Job Description
ကုမ္ပဏီ၏ လိုအပ်သော ကုန်ကြမ်း၊ သံထည်ပစ္စည်းများနှင့် အခြားလိုအပ်သော ပစ္စည်းများအား ဝယ်ယူရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း။
Supplier များနှင့် ဆက်သွယ်၍ ဈေးနှုန်းတောင်းခံခြင်း၊ ဈေးနှုန်းနှိုင်းယှဉ်ခြင်းနှင့် Purchase Order များ ပြုလုပ်ခြင်း။
ဝယ်ယူထားသော ပစ္စည်းများအား အချိန်မီ ပို့ဆောင်ရရှိစေရန် စောင့်ကြည့်ညှိနှိုင်းခြင်း။
Purchase Records၊ Supplier Lists နှင့် သက်ဆိုင်ရာ စာရွက်စာတမ်းများကို စနစ်တကျ ထိန်းသိမ်းခြင်း။
Warehouse၊ Factory နှင့် သက်ဆိုင်ရာဌာနများ၏ ဝယ်ယူလိုအပ်ချက်များကို ညှိနှိုင်းဆောင်ရွက်ခြင်း။
ပစ္စည်းလက်ခံရရှိမှုနှင့် Invoice များကို စစ်ဆေးအတည်ပြုခြင်း။
Supplier အသစ်များ ရှာဖွေ၍ ဈေးနှုန်းနှင့် အရည်အသွေး ကောင်းမွန်သော Vendor များကို ဖော်ထုတ်ထိန်းသိမ်းခြင်း။
Management မှ ပေးအပ်သော အခြားဝယ်ယူရေးဆိုင်ရာ တာဝန်များကို ဆောင်ရွက်ခြင်း။
Requirements
တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူ ဖြစ်ရမည်။
Purchase / Procurement လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၂) နှစ်နှင့်အထက် ရှိသူ ဖြစ်ရမည်။
သံထည်ပစ္စည်း၊ ဆောက်လုပ်ရေးသုံးပစ္စည်း သို့မဟုတ် ထုတ်လုပ်ရေးစက်ရုံလုပ်ငန်း အတွေ့အကြုံရှိသူ ဦးစားပေးမည်။
သံပြား၊ သံချောင်း၊ ပိုက်နှင့် အခြား သံထည်ပစ္စည်းများအကြောင်း နားလည်သူ ဖြစ်ရမည်။
Supplier များနှင့် ညှိနှိုင်းဆွေးနွေးနိုင်သော Negotiation Skill ကောင်းမွန်သူ ဖြစ်ရမည်။
Microsoft Excel, Word နှင့် Email အသုံးပြုနိုင်သူ ဖြစ်ရမည်။
ရိုးသားမှု၊ တာဝန်ယူမှုရှိပြီး ဖိအားအောက်တွင် လုပ်ကိုင်နိုင်သူ ဖြစ်ရမည်။
လုပ်ငန်းလိုအပ်ချက်အရ ပြင်ပသို့ သွားရောက်ဆောင်ရွက်နိုင်သူ ဖြစ်ရမည်။
