- Category
- Storekeeper
- Position
- Storekeeper
- Openings
- 1
- Gender
- male & female
- Apply before
- 18 Nov 2026
Job description
📌 ရာထူးတာဝန်ဝတ္တရားများ (Responsibilities)
ကုန်ပစ္စည်း လက်ခံခြင်းနှင့် စစ်ဆေးခြင်း: စက်ရုံသို့ ရောက်ရှိလာသော ကုန်ကြမ်းများ (Raw Materials)၊ စက်ပစ္စည်း အပိုပစ္စည်းများနှင့် အခြားပစ္စည်းများကို Delivery Note / Invoice များဖြင့် အရေအတွက်နှင့် အရည်အသွေး မှန်ကန်မှု ရှိ/မရှိ စနစ်တကျ စစ်ဆေးလက်ခံခြင်း။
စနစ်တကျ သိုလှောင်ခြင်း: ပစ္စည်းများကို ပျက်စီးလွယ်မှုနှင့် အမျိုးအစားအလိုက် သတ်မှတ်ထားသော စင်များ၊ နေရာများတွင် စနစ်တကျ နေရာချထားခြင်း (Locating & Organizing)။
ပစ္စည်း ထုတ်ပေးခြင်း: စက်ရုံထုတ်လုပ်မှုလိုင်း (Production Line) သို့မဟုတ် သက်ဆိုင်ရာ ဌာနများမှ တောင်းခံလွှာ (Requisition Slip) ပါရှိမှသာ ပစ္စည်းများကို စနစ်တကျ ထုတ်ပေးခြင်း။
စာရင်းဇယား ထိန်းသိမ်းခြင်း: ပစ္စည်းအဝင်/အထွက် စာရင်းများကို Bin Card များ၊ Excel သို့မဟုတ် စတိုဆော့ဖ်ဝဲလ် (ERP/Inventory System) ထဲတွင် နေ့စဉ် Update ဖြစ်အောင် စာရင်းသွင်းခြင်း။
လက်ကျန်စစ်ဆေးခြင်း (Stock Counting): လစဉ် သို့မဟုတ် သတ်မှတ်ထားသည့် အချိန်အလိုက် စတိုအတွင်းရှိ ပစ္စည်းအစစ်အမှန်များနှင့် စာရင်းပါ အရေအတွက် ကိုက်ညီမှု ရှိ/မရှိ Physical Stock Count စစ်ဆေးခြင်း။
အစီရင်ခံစာ တင်ပြခြင်း: ပစ္စည်းပြတ်လပ်မှု မရှိစေရန် အနိမ့်ဆုံးထားရမယ့် စတော့အဆင့် (Minimum Stock Level) ကို စောင့်ကြည့်ပြီး ပစ္စည်းမှာယူရန် နှိုးဆော်ခြင်းနှင့် လစဉ် စတော့အစီရင်ခံစာကို မန်နေဂျာထံ တင်ပြခြင်း။
သန့်ရှင်းရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး: စတိုဂိုဒေါင်အတွင်း သန့်ရှင်းသပ်ရပ်မှု ရှိစေရန်နှင့် မီးဘေးအန္တရာယ် အပါအဝင် ဘေးအန္တရာယ်ကင်းရှင်းရေး စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ခြင်း။
Requirements
ပညာအရည်အချင်း: ဆယ်တန်းအောင် (သို့မဟုတ်) ဘွဲ့ရဖြစ်ရမည်။
( လုပ်ငန်းအတွေ့ကြုံရှိသူ ပိုဦးစားပေးမည်။)
လုပ်ငန်းအတွေ့အကြုံ: စက်ရုံစတိုပိုင်းတွင် လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၁) နှစ်အထက် ရှိရမည်။
ကျွမ်းကျင်မှု: ကွန်ပျူတာ (Microsoft Excel, Word) အခြေခံ အသုံးပြုနိုင်ရမည်။
(စတိုဆော့ဖ်ဝဲလ် သုံးဖူးသူကို ပိုဦးစားပေးမည်။)
အကျင့်စာရိတ္တ: ရိုးသားဖြောင့်မတ်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ရှိသူ ဖြစ်ရမည်။
အခြားအရည်အချင်း: လူအများနှင့် ဆက်ဆံရေးပြေပြစ်ပြီး အဖွဲ့အစည်းနှင့် ပူးပေါင်းလုပ်ဆောင်နိုင်သူ ဖြစ်ရမည်။
ပစ္စည်းအဝင်အထွက်များကို သေချာဂရုစိုက်နိုင်သည့် စေ့စပ်သေချာမှု ရှိရမည်။
💼 ခံစားခွင့်များနှင့် လုပ်ငန်းခွင်အခြေအနေ (Benefits)
လစာ: (လုပ်ငန်းအတွေ့အကြုံအပေါ် မူတည်၍ ညှိနှိုင်း)
*လုပ်ကိုင်ရမည့်မြို့နယ်
-*ရွှေပြည်သာ*
How to apply
Office လိပ်စာ [တိုက် (၈) , အခန်း (၄) ၊ ဦးဝိစာရ အိမ်ယာ ၊ မင်းမနိုင်ရပ်ကွက် ၊ ဒဂုံမြို့နယ်]
( 8:30 AM to 5:00 PM )
Sun day & Public Holiday
Viber - 09771329860,
09676389953
09751532254
Email -
treefoodmanager@gmail.com info.goodgoodcoffee@gmail.com, padaytharsales@gmail.com
Never pay any fee to apply for a job. အလုပ်လျှောက်ရန် ငွေမပေးပါနှင့်။




