Operation Supervisor

SVC Power Myanmar

Category
Operator
Position
Supervisor
Openings
1
Gender
male & female
Apply before
24 Nov 2026

Job description

ဆိုင်/ဂိုဒေါင်အတွင်းရှိ Inverter, Solar နှင့် Battery ပစ္စည်းများ၏ အဝင်/အထွက် စာရင်းဇယားများကို တိကျမှန်ကန်စွာ စီမံခန့်ခွဲရန်။


နေ့စဉ် လုပ်ငန်းလည်ပတ်မှုများ၊ ပစ္စည်းပို့ဆောင်ခြင်း (Delivery) နှင့် တပ်ဆင်ရေးလုပ်ငန်းစဉ်များကို အဖွဲ့လိုက် စနစ်တကျ ကြီးကြပ်ညှိနှိုင်းပေးရန်။


ဖောက်သည်များ၏ ဝန်ဆောင်မှုဆိုင်ရာ လိုအပ်ချက်များနှင့် အာမခံ (Warranty) ကိစ္စရပ်များကို နည်းပညာဝန်ထမ်းများနှင့် ပူးပေါင်း၍ အမြန်ဆုံး ဖြေရှင်းဆောင်ရွက်ပေးရန်။


အရောင်းအဖွဲ့နှင့် ဂိုဒေါင်ပိုင်းဆိုင်ရာ လုပ်ငန်းများကို ချိတ်ဆက်ပေးပြီး လုပ်ငန်းများ ချောမွေ့အောင် ကူညီဆောင်ရွက်ရန်။


Requirements

မည်သည့်ဘွဲ့ရမဆို (သို့မဟုတ်) လုပ်ငန်းအတွေ့အကြုံရှိသူ ဖြစ်ရမည်။


Inverter၊ Solar နှင့် ဘက်ထရီ ပစ္စည်းများနှင့် ပတ်သက်၍ အခြေခံ နည်းပညာဗဟုသုတ (သို့မဟုတ်) ဆိုင်/ဂိုဒေါင် စီမံခန့်ခွဲမှု လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၁) နှစ် ရှိရမည်။


ကွန်ပျူတာ (Microsoft Office, Excel/Word) နှင့် အင်တာနက်၊ အီးမေးလ်များကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်ရမည်။


အသင်းအဖွဲ့ဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ပြီး လူမှုဆက်ဆံရေးကောင်းမွန်ကာ ကြီးကြပ်ကွပ်ကဲနိုင်စွမ်း ရှိရမည်။


How to apply

လာရောက်လျှောက်ထားလိုသူများသည် အမှတ် (၂၇၂) သိမ်ဖြူလမ်း,ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့သို့ လူကိုယ်တိုင် လာရောက်လျှောက်ထားနိုင်သလို Viber နံပါတ် 09-882461717 သို့လဲ CV Form ပို့၍လျှောက်ထားနိုင်သည်။

Never pay any fee to apply for a job. အလုပ်လျှောက်ရန် ငွေမပေးပါနှင့်။

Similar jobs

More Operator jobs
Operation SupervisorSVC Power Myanmar
Apply now