
Job Description
📌 ကျောင်းများအားလုံးရှိ လျှပ်စစ်ပိုင်းဆိုင်ရာကိစ္စများအား သက်ဆိုင်ရာကျောင်းရှိ တာဝန်ရှိသူများနှင့် ချိတ်ဆက် ပြီး အချိန်မီပြီးစီးအောင်ဆောင်ရွက်ပေးရမည်။
📌 ကျောင်းများအားလုံးတွင် လျှပ်စစ်နှင့်ပတ်သက်ပြီး အန္တရာယ်မရှိစေရေးအတွက် အပတ်လိုက်လံစစ်ဆေးပြီး လိုအပ်သည်များရှိပါက တာဝန်ရှိသူများထံ အချိန်မီ တင်ပြပေးရမည်။
📌 သတ်မှတ်ထားသော အလုပ်တာဝန်များ နှင့် ဝန်ထမ်းစည်းကမ်းများကို တိကျစွာလိုက်နာနိုင်သူဖြစ်ရမည်။
Requirements
📌 ရန်ကုန်မြို့တွင်း မည်သည့်နေရာမဆို တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။
📌 ပညာအရည်အချင်း အနည်းဆုံး အထက်တန်းအဆင့် ရှိရမည်။
📌 အသက်(၃၅)နှစ်ထက်မကျော်သူဖြစ်ရမည်။ ကျွမ်းကျင်မှုပေါ်မူတည်ပြီး အသက်လျှော့ပေါ့စဉ်းစားမည်။
📌 လျှပ်စစ်ပိုင်းဆိုင်ရာကိစ္စများ ကျွမ်းကျင်စွာလုပ်ကိုင်ဆောင်ရွက်နိုင်ရမည်။ အတွေ့အကြုံရှိသူဦးစားပေးမည်။
📌 သွက်သွက်လက်လက်ရှိပြီး အသင်းအဖွဲ့အစည်းများနှင့်ပူးပေါင်းလုပ်ကိုင်နိုင်သူဖြစ်ရမည်။
📌 အနေအထိုင်သန့်ပြန့်ပြီး ဆက်ဆံရေးကောင်းမွန်သူ၊စကားအပြောအဆိုပြေပြစ်သူဖြစ်ရမည်။
📌 ကျန်းမာရေးကောင်းမွန်ပြီး ရေရှည်တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
📌 ဆေးလိပ်၊ကွမ်း၊အရက်စသည့် မူးယစ်စေနိုင်သောအရာအားလုံး ကင်းရှင်းသူဖြစ်ရမည်။
📌 လုပ်ငန်းလိုချက်အရ အချိန်ပိုဆင်းနိုင်သူဖြစ်ရမည်။
📌 အလုပ်ချိန်မှာ Monday to Friday (8:00 am - 4:00 pm) Saturday (8:00 am - 12:00 noon)
📌 အတွေ့အကြုံပေါ်မူတည်ပြီး လစာညှိနှိုင်း ပေးမည်။
