Job Description
၂၀၂၆ ~ ၂၀၂၇ ပညာသင်နှစ်အတွက်အတူတကွလက်တွဲပူးပေါင်းတာဝန်ထမ်းဆောင်ရန် School Bus Teacher များကို My Orchard Private School (ကမာရွတ်၊ လှိုင်၊ သင်္ဃန်းကျွန်း ၊ တောင်ဥက္ကလာ) ကျောင်းခွဲများအတွက် နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါသည်။
Requirements
လျှောက်ထားသူ၏ ပညာအရည်အချင်း (အနည်းဆုံး အထက်တန်းအောင်ဖြစ်ရမည်)
လိုအပ်သောအရည်အချင်းများ
• ကျောင်းမှချမှတ်ထားသည့် လုပ်ငန်းဆောင်တာများကို အတိအကျလိုက်နာဆောင်ရွက်နိုင်သူဖြစ်ရမည်။
• အကောင်းမြင်စိတ်ရှိသူဖြစ်၍ အများနှင့်လိုက်လျောညီထွေပြောဆိုဆက်ဆံနိုင်သူဖြစ်ရန်လိုအပ်ပါသည်။
• ကလေးများကို ချစ်ခင်တတ်၍ ကလေးများအပေါ်စိတ်ရှည်သည်းခံတတ်သူဖြစ်ရန်လိုအပ်ပါသည်။
• ပေါင်းသင်းဆက်ဆံရေးကောင်းမွန်၍ စကားပြောချိုသာသူဖြစ်ရမည်။
အလုပ်လျှောက်ထားသူများသည် ဖော်ပြထားသည့် အရည်အချင်းများနှင့် ကိုက်ညီမှုရှိလျှင် လျှောက်ထားနိုင်ပါသည်။
• အနည်းဆုံး ၂၀၂ ၆ - ၂၀၂၇ စာသင်နှစ် ပြီးဆုံးသည်အထိ လက်တွဲလုပ်ကိုင်နိုင်သူများကိုသာ (အဓိက) ရွေးချယ်ပါမည်။
• အသက် (၂၀ ~ ၃၅) နှစ်အတွင်းဖြစ်ရပါမည်။ ကျောင်း/ သင်တန်းကိစ္စ ကင်းရှင်းသူဖြစ်ရပါမည်။
• နီးစပ်ရာမြို့နယ်ရှိ ကျောင်းခွဲမှ Ferry များတွင် တာဝန်ချထားမည်ဖြစ်ပါသည်။
တာဝန်များ
• ကျောင်းဖွင့်လှစ်သည့်(မနက်ခင်း )ကျောင်းတက်ချိန်မတိုင်မှီ တာဝန်ချထားသည့် ကျောင်းကားတွင် လိုက်ပါစီးနင်းမည့်
ကလေးများအားခေါ်ဆောင်ရာတွင်စနစ်တကျကူညီဆောင်ရွက်ရပါမည်။
• ကျောင်းချိန်အတွင်းတွင် တာဝန်ကျရာ စာသင်ခန်းတွင် ဆရာမများအားကူညီခြင်းအပြင် ကျောင်းသူ/ကျောင်းသား များကို
စောင့်ကြည့်ကူညီခြင်းများကို စနစ်တကျဆောင်ရွက်ရပါမည်။
• ကျောင်းဆင်းချိန်တွင်မိမိတာဝန်ကျသည့်ကျောင်းကားတွင်လိုက်ပါစီးနင်းမည့်ကလေးဦးရေအတိအကျအားစစ်ဆေး၍ Ferry
ဖြင့်အိမ်ပြန်ပို့ရာတွင် စနစ်တကျကူညီဆောင်ရွက်ရပါမည်။
• တနေ့တာလုပ်ငန်းဆောင်တာများကို Daily Report တင်ရပါမည်။
