- Category
- Technician
- Position
- Technician
- Openings
- 2
- Gender
- male & female
- Apply before
- 24 Nov 2026
Job description
Inverter များနှင့် Solar Power စနစ်များ၊ LiFePO4 ဘက်ထရီများကို စစ်ဆေးခြင်း၊ တပ်ဆင်ခြင်း (Installation) နှင့် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ကျွမ်းကျင်စွာ ဆောင်ရွက်ရန်။
ဖောက်သည်များထံမှ တင်ပြလာသော နည်းပညာပိုင်းဆိုင်ရာ အခက်အခဲများနှင့် ပစ္စည်းချို့ယွင်းချက်များကို သွားရောက်စစ်ဆေး ဖြေရှင်းပေးရန်။
အာမခံ (Warranty) ပါရှိသော ပစ္စည်းများကို စနစ်တကျ စစ်ဆေးပြီး လိုအပ်သည့် ပြုပြင်မှုများ ပြုလုပ်ပေးရန်။
ပစ္စည်းများ၏ နည်းပညာဆိုင်ရာ အချက်အလက်များနှင့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို နေ့စဉ် မှတ်တမ်းတင်ပြီး တာဝန်ရှိသူထံ အစီရင်ခံရန်။
Requirements
အင်ဂျင်နီယာဘွဲ့ (EE / EC / EP) ရရှိထားသူ (သို့မဟုတ်) လျှပ်စစ်/အီလက်ထရွန်နစ်နှင့် ဆိုလာနည်းပညာပိုင်းဆိုင်ရာ အောင်လက်မှတ်/ ဒီပလိုမာ ရရှိထားသူ ဖြစ်ရမည်။
Inverter၊ Solar System နှင့် ဘက်ထရီ တပ်ဆင်ရေး သို့မဟုတ် ပြုပြင်ရေး လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၁) နှစ် ရှိရမည်။
လျှပ်စစ်ပစ္စည်းများနှင့် ကိရိယာတန်ဆာပလာများကို ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်အသုံးပြုနိုင်သူ ဖြစ်ရမည်။
ဖောက်သည်များနှင့် ဆက်ဆံရာတွင် ယဉ်ကျေးပျူငှာပြီး အသင်းအဖွဲ့ဖြင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်နိုင်သူ ဖြစ်ရမည်။
How to apply
လာရောက်လျှောက်ထားလိုသူများသည် အမှတ် (၂၇၂) သိမ်ဖြူလမ်း,ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့သို့ လူကိုယ်တိုင် လာရောက်လျှောက်ထားနိုင်သလို Viber နံပါတ် 09-882461717 သို့လဲ CV Form ပို့၍လျှောက်ထားနိုင်သည်။
Never pay any fee to apply for a job. အလုပ်လျှောက်ရန် ငွေမပေးပါနှင့်။


