
Job Description
Company ၏ လုပ်ငန်းဆိုင်ရာ သွားလာရေးများအား လုံခြုံစိတ်ချစွာ ဆောင်ရွက်ပေးနိုင်ရန် Driver တစ်ဦး ခေါ်ယူနေပါသည်။
ရန်ကုန်မြို့တွင်းနှင့် လိုအပ်ပါက နယ်ဝေးခရီးများသို့ အန္တရာယ်ကင်းစွာ မောင်းနှင်ပေးနိုင်သူ ဖြစ်ရမည်။
အဓိကတာဝန်များ
• Company ၏ သွားလာရေးလုပ်ငန်းများကို အချိန်မှန်ကန်စွာ မောင်းနှင်ဆောင်ရွက်ပေးခြင်း
• Model အမြင့်ကားများကို ကျွမ်းကျင်စွာ မောင်းနှင်နိုင်ခြင်း
• ရန်ကုန်မြို့တွင်းနှင့် လိုအပ်ပါက နယ်ဝေးခရီးများသို့ မောင်းနှင်ပေးနိုင်ခြင်း
• ယာဉ်ကို သန့်ရှင်းသပ်ရပ်စွာ ထိန်းသိမ်းနိုင်ခြင်း
• လမ်းစည်းကမ်းနှင့် ယာဉ်စည်းကမ်းများကို လိုက်နာ၍ အန္တရာယ်ကင်းစွာ မောင်းနှင်နိုင်ခြင်း
• တာဝန်ပေးအပ်သော လုပ်ငန်းများကို တာဝန်ယူမှုရှိစွာ ဆောင်ရွက်နိုင်ခြင်း
Requirements
• Driver လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၁) နှစ်နှင့်အထက် ရှိရမည်
• စိတ်ရှည်သည်းခံပြီး အန္တရာယ်ကင်းစွာ မောင်းနှင်လိုစိတ်ရှိသူ ဖြစ်ရမည်
• ရန်ကုန်မြို့တွင်း ကျွမ်းကျင်စွာ မောင်းနှင်သွားလာနိုင်သူ ဖြစ်ရမည်
• လိုအပ်ပါက နယ်ခရီးသွားနိုင်သူ ဖြစ်ရမည်
• ယာဉ်မောင်းလိုင်စင် (အနက် / အညို) ရှိရမည်
• Auto / Manual ၊ ဘယ်မောင်း / ညာမောင်း ယာဉ်များကို မောင်းနှင်နိုင်သူ ဖြစ်ရမည်
• သန့်ရှင်းသပ်ရပ်စွာ ဝတ်ဆင်တတ်ပြီး Professional Personality ရှိသူ ဖြစ်ရမည်
• အကျင့်စာရိတ္တကောင်းမွန်ပြီး တာဝန်ယူမှုရှိသူ ဖြစ်ရမည်
• အလုပ်ချိန်အတွင်း ဆေးလိပ်၊ ကွမ်း၊ အရက်သေစာ သောက်စားခြင်း ကင်းရှင်းရမည်
ဦးစားပေးအရည်အချင်းများ
• Model အမြင့်ကားများ မောင်းနှင်ဖူးသော အတွေ့အကြုံရှိသူ
• လမ်းကြောင်းများနှင့် ယာဉ်စည်းကမ်းများကို ကောင်းမွန်စွာ သိရှိသူ
• အချိန်တိကျမှုရှိပြီး ယဉ်ကျေးပြေပြစ်စွာ ဆက်ဆံပြောဆိုနိုင်သူ