
Job Description
- ကုမ္ပဏီ၏ဝန်ဆောင်မှုများနှင့် ထုတ်ကုန်ရောင်းချခြင်းလုပ်ငန်းများ၊ အရောင်းမြှင့်တင်ခြင်းလုပ်ငန်းများနှင့် ပရိုမိုးရှင်း လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း၊
- Customer အသစ်များရှာဖွေခြင်း၊ ကုန်ပစ္စည်းများမိတ်ဆက်ခြင်း၊ ထုတ်ကုန်ပစ္စည်းများနှင့်ပတ်သက်သော အခြေအနေများ ဆက်သွယ်မေးမြန်းခြင်းနှင့် ကုမ္ပဏီ၏ကိုယ်စားလှယ်များ၊ Customer များအား ကောင်းမွန်သော Customer Service ပေးခြင်းနှင့် အဖွဲ့အစည်းနှင့် အကောင်းဆုံး ဆွေးနွေးညှိနှိုင်းဆောင်ရွက်ခြင်း၊
- စျေးကွက်အခြေအနေနှင့် သတင်းအချက်အလက်များ၊ Customer များ၏ Feedback များအား စဉ်ဆက်မပြတ် စောင့်ကြည့် အကဲခတ်ခြင်း၊
- ကုန်ပစ္စည်း လက်ကျန်စာရင်းများ Update စာရင်းပြုလုပ်ခြင်းနှင့် ကုန်ပစ္စည်းအမှာ စာရင်းပြုလုပ်ခြင်း၊ Quotation နှင့် Invoice များပြင်ဆင်ခြင်း၊ စာရွက်စာတမ်းများအား သေချာစွာ ပြင်ဆင်ခြင်းနှင့် သိမ်းဆည်းခြင်း၊
- ကုမ္ပဏီမှချမှတ်ထားသော အရောင်းသတ်မှတ်ချက် ပြည့်မှီအောင်ပူးပေါင်းဆောင်ရွက်ခြင်း၊
- လုပ်ငန်းတာဝန်များပြီးမြောက်စေရန်အတွက် သက်ဆိုင်ရာမန်နေဂျာနှင့်အတူ တွဲဖက်လုပ်ဆောင်ခြင်း၊
- သက်ဆိုင်ရာ မန်နေဂျာမှပေးအပ်သော အခြားသက်ဆိုင်ရာတာဝန်များဆောင်ရွက်ခြင်း၊
Requirements
- သိပ္ပံရပ်ဆိုင်ရာ ဘွဲ့တစ်ခုခုရရှိပြီးသူဖြစ်ရမည်။ (ဇီဝဓာတုဗေဒ၊ ဓာတုဗေဒဘွဲ့ရ (သို့) အစားအသောက်သိပ္ပံနှင့် ပတ်သက်၍ အတွေ့အကြုံရှိသူဦးစားပေးမည်။)
- သက်ဆိုင်ရာလုပ်ငန်းအတွေ့အကြုံ (၁) နှစ်ရှိ၍ ကုန်ပစ္စည်းအကြောင်းကို လေ့လာသင်ယူလိုစိတ်ရှိသူဖြစ်ရမည်။
- အကျင့်စာရိတ္တကောင်းမွန်၍ စကားပြောပြေပြစ်သူ၊ စိတ်ရှည်သည်းခံနိုင်သူဖြစ်ရမည်။
- မြန်မာစာနှင့် အင်္ဂလိပ်စာလက်ကွက်ကို ကောင်းမွန်စွာအသုံးပြုနိုင်သူ၊ MS Office (Word, Excel etc.,) အသုံးပြု နိုင်သူဖြစ်ရမည်။
- တက်ကြွစွာ ပူးပေါင်းဆောင်ရွက်နိုင်သူ၊ လုပ်ငန်းနှင့်ဆက်စပ်နေသော အဖွဲ့အစည်းများ (သို့) သက်ဆိုင်ရာဌာနများ နှင့် ပူးပေါင်းဆောင်ရွက်နိုင်သူဖြစ်ရမည်။