Operation Crew (ကျောင်းလုပ်ငန်းလည်ပတ်ရေးအဖွဲ့)

Spring Of Success Company Limited

  • Yangon
  • Full-time
  • Posted
Category
Other
Position
Other
Openings
4
Gender
female
Apply before
28 Nov 2026

Job description

💸Basic Salary :500000

💰အစမ်းခန့် ၃ လပြည့်ပါက: လစာထိုးခံစားခွင့်ထပ်ရှိပါမည်။



📍 Location –


• Hlaing ( Aye Yeik Mon (5) Street,)

• Insein (Lan Tit Street )

• North Dagon (41 Ward)

• Mandalay (69A *109) Street



🏫 လုပ်ငန်းအမျိုးအစား: ပညာရေးဝန်ဆောင်မှုလုပ်ငန်း


🕘 အလုပ်ချိန်: အချိန်ပြည့် (Full-Time) ( တစ်ပါတ်တစ်ရက်နားရက်ရှိမည်။ အစိုးရရုံးပိတ်ရက်နှင့် ကျောင်းရက်ရှည်ပိတ်ရက် ရှိမည်)


ကျွန်မတို့၏ ပညာရေးအဖွဲ့အစည်းတွင် တာဝန်ယူမှုရှိပြီး ကြိုးစားအားထုတ်လိုစိတ်ရှိသော၊ မိမိကိုယ်ကိုယ် တိုးတက်အောင် ကြိုးစားလိုသော "Operation Crew" ဝန်ထမ်းသစ်များကို ဖိတ်ခေါ်နေပါသည်။


ဤရာထူးသည် ကျွန်မတို့၏ ကလေးငယ်များ၊ မိဘများနှင့် ဆရာ/ဆရာမများအတွက် ကျောင်းတော်ကြီးကို နေ့စဉ် စနစ်တကျနှင့် ပညာရှင်ပီသစွာ ချောမွေ့စွာ လည်ပတ်နိုင်ရန် ကူညီပေးရမည့် အရေးကြီးသော အခန်းကဏ္ဍတွင် ရှိပါသည်။


သင်သည် လူမှုဆက်ဆံရေးနယ်ပယ်တွင် လုပ်ကိုင်ရတာနှစ်သက်ပြီး၊ အရည်အချင်းအသစ်များကို သင်ယူလိုစိတ်ရှိကာ အဓိပ္ပာယ်ရှိသော ပညာရေးပတ်ဝန်းကျင်တစ်ခုတွင် ပါဝင်ကူညီလိုသူဖြစ်ပါက ဤအလုပ်သည် သင့်အတွက် အခွင့်အလမ်းကောင်းတစ်ခု ဖြစ်လာပါလိမ့်မည်။



🌟 လုပ်ငန်းတာဝန် အကျဉ်းချုပ်


Operation Crew အဖွဲ့ဝင်များသည် မူကြိုနှင့် အင်္ဂလိပ်စာသင်တန်း အစီအစဉ်များ၏ နေ့စဉ်လုပ်ငန်းဆောင်တာများကို ကူညီပံ့ပိုးပေးရမည်ဖြစ်သည်။

• တနင်္လာ - သောကြာ: မူကြိုပညာရေး (Early Childhood Education) လုပ်ငန်းစဉ်များကို ကူညီခြင်း။

• စနေ - တနင်္ဂနွေ: အင်္ဂလိပ်စာသင်တန်း (ELT) လုပ်ငန်းစဉ်များကို ကူညီခြင်း။

သင်၏ တာဝန်မှာ ကျောင်းတော်ကြီးကို နေ့စဉ် စနစ်ကျပြီး သပ်ရပ်ပိုင်နိုင်စွာ လည်ပတ်နိုင်အောင် ဝိုင်းဝန်းလုပ်ဆောင်ပေးရန် ဖြစ်ပါသည်။


ဤရာထူးသည် မိမိကိုယ်ကိုယ် တိုးတက်အောင် ကြိုးစားလိုသူများ၊ လက်တွေ့လုပ်ငန်းခွင် အတွေ့အကြုံကောင်းများ ရယူလိုသူများနှင့် ပညာရှင်ပီသသော ပတ်ဝန်းကျင်တွင် ကြီးပြင်းလိုသူများအတွက် အထူးသင့်လျော်ပါသည်။

Requirements

-

How to apply

အဓိက တာဝန်ဝတ္တရားများနှင့်

ရရှိနိုင်မည့် အကျိုးကျေးဇူးများ ကို သိရှိလိုပါက Viber မှတဆင့် မေးမြန်းနိုင်ပါသည်။ အလုပ်ဆင်းရမည့်ရက် : Mon to Sun

ပိတ်ရက် : (Tue,Wed,Thu) ၃ ရက်ထဲမှာ တစ်ရက်ကို ပိတ်ရက်ယူ ခွင့်ရှိပါသည်။

မှတ်ချက်။ ။ Operation Crew သည် လုပ်ငန်းတစ်ခုလုံး အဆင်ပြေချောမွေ့စွာ တာဝန်ယူနိုင်ရန် အတွက် စောလာရ၍ စောပြန်ရတဲ့ အချိန်များလဲရှိနိုင်ပါသည်။


📩 လျှောက်ထားရန်

စိတ်ပါဝင်စားသူများသည်-

• CV / ကိုယ်ရေးရာဇဝင်

• မကြာသေးမီက ရိုက်ကူးထားသော ဓာတ်ပုံ


တို့ကို Viber Ph No.09408833300 (or) Email:getc.hrd@gmail.com မှတစ်ဆင့် ပေးပို့လျှောက်ထားနိုင်ပါသည်။


(အရည်အချင်းကိုက်ညီသူများကိုသာ အင်တာဗျူးအတွက် ပြန်လည်ဆက်သွယ်ပေးပါမည်။)

Never pay any fee to apply for a job. အလုပ်လျှောက်ရန် ငွေမပေးပါနှင့်။

Similar jobs

More Other jobs
Operation Crew (ကျောင်းလုပ်ငန်းလည်ပတ်ရေးအဖွဲ့) Spring Of Success Company Limited
Apply now