- Category
- Other
- Position
- Other
- Openings
- 1
- Gender
- male
- Apply before
- 23 Nov 2026
Job description
မော်တော်ယာဉ်များအားလုံး ကောင်းမွန်စွာ ထိန်းသိမ်းရန်နှင့် လုပ်ငန်းခွင်အတွင်း အဆင်ပြေချောမွေ့အောင် စီမံဆောင်ရွက်ပေးရန်။
စက်ရပ်ချိန်အနည်းဆုံးဖြစ်စေရန်အတွက် ပုံမှန်စစ်ဆေးခြင်း၊ ဝန်ဆောင်မှုပေးခြင်းနှင့် ပြုပြင်ခြင်းများကို အချိန် ဇယားဆွဲ၍ ဆောင်ရွက်ရန်။
မော်တော်ယာဉ်များ ငှားရမ်းခြင်း၊ ဝယ်ယူခြင်း၊ ကြံ့ခိုင်မှု စစ်ဆေးခြင်း၊ ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ရန်။
မော်တော်ယာဉ်ပြင်ဆင်ရာတွင် ပြင်ဆင်သည့်အစိတ်အပိုင်းသာမက ဆက်စပ်အစိတ်အပိုင်းများပါ တပါတည်း စစ်ဆေးပေးရန်။
သတ်မှတ်ထားသော Budget အလိုက် မော်တော်ယာဉ်ပြင်ဆင်ခွင့်များကို စစ်ဆေးခြင်း လိုအပ်သည်များကို ပြင်ဆင်ရန်အတွက် စီစဉ်တင်ပြရန်။
မော်တော်ယာဉ်တစ်စီးချင်းစီအလိုက် ယာဉ်ပြင်ဆင်ခွင့်မှတ်တမ်းများကို ပြည့်စုံစွာထားရှိရန်။ လစဉ်အလိုက် ပြင်ဆင်မှုစရိတ်များကို လစဉ် (3) ရက်နေ့တိုင်း ပုံမှန်လချုပ်များကို Manager ထံသို့ တင်ပြရန်
ပြုပြင်ပြီးစီးသောမော်တော်ယာဉ်အား ဝန်ကျယာဉ်မောင်းနှင့်သွားရောက်စစ်ဆေးခြင်းများပြုလုပ်ပေးရန်။
စက်သုံးဆီသုံးစွဲမှုကို စောင့်ကြည့်ပြီး ကုန်ကျစရိတ်သက်သာစေသော အစီအမံများကို စောင့်ကြည့်စစ်ဆေးရန်။
ယာဉ်ကိုင်တွယ်မှု၊ ဘေးကင်းရေး နှင့် ဆီစားသက်သာမှုဆိုင်ရာများအား ယာဉ်မောင်းများအတွက် လေ့ကျင့်ရေး အစီအစဉ်များ ပြုလုပ်ဆောင်ရွက်ရန်။
ယာဉ်မှတ်ပုံတင်ခြင်း၊ ပြုပြင်ထိန်းသိမ်းမှုမှတ်တမ်းများ၊ လောင်စာဆီသုံးစွဲမှုနှင့် မတော်တဆမှု အစီရင်ခံစာ မှတ်တမ်းများကို ထိန်းသိမ်းပြီး လစဉ်တင်ပြရန်။
ယာဉ်များ၊ အပိုပစ္စည်းများနှင့် ပစ္စည်းစာရင်းကို ထိန်းသိမ်းထားရန်။
ယာဉ်အန္တရာယ်ကင်းရှင်းမှုနှင့် ကုမ္ပဏီမူဝါဒများကို လိုက်နာမှုရှိစေရန် ယာဉ်မောင်း၏စွမ်းဆောင်ရည်ကို စောင့်ကြည့်ရန်။
မော်တော်ယာဉ်အားလုံးသည် ဥပဒေနှင့် စည်းကမ်းသတ်မှတ်ချက်များ (အာမခံ၊ ပါမစ်၊ လမ်းခွန်စသည်) နှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးပြီး လိုအပ်ချက်များရှိပါက အထက်လူကြီးထံသို့ တင်ပြရန်။
လုပ်ငန်းဆောင်ရွက်မှုများအတွက် မော်တော်ယာဉ်အချိန်မီအသုံးပြုနိုင်မှုသေချာစေရန် အခြားဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ရန်။
