အလုပ်ရှုပ်သူလား၊ အရှုပ်လုပ်သူလား

အလုပ်ရှုပ်သူလား၊ အရှုပ်လုပ်သူလား
29, December 2016
Total View : 892

လုပ်ငန်းခွင်တချို့မှာတွေ့ရတတ်တဲ့ လူအမျိုးအစားတစ်ခုကတော့ အလုပ်ရှုပ် ဟန်နဲ့ အရှုပ်လုပ်နေသူပဲဖြစ်ပါတယ်။ သူ့ တို့ကိုကြည့်လိုက်တိုင်း အလုပ်တွေအားလုံး ကိုသူတစ်ယောက်တည်းလုပ်နေရတဲ့ပုံစံဖမ်း ပြီးအလုပ်ရှုပ်တယ်လို့အမြဲတမ်းညည်းညူ နေတတ်ပေမဲ့ တကယ်တမ်းတော့ ပြာပေမဲ့ ဖွဲမထွက်ကြသူတွေပါ။ ဒီလိုလူမျိုးတွေက လုပ်ငန်းခွင်တိုင်းမှာတော့မရှိနိုင်ပါဘူး။ ဒါပေမဲ့လည်းတချို့လုပ်ငန်းခွင်တွေမှာတော့ တွေ့ရပါလိမ့်မယ်။ ဒီလိုအလုပ်ရှုပ်ချင် ယောင်ဆောင်ပြီး အရှုပ်လုပ်တတ်တဲ့သူ တွေက ဘယ်လိုပုံစံမျိုးတွေဖြစ်မလဲဆိုတာ ဖော်ပြပေးသွားချင်ပါတယ်။

အများအမြင်မှာ အလုပ်ကြိုးစားသူလို့ မြင်စေချင်တာ

အရှုပ်လုပ်သူတွေကအများရဲ့အ ထင်ကြီးမှုကိုလည်း လိုချင်ကြပါသေး တယ်။ ကိုယ်တိုင်က တကယ်ကြိုးကြိုးစား စားလုပ်ကိုင်လိုတာမဟုတ်ဘဲ အများအ မြင်မှာ အလုပ်ကြိုးစားသူတစ်ယောက်လို့ ထင်မြင်စေချင်ကြပါတယ်။ ဒါကြောင့် လည်းအပေါ်ယံဟန်ပြသက်သက်အနေနဲ့ အလုပ်တွေလုပ်ချင်ယောင်ဆောင်တတ် ပါတယ်။ တကယ်တမ်းတော့ အလုပ်ပြီး မြောက်အောင်လုပ်တာမဟုတ်ဘဲ တခြား သူရဲ့အမြင်မှာအလုပ်ကြိုးစားသူလို့မြင် စေချင်ရုံသက်သက်ပါပဲ။ ဒါကြောင့်ပဲ သူတို့အနီးမှာ အလုပ်တွေပုံပြီးနေိုငညန အထိအလုပ်တွေမပြီးပြတ်ဘဲဖြစ်နေ တတ်ပါတယ်။

မိတ်ဆွေသူငယ်ချင်းတွေနဲ့ဆုံတဲ့ အခါ ငါကဘယ်လောက်တောင်အလုပ် များတာ၊ တစ်နေ့တစ်နေ့ထမင်းစားချိန် ရေချိန်သောက်ချိန်တောင် မနည်းလုလုပ် နေရတယ်လို့ပြောရတာကိုလည်းကျေနပ် နေသူတွေပါ။ တကယ်တမ်းတော့ အဲဒီလို ပြောတဲ့သူတွေက ကိုယ့်ကိုယ်ကိုယ်ညံ့ဖျင်း ကြောင်း လူတကာကိုလိုက်ပြောနေတာနဲ့ အတူတူပါပဲ။ လူတိုင်းက အလုပ်တာဝန် ကိုယ်စီရှိကြပါတယ်။ သူများတွေမှာကိုယ် ပိုင်အချိန်ရှိသလောက် ကိုယ့်မှာကိုယ်ပိုင်အ ချိန်မရှိတာက ကိုယ့်ရဲ့စီမံခန့်ခွဲမှုအမှား ကြောင့်ဆိုတာကို သတိချပ်စေချင်ပါတယ်။ ဟန်ဆာင်ခြင်းဆိုတာဘယ်အရာမှမကောင်း ဘူးဆိုတာ အလုပ်များသလိုဟန်ဆောင် တတ်တဲ့သူတွေလည်း သတိထားသင့်ပါ တယ်။

