Job Description
ရန်ကုန်ရုံးချုပ်တွင် တာဝန်ထမ်းဆောင်ရန်အတွက် အောက်ဖော်ပြပါရာထူးနေရာများ လိုအပ်လျက် ရှိပါသည်။
Requirements
အနည်းဆုံး တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူဖြစ်ရမည်။
သိုလှောင်ရုံ၏ ပြေစာများ၊ မှတ်တမ်းများနှင့် ပစ္စည်းအဝင်အထွက်များကို ကွန်ပျူတာအခြေခံသော စာရင်းအင်း ဆော့ဖ်ဝဲဖြင့် ထိန်းသိမ်းခြင်း၊ ဒေတာဘေ့စ်ထဲတွင် စနစ်တကျသိမ်းဆည်းခြင်း၊ စီမံခန့်ခွဲခြင်း။
သိုလှောင်ရုံနှင့်ပတ်သက်သော အခြားတာဝန်များဖြစ်သည့် ပစ္စည်းအဝင်အထွက်စစ်ဆေးခြင်း၊ ပါကင် ထုတ်ပိုး ခြင်း၊ ဈေးနှုန်းနှင့်တံဆိပ်ကပ်ခြင်း၊၊
သိုလှောင်ရုံတစ်ခုမှတစ်ခုသို့ ကုန်ပစ္စည်းလွဲပြောင်းမှုကို ဆော့ဝဲလ်များ၊ လယ်ဂျာများ အသုံးပြု၍ စနစ်တကျ ရေးသွင်းခြင်း။
ကုန်ပစ္စည်းနှင့်ပတ်သတ်သော စာရင်းများ၊ စာရွက်စာတမ်းများအားလုံးကို မှတ်တမ်းတင် ထိန်းသိမ်းခြင်းနှင့် စီမံခန့်ခွဲခြင်း၊၊
ကုန်တင်ကုန်ချပစ္စည်းများကို လက်ခံခြင်း၊ ပျက်စီးမှု၊ ကွဲလွဲမှုများကို စစ်ဆေးခြင်း စနစ်တကျနေရာချခြင်း၊၊
ကုန်ပစ္စည်းလက်ကျန်စာရင်းများကို ခြောက်လတစ်ကြိမ် မြေပြင်စာရင်းကောက်ယူခြင်း။
ရုံးခွဲများ၏ ကုန်ပစ္စည်းပေးပို့မှု၊ လက်ခံမှုလုပ်ငန်းများကို စနစ်တကျဖြစ်အောင် ဆောင်ရွက်ခြင်း။
ရုံးခွဲများ၏ လစဉ်ကုန်ပစ္စည်းစာရင်းကို မြေပြင်နှင့် ဒေတာဘေ့စ်ကိုက်ညီမှုရှိအောင် စစ်ဆေးခြင်း။
စက်ကိရိယာများ စနစ်တကျသိုလှောင်မှု၊ ကိုင်တွယ်မှု၊ ဖြန့်ဝေမှုနှင့် လိုအပ်သောအသေးစား ထိန်းသိမ်း ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခြင်း၊၊
အရောင်းဌာနများမှ နေ့စဉ်ထုတ်ယူထားသော ကုန်ပစ္စည်းစာရင်းကို အရောင်းဘောက်ချာများနှင့် ကိုက်ညီမှု ရှိအောင် ဆောင်ရွက်ခြင်း။