အရေးပေါ်ပျက်သော မော်တော်ယာဉ်များအားနည်းလမ်းတကျ ကိုင်တွယ်ပြီး အမြန်ပြုပြင်ရန် သို့မဟုတ် အစားထိုးမှုများပြုလုပ်ရန်။
Event Activities, Promotion ပွဲများရှိပါက Admin ပိုင်းဆိုင်ရာကိစ္စရပ်များတွင် ပါဝင်ဆောင်ရွက်နိုင် ရမည်။
Department တိုင်းရှိ ဝန်ထမ်းများလုပ်ငန်းအဆင်ပြေရန် Admin နှင့်သက်ဆိုင်သောကိစ္စရပ်များ အားလုံး ပူးပေါင်းဆောင်ရွက်ရန်။
ယာဉ်မတော်တဆမှုများကို စုံစမ်းစစ်ဆေးခြင်း၊ အစီရင်ခံစာများပြင်ဆင်ခြင်း၊ အာမခံပေးသူများနှင့် ချိတ်ဆက် ဆောင်ရွက်ရန်။
ဘေးကင်းရေးမူဝါဒများကို အကောင်အထည်ဖော်ပြီး ယာဉ်မောင်းများသည် လမ်းစည်းကမ်းများကို လိုက်နာမှု ရှိ/မရှိအား စစ်ဆေးရန်နှင့် လိုအပ်ပါက Admin Manager ထံ တင်ပြရန်။
ဘေးကင်းရေးစစ်ဆေးမှုများနှင့် မော်တော်ယာဉ်ပျက်စီးမှုများအား စောင့်ကြည့်စစ်ဆေးရန်နှင့် ထူးခြားဖြစ်စဉ် ရှိပါက အစီရင်ခံတင်ပြရန်။
ယာဉ်မတော်တဆဖြစ်မှုများဖြစ်ပေါ်လာပါက Ground သို့ လိုက်လံဖြေရှင်းပေးရန်။
Reporting
အပတ်စဉ်စနေနေ့တိုင်း ယာဉ်၏အခြေအနေများကို တစ်ပတ်စာ Report တင်ပေးရန်။
လစဉ်ဆီကီလိုများကို တွက်ချက်စစ်ဆေးပေးရန် တင်ပြပေးရန်။
လစဉ် မော်တော်ယာဉ်ကုန်ကျစရိတ်များအား Report တင်ရန်။
Requirements
Qualification Required : Valid driver’s license; additional certifications in transport management are a plus.
Work Experience : 3+ years in fleet management, vehicle maintenance, or transport supervision
Skill : Knowledge of vehicle mechanics, GPS tracking, and fleet management software
: Strong organizational, communication, and leadership abilities
How to apply
အလုပ်ချိန် - နံနက်(၈ : ၃၀)နာရီမှ ညနေ(၅ : ၀၀)နာရီထိ
Uniform , Ferry Provided
လစာနှင့် အခြားခံစားခွင့်များ
အလုပ်ပိတ်ရက်- တနင်္ဂနွေ နှင့် အစိုးရရုံးပိတ်ရက်
စိတ်ပါဝင်စား၍လျှောက်ထားလိုပါက _
Mail: goodnumberone641@gmail.com
Phone and Viber (09-897407970)
ကိုယ်တိုင်လာရောက်လျှောက်ထားလိုပါက -
ရန်ကုန်ရုံးချုပ်လိပ်စာ- အမှတ်(၇၉)၊ ရှုခင်းသာလမ်းနှင့် ခရေ (၄)လမ်းထောင့်၊ ပင်လုံအိမ်ရာအပိုင်း (၄)၊ (၂၇)ရပ်ကွက်၊ မြောက်ဒဂုံမြိုနယ်။
Never pay any fee to apply for a job. အလုပ်လျှောက်ရန် ငွေမပေးပါနှင့်။


