
Job Description
-
Requirements
Department: HR & Admin
Reports to: Admin & HR Manager / Medical Superintendent
Job Requirements
• ပညာအရည်အချင်း: တက္ကသိုလ်ဘွဲ့တစ်ခုခု ရရှိထားသူ ဖြစ်ရမည်။ HRM (Human Resource Management) ဆိုင်ရာ ဒီပလိုမာ သို့မဟုတ် မာစတာဘွဲ့ (Diploma/Master in HRM) ရရှိထားသူများကို အထူးဦးစားပေးမည်။
• လုပ်ငန်းအတွေ့အကြုံ: HR ကဏ္ဍတွင် လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၃) နှစ်မှ (၅) နှစ်အထက် ရှိရမည်။ (အဖွဲ့အစည်းငယ်ကို ဦးဆောင်ဖူးသည့် Supervisor အဆင့် သို့မဟုတ် Senior HR Officer အဆင့် အတွေ့အကြုံရှိသူ ဖြစ်ရမည်)။
• မြန်မာနိုင်ငံ၏ တည်ဆဲ အလုပ်သမားဥပဒေများ (Myanmar Labour Laws)၊ လူမှုဖူလုံရေးဥပဒေများနှင့် EC (Employment Contract) ဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို အသေအချာ ကျွမ်းကျင်နားလည်ရမည်။
• ဝန်ထမ်းခေါ်ယူခြင်း (Recruitment)၊ ရုံးတက်/ရုံးဆင်း စာရင်းနှင့် လစာတွက်ချက်ခြင်း (Payroll & Attendance)၊ ဝန်ထမ်းရေးရာ ဆက်ဆံရေး (Employee Relations) နှင့် စွမ်းဆောင်ရည်စစ်ဆေးခြင်း (KPI/Appraisal) လုပ်ငန်းစဉ်များကို ကောင်းမွန်စွာ ကိုင်တွယ်နိုင်ရမည်။
• ကွန်ပျူတာနှင့် စနစ်ကျွမ်းကျင်မှု: Microsoft Office (Word, Excel, PowerPoint) ကျွမ်းကျင်ရမည်။ HR Software (QHRM) သို့မဟုတ် အလိုအလျောက် ရုံးတက်စနစ်များကို အသုံးပြုဖူးသူ ဖြစ်ရမည်။
• ဘာသာစကား: အင်္ဂလိပ်စာ အသင့်အတင့်မှ ကောင်းမွန်စွာ အသုံးပြုနိုင်ရမည် (အစီရင်ခံစာ ရေးသားခြင်းနှင့် လုပ်ငန်းသုံး အီးမေးလ် ပေးပို့နိုင်ရမည်)။