
Job Description
● မနက်ဝာာဝန်အတွက် မနက် (၈း၃၀) မှ ညနေ (၅)နာရီ တကြိမ်၊ ညတာဝန်အတွက် ညနေ (၄း၃၀) မှ မနက် (၉း၀၀) ထိ အလှည့်ကျ တာဝန်ထမ်းဆောင်ရမည်။
● မိမိတာဝန်ချချိန်အတွင်း ကုမ္ပဏီပိုင်ပစ္စည်းများ၊ရုံးသုံးပစ္စည်းများ ပျောက်ဆုံး၊ ပျက်စီးမှု မရှိစေရန် လုံခြုံရေး အား အထူးဂရုစိုက်ဆောင်ရွက်ရမည်။
● ရုံးချိန်အတွင်း ရုံးခန်းသို့ လာသည့် ဧည့်သည်များအား လိုအပ်သည့် စုံစမ်းမေးမြန်းမှုများ လုပ်ဆောင်ရမည်။
● ရုံးဝန်ထမ်းများ အလုပ်တာဝန်ပြီးဆုံးချိန်တွင် အဲကွန်းများ၊ မီးများ၊ လျှပ်စစ်ပစ္စည်းများ ပိတ်ထားခြင်း ရှိ/မရှိ စေ့စပ်သေချာစွာ စစ်ဆေးရမည်။
● ရုံးချိန် မဟုတ်သည့် ပြင်ပအချိန်တွင် ရုံးသို့ လာရောက်သည့် ဝန်ထမ်းများ၊ ပြင်ပဧည့်သည်များ စာရင်းအား စာရင်းသွင်းမှတ်သားထားရမည်။
● ရုံးကားများ၏ သော့များ၊ ရုံးခန်းများ၏ သော့များအား စနစ်တကျ ထိန်းသိမ်းရမည်။
● မသင်္ကာစရာ (သို့) အန္တရာယ်တစုံတခု ကြုံတွေ့ပါက မိမိကြီးကြပ်သူထံ အချိန်နှင့် တပြေးညီ အကြောင်း ကြားရမည်။
● လုံခြုံရေးဝန်ထမ်းများ တာဝန်လွှဲပြောင်းချိန်တွင် ဝင်/ထွက်မှတ်တမ်းထားရှိပြီးစနစ်တကျ ဆောင်ရွက်ရမည်။
● လုပ်ငန်းလိုအပ်ချက်အရ လုပ်ဆောင်ခိုင်းသည့် လုပ်ငန်းတာဝန်များကို ကူညီဆောင်ရွက်ပေးနိုင်ရမည်။
● လုပ်ငန်းတာဝန်ချိန်အတွင်း အရက်သေစာ သောက်စားခြင်း၊ ကွမ်းစားခြင်း၊ ဆေးလိပ်သောက်ခြင်း စသည်တို့ကိုရှောင်ကျဥ်ရမည်။
Requirements
● တာဝန်ကျဇယားအတိုင်း အလှည့်ကျစနစ်ဖြင့် စနေ၊တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက်များပါ တာဝန် ထမ်းဆောင် နိုင်ရမည်။
● အမိန့်နာခံတတ်ရမည်။
● ကျန်းမာရေးကောင်းမွန်ပြီး ခန္ဓာကိုယ်သန်စွမ်းရမည်။
● ရုံးဝန်ထမ်းများအား အကူညီ လိုအပ်ပါက ကူညီဆောင်ရွက်ရမည်။
● ဆက်ဆံရေးပြေပြစ်ရမည်။
