
Job Description
- သက်ဆိုင်ရာဌာနအသီးသီး၏ ငွေပေး/ငွေယူ ကိစ္စရပ်များဆောင်ရွက်ခြင်း။
- နိုင်ငံခြားငွေလွှဲကိစ္စရပ်များအား တာဝန်ယူဆောင်ရွက်ခြင်း။
- ငွေကြေးကိစ္စရပ်များနှင့် ဘဏ်ကိစ္စရပ်များ တာဝန်ယူဆောင်ရွက်ခြင်း။
- နေ့စဉ်အသုံးစရိတ်များအား စီမံဆောင်ရွက်ခြင်းနှင့် အသေးသုံးစရိတ်များ စိစစ်ခြင်း၊ စာရင်းသွင်းခြင်း။
- အရောင်းဌာန၏ ဝင်ငွေနှင့် အသုံးစရိတ်များအား စစ်ဆေးခြင်းနှင့် ကော်မရှင်ကိစ္စရပ်များဆောင်ရွက်ခြင်း။
- ကုန်ကြမ်းများဝယ်ယူခြင်းနှင့် ငွေပေးချေခြင်းနှင့် စျေးနှုန်းတွက်ချက်ခြင်းကိစ္စရပ်များဆောင်ရွက်ခြင်း။
- သက်ဆိုင်သော ငှားရမ်းစာချုပ်များပြင်ဆင်ခြင်းနှင့် ငွေပေးချေမှုများ ဆောင်ရွက်ခြင်း။
- ဝင်ငွေ/ထွက်ငွေများကို သက်ဆိုင်ရာခေါင်းစဥ်များအောက်တွင် စာရင်းသွင်းခြင်း၊ Closing Balance များတိုက်ဆိုင် စစ်ဆေး၍ သက်ဆိုင်ရာမန်နေဂျာထံသို့တင်ပြခြင်း။
- Financial Year Audit စစ်ရန်အတွက် ဘဏ်စာရင်းများထုတ်ပေးခြင်းနှင့်အတူ လိုအပ်သည်များ စီစဥ်ဆောင်ရွက် ပေးခြင်း။
- Company ၏ ရရန်ရှိ စာရင်းများအား Sales တာဝန်ခံများနှင့် တိုက်ဆိုင်စစ်ဆေးခြင်း။
- လုပ်ငန်းတာဝန်များပြီးမြောက်စေရန်အတွက် သက်ဆိုင်ရာမန်နေဂျာနှင့်အတူ တွဲဖက်လုပ်ဆောင်ခြင်း၊
- သက်ဆိုင်ရာတာဝန်ခံမှပေးအပ်သော အခြားသက်ဆိုင်ရာတာဝန်များဆောင်ရွက်ခြင်း။
Requirements
- ဘွဲ့တစ်ခုခုရရှိပြီးသူ (သို့) Accounting နှင့် ပတ်သက်သော Bachelor Degree ရရှိထားသူ (သို့) Finance Management Diploma ရရှိထားသူဖြစ်ရမည်။
- LCCI Level ( 2 / 3 ) ရရှိထားသူဖြစ်ရမည်။
- Accounting Software များကျွမ်းကျင်စွာ သုံးတတ်သူဖြစ်ရမည်။
- Microsoft Word / Advance Excel / Power Point ကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည်။
- Accounting နှင့် ပတ်သတ်သော စည်းမျည်းများကို ကောင်းစွာနားလည်သူဖြစ်ရမည်။
- သက်ဆိုင်ရာ လုပ်ငန်းအတွေ့အကြုံ (၂ ~ ၃) နှစ်ရှိ၍ စိတ်ပါဝင်စားသူ၊ လေ့လာသင်ယူလိုစိတ်ရှိသူဖြစ်ရမည်။
- အကျင့်စာရိတ္တကောင်းမွန်၍ စကားပြောပြေပြစ်သူ၊ စိတ်ရှည်သည်းခံနိုင်သူဖြစ်ရမည်။
- တက်ကြွစွာ ပူးပေါင်းဆောင်ရွက်နိုင်သူ၊ လုပ်ငန်းနှင့်ဆက်စပ်နေသော အဖွဲ့အစည်းများ (သို့) သက်ဆိုင်ရာဌာန များနှင့် ပူးပေါင်းဆောင်ရွက်နိုင်သူဖြစ်ရမည်။