
Job Description
- အခွန်တံဆိပ်ခေါင်းကပ်သည့် ကိစ္စများဆောင်ရွက်ရန်အတွက် သက်ဆိုင်ရာ အခွန်ရုံးများသို့ သွားရောက်ရမည်။
- ကုမ္ပဏီနှင့်ပတ်သက်သောစာချုပ်စာတမ်းများ မှတ်တမ်းတင်ထိန်းသိမ်းရာတွင် Tax Manager နှင့် အတူ ကူညီလုပ်ဆောင်ရမည်။
- အခွန်တံဆိပ်ခေါင်းကပ်ရန်နှင့် အခွန်နှင့်ပတ်သက်သောစာရွက်စာတမ်းများ ပြင်ဆင်ရာတွင် ကူညီဆောင်ရွက် ရမည်။
- Annual return တင်သည့် process များကို Tax Manager နှင့် တွဲဖက်၍ ဆောင်ရွက်ရမည်။
- Management မှ ပေးအပ်သောတာဝန်များကို ဆောင်ရွက်ရမည်။
Requirements
- တက္ကသိုလ်မှဘွဲ့တခုခုရရှိပြီးသူ၊ LCCI Level 2, 3 (UK) Diploma ရရှိပြီးသူ သို့မဟုတ် B.Com ဘွဲ့ ရရှိပြီးသူ
- အခွန်နှင့်ပတ်သက်၍ စိတ်ဝင်စားမှုရှိသူဖြစ်ရမည်၊ သက်ဆိုင်ရာ အခွန်ရုံးများနှင့် အစိုးရရုံးများသို့ ဆက်သွယ် သွားလာဆောင်ရွက်ရန် စိတ်ပါဝင်စားသူ
- ပေါင်းသင်းဆက်ဆံရေးကောင်းမွန်သူ၊ သင်ယူလေ့လာလိုစိတ်ရှိသူ
- Microsoft Word, Excel နှင့် Myanmar Typing ကျွမ်းကျင်သူ
- အလုံမြို့နယ်တွင် အလုပ်ဆင်းနိုင်သူဖြစ်ရမည်။
