- Category
- Driver
- Position
- Driver
- Openings
- 1
- Gender
- male
- Apply before
- 27 Nov 2026
Job description
Salary - Nego
Job Descriptions (JD)
- ကုမ္ပဏီ၏ သတ်မှတ်ထားသော ယာဉ်ကို လုံခြုံစိတ်ချစွာ မောင်းနှင်ပြီး ဝန်ထမ်းများ၊ ဧည့်သည်များနှင့် စီမံခန့်ခွဲရေးအဖွဲ့၏ ခရီးစဉ်များကို အချိန်မီ ပို့ဆောင်ပေးခြင်း။
- ကုမ္ပဏီ၏ လုပ်ငန်းဆိုင်ရာ စာရွက်စာတမ်းများ၊ ပစ္စည်းများနှင့် အခြားလိုအပ်သောပစ္စည်းများကို သတ်မှတ်ထားသော နေရာများသို့ ပို့ဆောင်ခြင်း။
- ယာဉ်၏ နေ့စဉ် သန့်ရှင်းရေး၊ ဆီ၊ ရေ၊ တာယာ၊ ဘရိတ်နှင့် အခြေခံစက်ပိုင်းဆိုင်ရာ အခြေအနေများကို စစ်ဆေးထိန်းသိမ်းခြင်း။
- ယာဉ်ပြုပြင်ထိန်းသိမ်းမှု (Maintenance) နှင့် လိုအပ်သော Service များကို အချိန်မီ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဌာနနှင့် ညှိနှိုင်းခြင်း။
- ယာဉ်အသုံးပြုမှုမှတ်တမ်း (Vehicle Log Book)၊ ဆီအသုံးပြုမှုနှင့် ခရီးစဉ်မှတ်တမ်းများကို စနစ်တကျ ဖြည့်သွင်းထိန်းသိမ်းခြင်း။
- ယာဉ်မောင်းနှင်ရာတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို အပြည့်အဝ လိုက်နာခြင်း။
- ယာဉ်လိုင်စင်၊ Wheel Tax၊ Insurance နှင့် အခြားလိုအပ်သော စာရွက်စာတမ်းများ၏ သက်တမ်းကို စောင့်ကြည့်၍ သက်တမ်းတိုးရန် သက်ဆိုင်ရာဌာနနှင့် ပူးပေါင်းဆောင်ရွက်ခြင်း။
- အရေးပေါ်အခြေအနေများတွင် တာဝန်ပေးအပ်ချက်အရ ခရီးစဉ်များကို ဆောင်ရွက်ပေးခြင်း။
- Supervisor/Management မှ တာဝန်ပေးအပ်သော အခြားဆက်စပ်လုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်း။
Requirements
- အနည်းဆုံး အထက်တန်းပညာ (High School) အောင်မြင်ထားသူ ဖြစ်ရမည်။
- သက်တမ်းမကုန်သေးသော ယာဉ်မောင်းလိုင်စင် (ခ) သို့မဟုတ် သက်ဆိုင်ရာ မောင်းနှင်ခွင့်လိုင်စင် ရှိရမည်။
- Company Driver အဖြစ် (၂) နှစ်နှင့်အထက် လုပ်ငန်းအတွေ့အကြုံရှိသူ ဖြစ်ရမည်။
- ရန်ကုန်မြို့နှင့် ပတ်ဝန်းကျင်ဒေသများ၏ လမ်းကြောင်းများကို ကောင်းမွန်စွာ သိရှိနားလည်သူ ဖြစ်ရမည်။
- ယာဉ်၏ အခြေခံပြုပြင်ထိန်းသိမ်းမှုနှင့် စက်ပိုင်းဆိုင်ရာ အခြေခံဗဟုသုတရှိသူ ဖြစ်ရမည်။
- ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို ကောင်းမွန်စွာ နားလည်လိုက်နာသူ ဖြစ်ရမည်။
- အရက်သေစာကင်းရှင်းပြီး တာဝန်ယူမှု၊ အချိန်တိကျမှုနှင့် ရိုးသားမှုရှိသူ ဖြစ်ရမည်။
- ရုပ်ရည်သန့်ရှင်းသပ်ရပ်၍ ယဉ်ကျေးပြေပြစ်စွာ ပြောဆိုဆက်ဆံနိုင်သူ ဖြစ်ရမည်။
- လိုအပ်ပါက အချိန်ပို (Overtime) နှင့် ခရီးထွက်တာဝန်များကို ဆောင်ရွက်နိုင်သူ ဖြစ်ရမည်။
How to apply
Myanmar Enterprise Solution
Phone No. - 09682898800 (Viber)
Email - hr@mesc.pro
Address - No. 13, Lakeken Street, 7th Ward, Pazundaung Tsp, Yangon.
Never pay any fee to apply for a job. အလုပ်လျှောက်ရန် ငွေမပေးပါနှင့်။





