DIGITAL MARKETING & CONTENT CREATOR (PHOTO / VIDEO)

KTK Electrical Engineering Company Ltd

Category
Digital Marketing
Position
Digital Marketing
Openings
2
Gender
male & female
Apply before
4 Dec 2026

Job description

စိတ်ဝင်စားဖွယ် CONTENT များ ဖန်တီးပြီး DIGITAL MARKETING လုပ်ငန်းများကို စနစ်တကျ တာဝန်ယူဆောင်ရွက်နိုင်မည့် ဝန်ထမ်းများကို ဖိတ်ခေါ်နေပါသည်။

အဓိကတာဝန်များ

• လုပ်ငန်းအလိုက် လစဉ် CONTENT CALENDAR နှင့် အကြောင်းအရာအစီအစဉ်များ ရေးဆွဲခြင်း။

• SOLAR၊ INVERTER နှင့် သက်ဆိုင်သည့် PRODUCT၊ PROJECT နှင့် လုပ်ငန်းဆောင်ရွက်မှု ဓာတ်ပုံ/ဗီဒီယိုများ ရိုက်ကူးခြင်း။

• TIKTOK၊ FACEBOOK နှင့် VIBER BUSINESS တို့အတွက် သင့်လျော်သော SHORT VIDEO၊ PROMOTIONAL VIDEO နှင့် အသိပညာပေး (KNOWLEDGE SHARING) CONTENT များ ဖန်တီးခြင်း။

• VIDEO များတွင် စာတန်း၊ အသံ၊ နောက်ခံတေးဂီတနှင့် လိုအပ်သော EFFECT များ ထည့်သွင်းတည်းဖြတ်ခြင်း။

• SOCIAL MEDIA POST DESIGN၊ CAPTION နှင့် VIDEO SCRIPT များ ပြင်ဆင်ရေးသားခြင်း။

• သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ အချက်အလက်မှန်ကန်မှု စစ်ဆေးပြီး အတည်ပြုထားသော CONTENT များကို အချိန်မီတင်ခြင်း။

• POST နှင့် VIDEO များ၏ ကြည့်ရှုမှု၊ စိတ်ဝင်စားတုံ့ပြန်မှုတို့ကို စောင့်ကြည့်ပြီး တိုးတက်စေရန် အကြံပြုဆောင်ရွက်ခြင်း။

Requirements

• ENGLISH စာကို အခြေခံနားလည် တတ်ကျွမ်းရမည်။

• SOCIAL MEDIA CONTENT CREATION၊ GRAPHIC DESIGN နှင့် VIDEO EDITING အတွေ့အကြုံရှိသူ။

• CAPCUT၊ ADOBE PREMIERE PRO သို့မဟုတ် အလားတူ VIDEO EDITING SOFTWARE တစ်မျိုးမျိုးကို ကျွမ်းကျင်စွာ အသုံးပြုနိုင်သူ။

• CANVA၊ PHOTOSHOP သို့မဟုတ် ILLUSTRATOR ဖြင့် SOCIAL MEDIA DESIGN များ ဖန်တီးနိုင်သူ။

• ဖုန်း/ကင်မရာဖြင့် ပုံနှင့်ဗီဒီယို ရိုက်ကူးနိုင်ပြီး ရိုက်ကူးမည့်အကြောင်းအရာ၊ မြင်ကွင်းနှင့် အလင်းအမှောင်တို့ကို စီစဉ်နိုင်သူ။

• မြန်မာစာ CAPTION နှင့် ရိုးရှင်းထိရောက်သော VIDEO SCRIPT များ ရေးသားနိုင်သူ။

• ကိုယ်ပိုင်အကြံဉာဏ်ရှိပြီး အလုပ်များကို ဦးစားပေးစီစဉ်ကာ သတ်မှတ်ချိန်အတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်သူ။

• ချပေးသော DATA GUIDELINE ပေါ်မူတည်ပြီး CONTENT ဖန်တီးပေးနိုင်ရမည်။

• သွက်လက်တက်ကြွပြီး SELF MOLTIVATED လုပ်နိုင်သူ၊ TEAMWORK ကောင်းသူ ဖြစ်ရမည်။

• ENGINEERING FIELD တွင်လုပ်ကိုင်ဖူးသူ ၊ SOLAR၊ ELECTRICAL CONTENT ဖန်တီးဖူးသူကို ဦးစားပေးမည်။

How to apply

လုပ်ငန်းခွင်ဆိုင်ရာ အချက်အလက်များ

• လစာ - ညှိနှိုင်း (အတွေ့အကြုံပေါ်မူတည်၍ ညှိနှိုင်းပေးမည်)

• အလုပ်ချိန် - နံနက် ၀၈:၀၀ မှ ညနေ ၁၇:၀၀ နာရီအထိ

• ပိတ်ရက် - စနေ (တစ်ပတ်ခြား)၊ တနင်္ဂနွေ နှင့် အစိုးရရုံးပိတ်ရက်များ

• လုပ်ငန်းခွင်နေရာ - ဝေဇယန္တာလမ်း၊ တောင်ဥက္ကလာ

လျှောက်ထားရန် - စိတ်ပါဝင်စားသူများသည် CV နှင့်အတူ မိမိကိုယ်တိုင် ဖန်တီးထားသော DESIGN နမူနာများနှင့် VIDEO နမူနာ အနည်းဆုံး ၂ ခု ကို Viber = 09-452103063 သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။

နမူနာများတွင် မိမိတာဝန်ယူခဲ့သောအပိုင်းကိုလည်း ဖော်ပြပေးပါရန်


Never pay any fee to apply for a job. အလုပ်လျှောက်ရန် ငွေမပေးပါနှင့်။

DIGITAL MARKETING & CONTENT CREATOR (PHOTO / VIDEO)KTK Electrical Engineering Company Ltd
Apply now