
Job Description
Job Description
• Junction Centre တွင်ရှိသော ဆိုင်ခန်းအငှားနေရာများအတွက် စုံစမ်းမှုများကို ပြန်လည် ဖြေကြားပေးခြင်း၊၊
• စိတ်ဝင်စားသော ငှားရမ်းယူသူများကို လိုအပ်သလို ရရှိနိုင်သော နေရာများကို တွေ့ဆုံ၍ ပြသပေးခြင်း။
ငှားလိုသူများထံမှ အချက်အလက်ပြည့်စုံသော ဆိုင်လျှောက်လွှာအား ရှင်းပြ၍ လက်ခံပြီး Head Office (Leasing Department) သို့ ပြန်ပေးပို့ခြင်း။
• ဆိုင်များ၏ Display၊ လိုက်နာရမည့် စည်းကမ်းများအားလိုက်နာမှုရှိ/မရှိ စစ်ဆေးပြီး စင်တာမန်နေဂျာထံ တင်ပြရမည်။
• စာချုပ်သက်တမ်းကုန်ဆုံးမည့် ဆိုင်များစာရင်းအား စစ်ဆေးသုံးသပ်ပြီး စာချုပ်အသစ်ပြန်လုပ်ရန် စာရင်းအား Head office သို့ သုံးလကြိုတင်ပေးပို့ ပြီး သတ်မှတ်ထားသော အချိန်အတွင်း ငှားရမ်းသူများထံမှ LOI အသစ်နှင့် LOI ပြန်တိုးရန် တောင်းဆိုပြီး Head Office (Leasing Department) သို့ ပြန်ပေးပို့ရမည်။
• စင်တာမန်နေဂျာ ညွှန်ကြားချက်အတိုင်း ဆိုင်ခန်းပြင်ဆင်မှုများကို အချိန်မီ ပြီးစီးအောင် ပြုလုပ်ပြီး ငှားရသူသစ်ထံ အပ်နှံခြင်း။
• Head Office မှ ရရှိသော LOI (Letter of Intent) အပေါ်အခြေခံ၍ ဆိုင်အသစ်စာချုပ်၊ သက်တမ်းတိုး စာချုပ်များ အား မှန်ကန်စွာ ပြင်ဆင်ပြီး တာဝန်ရှိသူနှင့် ဆက်သွယ်၍ လုပ်ငန်းစဉ်ဆက်လက်ဆောင်ရွက်ကာ Head Office သို့ အချိန်မီပြန်ပေးပို့ခြင်း။
• ငှားရမ်းသူများအား စာချုပ်ဖျက်သိမ်းခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ရှင်းပြပြီး စင်တာမန်နေဂျာထံ တင်ပြပေးခြင်း။
• လိုအပ်သော လုပ်ငန်းပိုင်းဆိုင်ရာ စာရွက်စာတမ်းများနှင့်ပတ်သက်၍ ငှားရမ်းသူများနှင့် ဆက်သွယ်လိုက်နာ ဆောင်ရွက်ခြင်း။
• စင်တာမန်နေဂျာအနေနဲ့ ဆိုင်ခန်းငှားရမ်းစာချုပ်များအပေါ် ဆွေးနွေးညှိနှိုင်းခြင်းနှင့် အပြီးသတ်အတည်ပြုခြင်း များတွင် အကူအညီပေးဆောင်ရွက်ရမည်။
Requirements
Requirement
• တက္ကသိုလ်တခုခုမှ ဘွဲ့ရရှိပြီးသူ
• Computer (Word/ Excel), Email & Internet ကျွမ်းကျင်စွာ အသုံးပြုနိုင်သူ
• Shopping Centre နှင့်ပတ်သက်သော အတွေ့အကြုံရှိသူ သို့မဟုတ် စိတ်ဝင်စားသူ
• ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ပြီး ဆိုင်ခန်းငှားရမ်းသူများ၊ Customer ၊ Supplier၊ Internal staff များနှင့် တက်ကြွစွာ ပြောဆိုဆက်သွယ် ဆောင်ရွက်နိုင်သူ
• အလုပ်နှင့်ပတ်သက်၍ စိတ်ရှည်သည်းခံနိုင်ပြီး အသေးစိတ်ရှုမြင်တတ်သူ
• Decoration နှင့် Branded ပိုင်း knowledge အနည်းငယ်ရှိပါက ပို၍ အဆင်ပြေပါသည်။
• အိမ်၊ ခြံ၊ မြေ၊ ဆိုင်ခန်း ရောင်းဝယ် ငှားရမ်းခြင်းလုပ်ငန်းအတွေ့အကြုံရှိသူများ လျှောက်ထားရန်သင့်လျော်ပါသည်။
• လုပ်ငန်းအတွေ့အကြုံမရှိသော်လည်း Computer (Word/ Excel) ကျွမ်းကျင်သူများလျှောက်ထားနိုင်ပါသည်။
