- Category
- Cleaning
- Position
- သန့်ရှင်းရေး
- Openings
- 5
- Gender
- female
- Apply before
- 23 Nov 2026
Job description
ဌာန – အထွေထွေအုပ်ချုပ်ရေးဌာန (Administration Department)
အလုပ်နေရာ – အရှေ့ဒဂုံမြို့နယ်။
၁။ အလုပ်တာဝန်များ (Job Responsibilities)
ကုမ္ပဏီရုံးခန်း၊ စက်ရုံနှင့် သတ်မှတ်ထားသော နေရာများကို နေ့စဉ် သန့်ရှင်းသပ်ရပ်အောင် ဆောင်ရွက်ရမည်။
ရုံးခန်းကြမ်းခင်း၊ စားပွဲ၊ ကုလားထိုင်၊ ပြတင်းပေါက်နှင့် အသုံးအဆောင်ပစ္စည်းများကို ပုံမှန် သန့်ရှင်းရေး ပြုလုပ်ရမည်။
အမှိုက်များကို စနစ်တကျ စွန့်ပစ်ပြီး အမှိုက်ပုံးများကို ပုံမှန်သန့်ရှင်းရေး ပြုလုပ်ရမည်။
ရုံးခန်းနှင့် စက်ရုံရှိ သန့်စင်ခန်းများကို သန့်ရှင်းမှုရှိစေရန် ပုံမှန်ဆေးကြောသန့်စင်ရမည်။
ဝန်ထမ်းများ အသုံးပြုသော စားသောက်ခန်း၊ အစည်းအဝေးခန်းနှင့် အများသုံးနေရာများ အားသန့်ရှင်းသပ်ရပ်အောင် ထိန်းသိမ်းရမည်။
လက်ဆေးဆပ်ပြာ၊ တစ်ရှူး၊ အမှိုက်အိတ်နှင့် အခြားသန့်ရှင်းရေးသုံးပစ္စည်းများ လုံလောက် မှုရှိစေရန် စစ်ဆေးရမည်။
သန့်ရှင်းရေးသုံးပစ္စည်းများကို စနစ်တကျ သိမ်းဆည်းထိန်းသိမ်းပြီး အလေအလွင့်မရှိစေရန် အသုံးပြုရမည်။
သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်ထားသော ဘေးကင်းလုံခြုံရေး စည်း မျဉ်းများကို လိုက်နာရမည်။
သန့်ရှင်းရေးသုံးပစ္စည်းများနှင့် စက်ပစ္စည်းများကို သတ်မှတ်ထားသော နည်းလမ်းများအတိုင်း စနစ်တကျ အသုံးပြုရမည်။
အထက်အရာရှိမှ ပေးအပ်သော သန့်ရှင်းရေးနှင့် သက်ဆိုင်သည့် အခြားတာဝန်များကိုလည်း ဆောင်ရွက်ရမည်။
Requirements
- အခြေခံပညာအရည်အချင်းရှိသူ ဖြစ်ရမည်။
- သန့်ရှင်းရေးလုပ်ငန်းအတွေ့အကြုံရှိသူ ဦးစားပေးမည်။
- သန့်ရှင်းရေးလုပ်ငန်းများကို စိတ်ပါဝင်စားပြီး စနစ်တကျ လုပ်ကိုင်နိုင်သူ ဖြစ်ရမည်။
- ရိုးသားမှု၊ တာဝန်ယူမှုနှင့် အလုပ်အပေါ် ကြိုးစားလိုစိတ်ရှိသူ ဖြစ်ရမည်။
- အချိန်တိကျပြီး ကုမ္ပဏီ၏ စည်းမျဉ်းစည်းကမ်းများကို လိုက်နာနိုင်သူ ဖြစ်ရမည်။
- ကျန်းမာရေးကောင်းမွန်ပြီး သန့်ရှင်းရေးလုပ်ငန်းများကို လုပ်ကိုင်နိုင်သူ ဖြစ်ရမည်။
- အဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်နိုင်သူ ဖြစ်ရမည်။
- အထက်အရာရှိ၏ ညွှန်ကြားချက်များကို နားလည်လိုက်နာနိုင်သူ ဖြစ်ရမည်။
၃။ အဓိကထားရှိရမည့် အရည်အသွေးများ
သန့်ရှင်းသပ်ရပ်မှု (Cleanliness) – လုပ်ငန်းခွင်ကို အမြဲသန့်ရှင်းသပ်ရပ်စွာ ထိန်းသိမ်းနိုင်ခြင်း။
တာဝန်ယူမှု(Responsibility) – ပေးအပ်ထားသော တာဝန်များကို ကျေပွန်စွာ ထမ်းဆောင် ခြင်း။
အချိန်တိကျမှု (Punctuality) – သတ်မှတ်ထားသော အလုပ်ချိန်ကို လိုက်နာခြင်း။
စည်းကမ်းလိုက်နာမှု (Discipline) – ကုမ္ပဏီ၏ စည်းမျဉ်းစည်းကမ်းများကို လိုက်နာခြင်း။
ပူးပေါင်းဆောင်ရွက်မှု(Teamwork)–လုပ်ဖော်ကိုင်ဖက်များနှင့် အဆင်ပြေစွာ ပူးပေါင်းလုပ် ဆောင်ခြင်း။
How to apply
📞 လျှောက်ထားရန် ဆက်သွယ်ရန် – [09-43077506] ရုံးချိန်အတွင်းသာ
ဖော်ပြပါ Position အားလုံးအတွက် အရှေ့ဒဂုံနှင့် နီးသူများ ဦးစားပေးပါမည်။
Never pay any fee to apply for a job. အလုပ်လျှောက်ရန် ငွေမပေးပါနှင့်။




