
Job Description
(Reporting To): Sales & Marketing Manager
(Job Summary): Solar One.ai ပလက်ဖောင်းသို့ ဝင်ရောက်လာသော ဖောက်သည်များအား Facebook နှင့် CRM မှတစ်ဆင့် ချိတ်ဆက်ခြင်း (Follow-up)၊ လိုအပ်သော သတင်းအချက်အလက်များ ပံ့ပိုးပေးခြင်းနှင့် အရောင်းအဖြစ် ပြောင်းလဲနိုင်ရန် (Conversion) အဓိက တာဝန်ယူ ဆောင်ရွက်ရမည်။
(Key Responsibilities)
• Social media & Lead Handling: Facebook Page မှ ဝင်လာသော Comment များ၊ Messenger မှ မေးမြန်းမှုများကို အချိန်နှင့်တပြေးညီ ပြန်လည်ဖြေကြားပေးခြင်း။
• CRM Management & Follow Up: Website မှ ဝင်လာသော ဖောက်သည်အချက်အလက် (Leads) များကို CRM Dashboard တွင် နေ့စဉ်စောင့်ကြည့် စစ်ဆေးခြင်း။ ဈေးနှုန်းတွက်ချက် ထားသော ဖောက်သည်များကို ဖုန်းခေါ်ဆို၍ အရောင်းပိတ်သိမ်းရန် (Closing) ဆောင်ရွက်ခြင်း။
• Sales Inquiry & Consultation: ဖောက်သည်များ၏ နည်းပညာနှင့် တပ်ဆင်မှုဆိုင်ရာ မေးမြန်းမှုများကို ရှင်းလင်းစွာ ဖြေကြားပေးခြင်း။ SolarOne ၏ အားသာချက်ကို နားလည်အောင် ရှင်းပြပြီး ယုံကြည်မှု တည်ဆောက်ပေးခြင်း။
• Customer Relationship: တပ်ဆင်ရန် သဘောတူထားသော ဖောက်သည်များနှင့် Installation Team ကြား ချိတ်ဆက်ပေးပြီး အလုပ်ပြီးမြောက်သည်အထိ ဝန်ဆောင်မှုပေးခြင်း။
• Reporting: နေ့စဉ် ဝင်လာသော Lead အရေအတွက်နှင့် အရောင်းဖြစ်မြောက်မှု (Conversion) စာရင်းများကို Sales & Marketing Manager ထံ အစီရင်ခံ တင်ပြခြင်း။
Requirements
• Telesales, Customer Service သို့မဟုတ် Digital Sales နယ်ပယ်တွင် အတွေ့အကြုံ အနည်းဆုံး (၁) နှစ်မှ (၂) နှစ်အထက် ရှိသူ။
• Facebook Business Suite နှင့် CRM Software များကို နားလည်ပြီး ကျွမ်းကျင်စွာ အသုံးပြုနိုင်သူ။
• ဖောက်သည်များနှင့် ဖုန်းပြောဆိုရာတွင် ယဉ်ကျေးပျူငှာပြီး ဆွဲဆောင်မှုရှိစွာ ပြောဆိုစည်းရုံးနိုင်သူ။
• အဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်နိုင်ပြီး အလုပ်အပေါ် တာဝန်ယူမှု တာဝန်ခံမှု အပြည့်အဝ ရှိသူ။
• နည်းပညာ (Tech/E-commerce) နှင့် Solar စွမ်းအင် အကြောင်းကို လေ့လာလိုစိတ်ရှိသူ (အခြေခံဗဟုသုတ ရှိပါက ပိုမိုဦးစားပေးမည်)။
