
Job Description
• နေ့စဉ် ငွေစာရင်းဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များကို စစ်ဆေးခြင်း၊ စာရင်းသွင်းခြင်းနှင့် မှတ်တမ်း တင်ခြင်း။
• ရရန်စာရင်း၊ ပေးရန်စာရင်း၊ ငွေသားစာရင်းနှင့် ဘဏ်စာရင်းများကို စီမံခန့်ခွဲခြင်း၊ Bank Reconciliation များ ဆောင်ရွက်ခြင်း။
• အသုံးစရိတ်စာရင်းများ၊ ကုန်ပစ္စည်းလက်ကျန်စာရင်းများနှင့် ဂိုဒေါင်ဆိုင်ရာ အချက်အလက်များကို စစ်ဆေးထိန်းသိမ်းခြင်း။
• ထုတ်လုပ်မှုကုန်ကျစရိတ်ဆိုင်ရာ အချက်အလက်များကို စုစည်း၍ စီမံခန့်ခွဲခြင်း။
• လစဉ် ဘဏ္ဍာရေးအစီရင်ခံစာများ ပြုစုရာတွင် ပါဝင်ကူညီဆောင်ရွက်ခြင်း။
• ငွေစာရင်းဆိုင်ရာ စာရွက်စာတမ်းများကို စနစ်တကျ ပြုစုသိမ်းဆည်းခြင်း၊ Audit နှင့် Tax ဆိုင်ရာ လုပ်ငန်းများအတွက် လိုအပ်သော အချက်အလက်များ ပြင်ဆင်ပေးခြင်း။
• Accounting Software တွင် Data Entry ပြုလုပ်ခြင်း၊ Report များ ထုတ်ယူခြင်းနှင့် အတွင်းပိုင်း ထိန်းချုပ်မှုစနစ်များကို လိုက်နာဆောင်ရွက်ခြင်း။
• သတ်မှတ်ထားသော deadline များအတွင်း အလုပ်ပြီးစီးနိုင်ရမည်။
• Chief Accountant ၏ ညွှန်ကြားချက်များ ဆောင်ရွက်ပေးခြင်း။
Requirements
• Accounting, Finance သိုမဟုတ် သက်ဆိုင်ရာ နယ်ပယ်တွင် ဒီပလိုမာ သိုမဟုတ် ဘွဲရရှိထားသူ
• LCCI Level II / III သို့မဟုတ် ACCA Part I (Preferred)
• Accounting field တွင် အနည်းဆုံး ၃ နှစ် အတွေ့အကြုံရှိရမည်။
• Manufacturing Company တွင် အတွေ့အကြုံရှိသူ ဦးစားပေးမည်။
• Accounting Software, Microsoft Excel (Advanced), Microsoft Word ကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည်။
• အသေးစိတ်ကို အာရုံစိုက်နိုင်ပြီး တိကျမှန်ကန်မှုရှိရမည်။
• အဖွဲ့လိုက် အလုပ်လုပ်နိုင်ပြီး communication ကောင်းမွန်ရမည်။