Job Description
Warehouse ၏ Layout Plan ပေါ်မူတည်၍ ပစ္စည်းထားသိုရန် အသင့်တော်ဆုံးဖြစ်အောင် စီမံဆောင်ရွက်ရန်။
၂။ ဝန်ထမ်းများ၊ နေ့စားဝန်ထမ်းများ ၏ နေ့စဉ် ရုံးတက်/ဆင်း Attendance ကိစ္စရပ်များမှန်ကန်မှု ရှိ/မရှိ စိစစ်ဆောင်ရွက်ရန်၊ ချမှတ်ထားသော စည်းကမ်းချက်များလိုက်နာစေရန် ညွှန်ကြားဆောင်ရွက်ရန်။
၃။ Daily, Weekly, Monthly Report များအချိန်မှန်ကန်တိကျစွာဖြင့် ပေးပို့နိုင်ရန် စီမံဆောင်ရွက်ရန်။
၄။ Supplier များထံမှ ပေးပို့လာသော ပစ္စည်းများအား ပျက်ဆီးမှုရှိခြင်း၊ အရည်အသွေးမပြည့်မှီခြင်း၊ အရည်အတွက် မပြည့်မှီခြင်းများစစ်ဆေး၍ လိုအပ်သလို သက်ဆိုင်ရာဌာနတာဝန်ခံများဖြင့် ချိတ်ဆက်၍ ဆောင်ရွက်ရန်။
၅။ ပေးပို့ရန်ရှိသည့် တိုင်း/နယ်ရုံးခွဲများသို့ ခွဲခြမ်း၍ ပေးပို့ပေးနိုင်ရန် ပျက်ဆီးမှုမရှိစေရန် စီမံဆောင်ရွက်ရန်။
၆။ ပေးပို့ရာတွင် ရုံးကား၊ အငှားကား၊ ကားဂိတ်များဖြင့်ပို့နိုင်ရန် စီမံဆောင်ရွက်ရန်။
၇။ ပစ္စည်းတင်ပို့ရာတွင် အလေအလွင့်၊ အပျက်အဆီး၊ မေ့ကျန် မဖြစ်ရလေအောင် ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်ရန်။
၈။ ပစ္စည်းပေးပို့ပြီးပါက သက်ဆိုင်ရာ တိုင်း/နယ် တာဝန်ခံများထံ ပေးပို့ထားသည့် အမျိုးအစား၊ အရေအတွက်၊ ကုန်ရောက်ရှိမည့် ရက်စွဲ စသည့်လိုအပ်သည့် အချက်အလက်များ အသိပေးအကြောင်းကြားရန်။
၉။ အရောင်းပြပွဲများအတွက် ပစ္စည်းထုတ်ပေးခြင်း၊ နေရာချပေးခြင်း၊ စာရင်းနှင့်တကွ ပြန်လည်သိမ်းယူခြင်းများ ဆောင်ရွက်ရန်။
၁၀။ မိမိလက်အောက်ရှိဝန်ထမ်းများ သတ်မှတ်စည်းကမ်းများလိုက်နာမှုရှိစေရန် ကြီးကြပ်ဆောင်ရွက်ခြင်း၊ အခါအား လျော်စွာထုတ်ပြန်သော စည်းကမ်းသတ်မှတ်ချက်များ၊ ကြေညာချက်များအား ပြန်လည်မျှဝေပေးခြင်း၊ လိုက်နာမှုရှိစေရန်ဆောင်ရွက်ရန်။
၁၁။ ဂိုဒေါင်ရှိ ပစ္စည်းသိုလှောင်မှု အချိန်ကာလ၊ နေရာလစ်လပ်မှု၊ ပြောင်းရွှေ့ထားမှု၊ ပျက်ဆီးမှု၊ ထူးခြားမှုများအား အချိန်နှင့်တပြေးညီ Update ပြုလုပ်၍ တင်ပြရန်။
၁၂။ သက်ဆိုင်သော အစည်းအဝေးများတွင်ပူးပေါင်းပါဝင်ဆောင်ရွက်ရန်။
၁၃။ ဂိုဒေါင်လုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကြောင့် ဆုံးရှုံးမှုများမဖြစ်ပေါ်စေရေး၊ မီးဘေးအန္တရာယ်မဖြစ်စေရေးများ အတွက် ကြိုတင်ကာကွယ်ရေးအစီအစဉ်များချမှတ်ဆောင်ရွက်ရန်။
၁၄။ မိမိ၏အထက်အကြီးအကဲမှ လုပ်ငန်းလိုအပ်ချက်အရ တရားသဖြင့်ပေးအပ်သော တာဝန်ဝတ္တရားများကို ကျေပွန်စွာ ဆောင်ရွက်ရန်။
Requirements
ဘွဲ့ရရှိပြီးသူ။
Diploma (or) Certificate in Warehouse Management ရရှိထားသူ ။
Microsoft Offices (Word, Excel, Powerpoint) ကျွမ်းကျင်စွာအသုံးပြုနိုင်ပြီး Report များ၊ Analysis များပြုလုပ်နိုင်ပြီး ERP Software အသုံးပြုဖူးသူ ဦးစားပေးမည်။
Warehouse Management လုပ်ငန်းအတွေ့ အကြုံ (၅) နှစ်နှင့်အထက်ရှိသူ။ မီးစက် နှင့်လယ်ယာသုံံးယာဉ်နှင့်စက်ပစ္စည်းများ သိရှိပြီး အတွေ့အကြုံရှိသူ ဦးစားပေးမည်။
