
Job Description
• Facebook Page Messenger နှင့် Viber တို့မှ မေးမြန်းမှုများကို အချိန်နှင့်တပြေးညီ ယဉ်ကျေးစွာ ပြန်လည်ဖြေကြားပေးရန်။
• ဆိုင်သို့ လာရောက်သော ဧည့်သည်များကို နွေးထွေးစွာ ကြိုဆိုပြီး ဆိုင်၏ ဝန်ဆောင်မှုများနှင့် လက်ရှိ Promotion များအကြောင်း လမ်းညွှန်ပေးရန်။
• အွန်လိုင်းမှ မှာယူသည့် အော်ဒါများကို တိကျစွာ စာရင်းသွင်းပြီး Delivery နှင့် ပေါင်းစပ်ညှိနှိုင်းပေးရန်။
• ဝယ်ယူသူများအတွက် အသင်းဝင်ကတ် (Member Card) များ ပြုလုပ်ပေးခြင်းနှင့် ဝယ်ယူပြီးနောက်ပိုင်း လိုအပ်သော ဝန်ဆောင်မှုများ (After-sales service) ပေးရန်။
• Customer များ၏ အကြံပြုချက်နှင့် တိုင်ကြားမှုများကို စိတ်ရှည်စွာ နားထောင်မှတ်တမ်းတင်ပြီး သက်ဆိုင်ရာဌာနသို့ တင်ပြဖြေရှင်းရန်။
Requirements
• ဘွဲ့ရရှိပြီးသူ (သို့မဟုတ်) Customer Service ပိုင်းတွင် အတွေ့အကြုံရှိသူ ဖြစ်ရမည်။
• စာရိုက်သွက်လက်ပြီး မြန်မာစာသတ်ပုံ မှန်ကန်ရမည် (Online အတွက်)။
• ရုပ်ရည်သန့်ပြန့်ပြီး စကားပြောဆို ဆက်ဆံရေး ကောင်းမွန်ပြေပြစ်ရမည် (Showroom အတွက်)။
• Facebook Business Suite နှင့် social media အသုံးပြုမှုများကို ကျွမ်းကျင်ရမည်။
• လစာအား လုပ်ငန်းကျွမ်းကျင်မှုနှင့် အတွေ့အကြုံပေါ် မူတည်၍ ညှိနှိုင်းပေးပါမည်။