
Job Description
● ကြမ်းခင်းများအား ဖုန်စုပ်ခြင်း၊တံမြက်စည်းလှဲခြင်း၊ ရေသုတ်ဝတ်ဆွဲခြင်း။
● မျက်နှာကျက်များ၊ မီးလုံးများ၊ မှန်များ၊ ပရိဘောဂ များ ဖုန်သုတ်ခြင်း၊ သန့်ရှင်းရေးပြုလုပ်ခြင်း။
● အိမ်သာ၊ ဘေစင်များ တိုက်ခြင်း၊ ထမင်းစားခန်းများ သန့်ရှင်းရေး ပြုလုပ်ခြင်း၊ ကျန်းမာရေးနှင့် လျှော်ညီအောင် လုပ်ကိုင် ဆောင်ရွက်ခြင်း။
● အမှိုက်များအား စနစ်တကျ စွန့်ပစ်ခြင်းနှင့် အမှိုက်များ အချိန်နှင့် တပြေးညီ ရှင်းလင်းခြင်း။
● ပြတင်းပေါက်များ ၊ တံခါးပေါက်များ၊ လိုက်ကာများ သန့်ရှင်းရေး ပြုလုပ်ခြင်း၊
● သန့်ရှင်းရေးပစ္စည်းများ လက်ကျန်နည်းနေခြင်း၊ ပျက်စီးခြင်းများ ဖြစ်ပေါ်ပါက မိမိ၏ ကြီးကြပ်သူထံ ကြိုတင် အကြောင်းကြားခြင်း။
● သန့်ရှင်းရေးပြုလုပ်နေစဉ်ကာလအတွင်း အပျက်အစီး တခုခု တွေ့ရှိပါက ကြီးကြပ်ဝန်ထမ်းမှ တဆင့် Admin Department သို့ မပျက်မကွက် အကြောင်းကြားခြင်း။
● ဒါရိုက်တာ အဖွဲ့ဝင်များအတွက် အစားအသောက်ပြင်ဆင်ပေးခြင်း၊ဝယ်ယူခြင်းနှင့် အခြားလိုအပ်သည်များ ဆောင်ရွက်ပေးရခြင်း။
Requirements
● အခြေခံပညာ အလယ်တန်းအဆင့် အောင်မြင်ရမည်။
● သက်ဆိုင်ရာလုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၆) လ ရှိရမည်။
● သန့်ရှင်းရေးနှင့် ဆိုင်သည့် ဆက်စပ်ပစ္စည်းများ၊ ဆေးရည်များ ကျွမ်းကျင်စွာ အသုံးပြုတတ်ရမည်။
● လုပ်ငန်းလိုအပ်ချက်အရ အချိန်ပိုဆင်းခြင်း(မနက်/ည)၊ ပိတ်ရက် အချိန်ပိုဆင်းခြင်းနှင့် အထက်မှ ပေးအပ်သည်အား တာဝန်များအား ဆောင်ရွက်နိုင်ရမည်။
● ရိုးသား ကြိုးစားရမည်။
● သန့်ရှင်းရေး တာဝန်များအား အချိန်မှီ ပြီးစီးအောင် ဆောင်ရွက်နိုင်ရမည်။
● သန့်ရှင်းသပ်ရပ်စွာ ဝတ်စားဆင်ယင် တတ်ရမည်။
● သန့်ရှင်းရေး သုံး ပစ္စည်းများအား ကောင်းမွန်စွာ အသုံးပြုနိုင်ရမည်။
