions များကို ကောင်းမွန်စွာ နားလည်ရမည်။
ဆေးဝါးများ စနစ်တကျ သိမ်းဆည်းမှု (FEFO - First Expired, First Out စနစ်) နှင့် အပူချိန်ထိန်းသိမ်းမှု (Cold Chain Storage) စံနှုန်းများကို ကျွမ်းကျင်ရမည်။
ဆေးမှားထုတ်ပေးခြင်း သို့မဟုတ် ဆေးညွှန်းမှားခြင်း လုံးဝမရှိစေရန် အထူးဂရုစိုက် တိကျသေချာစွာ လုပ်ကိုင်နိုင်သူ ဖြစ်ရမည် (Zero Error Tolerance)။
ဆေးရုံသုံး Pharmacy POS System သို့မဟုတ် Inventory Software များ၊ မိုက်ခရိုဆော့ဖ် Excel အခြေခံကို အသုံးပြုနိုင်ရမည်။
ဆေးရုံလုပ်ငန်းသဘာဝအရ Duty Shift စနစ်ဖြင့် တာဝန်ထမ်းဆောင်နိုင်ရမည်။