
Job Description
• နေ့စဉ်လုပ်ငန်းအသုံးစရိတ်ငွေများကို ထုတ်ယူခြင်း၊ ထုတ်ပေးခြင်းနှင့် ငွေစာရင်းများကို စနစ်တကျ ထိန်းသိမ်းဆောင်ရွက်ခြင်း။
• လုပ်အားခငွေ၊ စုကြေးငွေများတွက်ချက်ထုတ်ပေးခြင်း၊ သက်ဆိုင်ရာစာရင်းများပြုစုထိန်းသိမ်းခြင်း။
• လုပ်ငန်းလိုအပ်ချက်အတွက် ပစ္စည်းဝယ်ယူငွေများ၊ ပြင်ပလုပ်အားခများနှင့် အခြားအသုံးစရိတ်များကို စီစစ်ငွေရှင်းပေးခြင်း။
• ကုမ္ပဏီ၏ စည်းမျဉ်းစည်းကမ်းများ၊ မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီမှုရှိ/မရှိ စစ်ဆေး၍ ငွေထုတ်ပေးခြင်း။
• ငွေပေးချေမှုဆိုင်ရာ စာရွက်စာတမ်းများနှင့် မှတ်တမ်းများကို တိကျမှန်ကန်စွာ ပြုစုထိန်းသိမ်းခြင်း။
Requirements
• ရိုးသားကြိုးစား၍ သင်ယူလေ့လာလိုစိတ်ရှိရမည်။ ရေရှည်လုပ်ကိုင်နိုင်သူဖြစ်ရမည်။
• ပြောဆိုဆက်ဆံရေးပြေပြစ်ကောင်းမွန်သူဖြစ်ရမည်။ သွက်လက်ချက်ချာသူဖြစ်ရမည်။
• LCCI Level I / II (Preferred)
• အသက် ၃၅ နှစ်အောက် ဖြစ်ရမည်။
• Finance Field တွင် အနည်းဆုံး ၃ နှစ်အတွေ့အကြုံရှိရမည်။
• Manufacturing Experience ရှိပါက ဦးစားပေးမည်။
• မြင်းခြံမြို့တွင် နေထိုင်လုပ်ကိုင်နိုင်သူဖြစ်ရမည်။
• ဆိုင်ကယ်စီးတတ်ရမည်။