- Category
- Mechanic
- Position
- အလုပ္သင္
- Openings
- 1
- Gender
- male & female
- Apply before
- 28 Nov 2026
Job description
Yanmar စိုက်ပျိုးရေးသုံး စက်ယန္တရားများနှင့် အခြားစိုက်ပျိုးရေးသုံး စက်ပစ္စည်းများကို ပြုပြင်ထိန်းသိမ်းနိုင်သည့် ကျွမ်းကျင်စက်ပြင်ဆရာများဖြစ်လာရန်စိတ်ပါဝင်စားသော လူငယ်များအား အလုပ်သင်စက်ပြင်သင်တန်းသားများ အဖြစ်လျှောက်ထားရန်စိမ်းရောင်စိုထုတ်လုပ်မှုကုမ္ပဏီလီမိတက်မှ ဖိတ်ခေါ်အပ်ပါသည်။
သင်တန်းကာလနှင့် အကျိုးခံစားခွင့်များ
• သင်တန်းကာလ (၁)နှစ်အတွင်း စက်ပြင်ပညာကို အခြေခံမှစ၍ လက်တွေ့လုပ်ငန်းခွင်တွင် အဆင့်ဆင့် သင်ကြားပေးမည်။
• Yanmar ထွန်စက်၊ ရိတ်သိမ်းခြွေလှေ့စက်နှင့် အခြားစိုက်ပျိုးရေးသုံး စက်ယန္တရားများ၏ ဖွဲ့စည်းပုံ၊ အလုပ်လုပ်ပုံ၊ ပြုပြင်ထိန်းသိမ်းပုံနှင့် ချို့ယွင်းချက်ရှာဖွေပြုပြင်ပုံများကို သင်ယူခွင့်ရရှိမည်။
• သင်တန်းကာလအတွင်း နေထိုင်ရန် အဆောင်နှင့် နေ့စဉ်စားသောက်စရိတ်များကို အခမဲ့ စီစဉ်ပေးမည်။ •သင်တန်းပြီးဆုံးပြီး လုပ်ငန်းခွင်အတွေ့အကြုံ (၁)နှစ် ပြည့်မြောက်ပါက YAE (Yanmar Agricultural Mechanic Examination) ဖြေဆိုနိုင်ရန် လိုအပ်သော ပြင်ဆင်လေ့ကျင့်မှုများကို ဆက်လက်ပံ့ပိုးပေးမည်။
• YAE အသိအမှတ်ပြုလက်မှတ် ရရှိနိုင်ရေးအတွက် လမ်းညွှန်ကူညီပေးမည်။
• သင်တန်းကာလပြီးဆုံးပါက ကုမ္ပဏီတွင် စက်ဆရာအဖြစ် ဆက်လက်လုပ်ကိုင်နိုင်ရန် စီစဉ်ပေးမည်။
• သင်တန်းကြေး အခမဲ့ဖြစ်ပါသည်။
Requirements
• အသက် (၁၈) နှစ်မှ (၂၅) နှစ်အတွင်းဖြစ်ရမည်။ အထက်တန်းအဆင့်အခြေခံပညာရေးရှိရမည်။
• အရပ် ၅ပေ ၅လက်မနှင့် အထက်ဖြစ်ရမည်။
စက်ပြင်ပညာကို စိတ်ဝင်စားပြီး အသစ်အဆန်းများကို လေ့လာသင်ယူ လို စိတ်ရှိသူ ၊
• အလုပ်ကြိုးစားပြီး စည်းကမ်းလိုက်နာနိုင်သူ။ ခရီးသွားလာနိုင်သူ။
• ကျန်းမာသန်စွမ်းပြီး လက်တွေ့လုပ်ငန်းခွင်တွင် သင်ယူလုပ်ကိုင်နိုင်သူ။
စက်ပြင်အတွေ့အကြုံ မရှိသူများလည်း လျှောက်ထားနိုင်ပါသည်။
သင်တန်းကာလအတွင်း လစာပေးအပ်မည်မဟုတ်ပါ။ သို့သော် နေထိုင်ရန်အဆောင်နှင့် စားသောက်စရိတ်များကို အခမဲ့ပံ့ပိုးပေးမည်ဖြစ်ပြီး စက်ပြင်ပညာကို အခမဲ့သင်ယူခွင့် ရရှိမည်ဖြစ်ပါသည်။ စက်ပြင်ပညာကို အသက်မွေးဝမ်း ကျောင်းအဖြစ် ရွေးချယ်လိုသော လူငယ်များအတွက် ကျွမ်းကျင်ပညာရှင် တစ်ဦးဖြစ်လာနိုင်မည့် အခွင့်အရေးကောင်း တစ်ခုဖြစ်ပါသည်။
How to apply
ဆက်သွယ်ရန်လိပ်စာ - (၁) အမှတ် ၁၆၃ သီရိမွန်(၁၀)လမ်း မရမ်းကုန်းမြို့နယ်၊ဘုရင့်နောင်လမ်းဆုံ။ (၂) အမှတ် ၁၄၈/၁၄၉၊ အနော်ရထာလမ်းမကြီး၊ လှိုင်သာယာစက်မှုဇုန် အပိုင်း ၅ တိုးချဲ့၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့။
ဆက်သွယ်ရန် ဖုန်းနံပါတ်/Viber – 09443209947 သို့ ( 20/11/2026 ) နေ့နောက်ဆုံးထား၍ Cv Form/မှတ်ပုံတင်မိတ္ထူပို့၍ဆက်သွယ်နိုင်ပါသည်။
Never pay any fee to apply for a job. အလုပ်လျှောက်ရန် ငွေမပေးပါနှင့်။