အမြဲတမ်းလုပ်စရာအလုပ်တွေပုံနေတာ

တကယ်တော့လူတိုင်းမှာ အလုပ်စ ဝင်ကတည်းက ကိုယ့်ရဲ့လုပ်ငန်းတာဝန် တွေရှိပြီးသားပါ။ ဝန်နဲ့အားမမျှလျှင်တော့ ကိုယ့်ရဲ့အထက်လူကြီးကို ပွင့်ပွင့်လင်းလင်း ပြောပြပြီး လူသစ်ထပ်ခေါ်လို့ရပါတယ်။ အခုပြောမယ့် အရှုပ်လုပ်တတ်တဲ့သူမျိုး တွေကတော့ အဲဒီလိုမဟုတ်ပါဘူး။ ပေး ထားတဲ့လုပ်ငန်းတာဝန်ကို စနစ်တကျမ လုပ်တတ်ဘဲ ဟိုအလုပ်ကိုအစဆွဲထုတ်၊ ဒီအလုပ်ကိုအစဆွဲထုတ်နဲ့ ဘယ်အလုပ်မှ  ပြီးပြီးပြတ်ပြတ်မလုပ်နိုင်ကြသူတွေပါ။ ဒါ ကကိုယ့်ရဲ့လုပ်ငန်းတာဝန်ကို မကျွမ်းကျင် တာကြောင့်ဖြစ်နိုင်သလို သူ့ရဲ့မူလဘူတ အကျင့်ကြောင့်လည်းဖြစ်နိုင်ပါတယ်။ တကယ်တမ်းတော့ လူတိုင်းက သူ့လိုပဲ အလုပ်တာဝန်တွေကိုယ်စီကိုယ်ငှရှိကြတာ ပါပဲ။ တခြားသူတွေအလုပ်တွေပြီးစီးနေ ချိန်မှာ သူရဲ့အလုပ်က မပြီးသေးပါဘူး။ ဒီအချက်တွေကိုကြည့်ပြီး အမှန်တကယ် အလုပ်ရှုပ်သူလား၊ အလုပ်ရှုပ်ချင်ယောင် ဆောင်သူတစ်ယောက်လားဆိုတာ သုံး သပ်ကြည့်နိုင်ပါတယ်။

ဦးစားပေးလုပ်ရမယ့်အလုပ်ကို မသိတာ

ဘယ်အလုပ်ကိုဦးစားပေးလုပ်ကိုင်ရ မှန်းမသိတာကြောင့်လည်း အလုပ်မရှုပ်ဘဲ အရှုပ်လုပ်မိကြပါတယ်။ ပိုပြီးမြန်ဆန် ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေကို မသိတာကြောင့်လည်း အလုပ်ချိန်ပိုကြာ သွားတတ်ပါတယ်။ ဘယ်အလုပ်ကအရေး ကြီးတယ်၊ ဘယ်အလုပ်က အရေးမကြီးဘူး ဆိုတာမျိုး ခွဲခွဲခြားခြားမသိတာကြောင့် အရှုပ်လုပ်သူတွေဖြစ်သွားတတ်ပါတယ်။   ဘယ်အလုပ်မဆိုပိုမိုမြန်ဆန်ပြီး စနစ်ကျတဲ့နည်းစနစ်ရှိပါတယ်။ အဲဒီနည်း စနစ်ကိုသိပြီးအသုံးပြုနိုင်ကာမှ လုပ်ငန်း ခွင်မှာကျွမ်းကျင်သူတစ်ယောက်ဖြစ်လာ နိုင်မှာပါ။ ဒီလိုမှမဟုတ်လျှင်တော့အလုပ် သာလုပ်နေတယ်၊ အချိန်ကုန်ရတာပဲ အဖတ်တင်ပါလိမ့်မယ်။ ကိုယ်ရဲ့အလုပ်မှာ ဦးစားပေးလုပ်ရမယ့်အလုပ်နဲ့ နောက်မှလုပ် ရမယ့်အလုပ်ခွဲခြားရပါမယ်။ ဒီလိုမှမ ဟုတ်လျှင်တော့ ကိုယ်ကအလုပ်ရှုပ်သူ လား၊ အရှုပ်လုပ်သူလား သုံးသပ်ရပါတော့ မယ်။

အလုပ်တွေကို အိမ်သယ်ပြီးလုပ်တာ

ပေးထားတဲ့လုပ်ငန်းတာဝန်တွေကို မပြီးစီးလို့အိမ်သယ်ပြီးလုပ်ရတယ်ဆိုတာ တစ်ခါတလေပဲ ကောင်းပါတယ်။ အမြဲလို လို ရုံးအလုပ်အိမ်သယ်လာတာကတော့ မကောင်းပါဘူး။ ကိုယ်ကဘယ်လောက်ပင် အလုပ်ရှုပ်သူဖြစ်စေဦးတော့ ကိုယ့်ရဲ့ကိုယ် ပိုင်အချိန်ဆိုတာရှိသင့်ပါတယ်။ ရှိရပါမယ်။  ရုံးကအလုပ်တွေမပြီးလို့ အိမ်သယ်ပြီးလုပ် တယ်ဆိုတာ အလုပ်ကြိုးစားတာမဟုတ်ပါ ဘူး။ ကိုယ့်ရဲ့စီမံခန့်ခွဲမှုအားနည်းမှုကြောင့် ရုံးမှာလုပ်ရမယ့်အလုပ်ကို အိမ်သယ်သွား ပြီးလုပ်ရတာပါ။ 

