
Job Description
၁။ ရည်ရွယ်ချက် (Position Objective): အရောင်းဆိုင်၏ လက်လီအရောင်း (Retail) နှင့် Online အရောင်းများ တိုးတက်စေရန် ဦးဆောင်ခြင်း၊ ဝန်ထမ်းများအား စနစ်တကျ စီမံခန့်ခွဲခြင်းနှင့် ကုမ္ပဏီ၏ လုပ်ငန်းစဉ်များ (SOP) အတိုင်း ချောမွေ့စွာ လည်ပတ်နိုင်ရန် တာဝန်ယူရမည်။
၂။ အဓိက တာဝန်ဝတ္တရားများ (Key Responsibilities):
• Sales Leadership: တစ်ဦးချင်းနှင့် အဖွဲ့လိုက် အရောင်းလျာထားချက် (Target) များ ပြည့်မီစေရန် ကြီးကြပ်ကွပ်ကဲခြင်း။
• People Management: Sales Team Leader နှင့် Sales Promoters များ၏ Personality နှင့် အရောင်းစွမ်းဆောင်ရည် တိုးတက်စေရန် လုပ်ငန်းခွင်သင်တန်းများ ပေးခြင်းနှင့် လမ်းပြဦးဆောင်ခြင်း။
• Internal Control: ဝန်ထမ်းများ ငွေကြေးနှင့် ကုန်ပစ္စည်းအလွဲသုံးစားမှု မဖြစ်စေရန် ထိန်းကျောင်းခြင်းနှင့် SOP ပါ စည်းကမ်းချက်များကို လိုက်နာမှုရှိမရှိ ကြီးကြပ်ခြင်း။
• Operational Alignment: အရောင်းဆိုင် လုပ်ငန်းများ အဆင်ပြေစေရန် သိုလှောင်ရုံ၊ ပို့ဆောင်ရေး၊ ငွေစာရင်းဌာနများနှင့် ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်ခြင်း။
• Market Insight: ဈေးကွက်အခြေအနေ၊ ပြိုင်ဘက်များ၏ လှုပ်ရှားမှုနှင့် Customer လိုအပ်ချက်များကို သုံးသပ်၍ အရောင်းမြှင့်တင်ရေး အကြံပြုချက်များ တင်ပြခြင်း။
• Reporting: နေ့စဉ်နှင့် အပတ်စဉ် အရောင်းအစီရင်ခံစာများ၊ အမြတ်အစွန်းနှင့် ဝန်ထမ်းစွမ်းဆောင်ရည် အခြေအနေများကို အထက်လူကြီးထံ တိကျစွာ တင်ပြခြင်း။
၁။ Leadership & People Development (ဦးဆောင်မှုနှင့် ဝန်ထမ်းပြုစုပျိုးထောင်နိုင်စွမ်း)
Shop Manager တစ်ဦးသည် မိမိကိုယ်တိုင် ရောင်းတော်ရုံတင်မကဘဲ Team Leader နှင့် Promoter များကိုပါ အရောင်းကျွမ်းကျင်လာအောင် လေ့ကျင့်ပေးနိုင်ရပါမည်။
• လုပ်ဆောင်နိုင်စွမ်း: ဝန်ထမ်းများ၏ အားသာချက်/အားနည်းချက်ကို သိမြင်ပြီး လိုအပ်သော လုပ်ငန်းခွင်သင်တန်းများ (On-the-job Training) ပေးနိုင်ခြင်း။
• ရလဒ်: ဝန်ထမ်းများ စည်းကမ်းလိုက်နာမှုရှိလာပြီး အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် အရောင်းလျာထားချက်များကို စုပေါင်းတွန်းအားပေးနိုင်ခြင်း။
၂။ Business Acumen & Market Analysis (စီးပွားရေးအမြင်နှင့် ဈေးကွက်ဆန်းစစ်နိုင်စွမ်း)
ဆိုင်၏ အရောင်းအခြေအနေကို ကိန်းဂဏန်းဒေတာများဖြင့် ကြည့်ရှုပြီး ဈေးကွက်အပြောင်းအလဲကို ကြိုတင်ခန့်မှန်းနိုင်ရပါမည်။
• လုပ်ဆောင်နိုင်စွမ်း: ပြိုင်ဘက်များ၏ ဈေးနှုန်းနှင့် Promotion များကို အမြဲစောင့်ကြည့်ပြီး မိမိဆိုင်၏ Retail နှင့် Online အရောင်းတိုးတက်စေမည့် Strategy (ဗျူဟာ) များ၊ Post Plan များ ချမှတ်နိုင်ခြင်း။
• ရလဒ်: ဈေးကွက်အတွင်း အမြဲတမ်း နောက်ကျမကျန်ခဲ့ဘဲ ခေတ်စနစ်နှင့်အညီ အရောင်းမြှင့်တင်နိုင်ခြင်း။
၃။ Operational Excellence & Integrity (လုပ်ငန်းစီမံခန့်ခွဲမှုနှင့် တိကျမှန်ကန်မှု)
ဆိုင်၏ SOP လုပ်ငန်းစဉ်များကို အစမှအဆုံး တိကျစွာ လည်ပတ်နိုင်စွမ်းရှိပြီး ကုမ္ပဏီအကျိုးစီးပွားကို ကာကွယ်နိုင်ရပါမည်။
• လုပ်ဆောင်နိုင်စွမ်း: ငွေစာရင်းနှင့် ကုန်ပစ္စည်းများ (Stock) ကို လုံးဝအလွဲအချော်မရှိအောင် ထိန်းကျောင်းနိုင်ခြင်း၊ SOP ပါ Internal Control ၇ ချက်ကို တိကျစွာ ကျင့်သုံးခြင်း။ ရလဒ်: ပစ္စည်းပျောက်ဆုံး/ပျက်စီးမှု ကင်းစင်ပြီး လုပ်ငန်းလည်ပတ်မှုစနစ် (System) တစ်ခု စနစ်တကျ အမြဲတည်ရှိနေခြင်း။
Requirements
-