ရုံးအလုပ်တွေအိမ်ယူသွားရုံနဲ့ ကိုယ် ကအလုပ်ရှုပ်သူ၊ အလုပ်ကြိုးစားသူလို့ ဘယ်သူကမှမသတ်မှတ်ကြပါဘူး။ မိသားစု နဲ့ရှိရမယ့်အချိန်မှာ ရုံးအလုပ်တွေနဲ့ရှုပ်ထွေး နေလျှင်တော့အဆင်မပြေသေးပါဘူး။

အရေးမကြီးတဲ့ ဟောပြောပွဲတွေ၊ အ စည်းအဝေးတွေမှာအချိန်ကုန်နေတာ

တချို့ကုမ္ပဏီတွေမှာရှိပါတယ်။ တစ်ပတ်ကိုအစည်းအဝေးတွေ၊ ဟောပြော ပွဲတွေဘယ်နှစ်ကြိမ်လုပ်မယ်ဆိုတာမျိုးတွေရှိ တတ်ပါတယ်။ အဲဒီအစည်းအဝေးတွေ၊ ဟောပြောပွဲတွေက တကယ်လိုအပ်လို့ လုပ်တာမျိုးမဟုတ်ဘဲ ကုမ္ပဏီကသတ်မှတ် ချက်ဖြစ်နေလို့သာလုပ်နေရတာမျိုးပါ။ အစည်းအဝေးခန်းထဲမှာ အချိန်တစ်နာရီ၊ နှစ်နာရီလောက် အရေးမပါတဲ့ကိစ္စရပ်တွေ နဲ့ငြင်းခုံနေရမယ်ဆိုလျှင် ကိုယ်ရဲ့အလုပ်ချိန် တွေအတွက် အချိန်ဆုံးရှုံးမှုဖြစ်စေပါတယ်။ အလုပ်လုပ်ရမယ့်အချိန်တွေမှာအခုလို အစည်းအဝေးတွေကြောင့်ပျက်စီးသွားနိုင် ပြီးအလုပ်ဝန်ပိလာတာမျိုးဖြစ်လာနိုင်ပါ တယ်။

မကျွမ်းကျင်တဲ့အလုပ်ကို ကျွမ်းကျင်သလိုဟန်ဆောင်တာ

ဒီအချက်ကြောင့်လည်း ကိုယ့်ရဲ့အ လုပ်စားပွဲမှာ အရှုပ်တွေဖြစ်နေတတ်ပါ တယ်။ ကိုယ့်ရဲ့မကျွမ်းကျင်မှုကို မကျွမ်း ကျင်ဘူးလို့ဝန်ခံရမှာစိုးရွံ့တာကြောင့် မနိုင် တဲ့တာဝန်တွေကိုလက်ခံထားတတ်ပါ တယ်။ အဲဒီတာဝန်တွေကိုလည်းအောင် မြင်အောင်မလုပ်နိုင်တဲ့အခါ အရှုပ်လုပ်သူ တစ်ယောက်ဖြစ်သွားတတ်ပါတယ်။ မကျွမ်းကျင်ဘူးလို့ပြောရမှာမရှက်ပါနဲ့။ မကျွမ်းကျင်ဘဲနဲ့ ကျွမ်းကျင်တယ်လို့ပြော တာသာရှက်စရာကောင်းတာပါ။ 

တစ်ခါတလေမှာ အလုပ်ခွင်မှာ No လို့ငြင်းတတ်ဖို့လိုပါတယ်။ အမြဲတမ်း Yesလို့ပဲပြောနေရမှာမဟုတ်ပါဘူး။ ကိုယ်မနိုင် နင်းတဲ့အလုပ်၊ မကျွမ်းကျင်တဲ့အလုပ်တွေ မှာ No လို့ပြောတတ်ပါစေ။ 

ဒီအချက်တွေကိုဖတ်ရှုပြီး ကိုယ်က အလုပ်တွေအရမ်းများပြီးအမှန်တကယ် အလုပ်ကြိုးစားသူလား၊ ဒါမှမဟုတ် အရှုပ် တွေချည်းလုပ်နေမိသူလားဆိုတာကို ကိုယ့်ကိုယ်ကိုယ်မေးခွန်းပြန်ထုတ်သင့်ပါတယ်။ လုပ်ငန်းခွင်မှာ အရှုပ်တွေလုပ်ပြီး အချိန်မ ဖြုန်းမိပါစေနဲ့။ 

ကျော့ကေခိုင်