စောင့်​နိုင်​လျှင်​အ​ကျိုး​ရှိ

စောင့်​နိုင်​လျှင်​အ​ကျိုး​ရှိ
21, December 2016
Total View : 946

‘​စောင့်​နိုင်​လျှင်​အ​ကျိုး​ရှိ ​အောင့်​နိုင်​လျှင်​သူ​ခိုး​မိ’ ​ဆို​တဲ့ ​ဆို​ရိုး ​စ​ကား​တစ်​ခု​ရှိ​တယ်။ ​အ​လုပ်​တွေ ​လုပ်​ကြ​တဲ့​အ​ခါ ​လုပ်​ငန်း​တွေ​အောင် ​မြင်​ဖို့​အ​တွက် ​အ​ချိန်​အ​ခါ​ကို ​စောင့် ​ကြ​ရ​တာ​ရှိ​တယ်။ ​အ​လျင်​စ​လို ​ဆ​န္ဒ ​စော​ပြီး​လုပ်​ကိုင်​တာ​မျိုး​ဟာ ​အ​ကျိုး​ရှိ ​သင့်​သ​လောက်​မ​ရှိ​တတ်​တဲ့ ​အ​ပြင်​အ ​ဆင်​မ​ပြေ​လျှင်​အ​ကျိုး​ယုတ်​သွား​တတ် ​တာ​မျိုး​တောင်​ရှိ​တယ်​မ​ဟုတ်​လား။

တ​ချို့​က​လည်း ​ကိုယ့်​လုပ်​ငန်း ​တွေ​အ​ဆင်​ပြေ​ချော​မွေ့​ရုံ​မ​က ​အ​ကောင်း​ဆုံး​ဖြစ်​နိုင်​ဖို့​အ​တွက်​အ ​လုပ်​ကို​ဖြည်း​ဖြည်း​မှန်​မှန်​နဲ့ ​သေ​သေ ​သပ်​သပ်​လုပ်​ကြ​စေ​ချင်​တဲ့ ​ဆ​န္ဒ​နဲ့ ‘‘​လက်​ဖက်​ကောင်း​စား​ချင်​လျှင် ​ပ​လောင်​တောင်​တက်​နှေး​ရ​မယ်’’ ​ဆို ​တဲ့​စ​ကား​ကို​သုံး​နှုန်း​ကြ​သေး​တယ်။ ​အ​များ​စု​လက်​ခံ​နေ​တဲ့ ​စ​ကား​တွေ ​ဖြစ်​ပေ​မဲ့​ဒါ​ကို ​အ​ကျယ်​ချဲ့​တွေး​မယ် ​ဆို​လျှင်​တော့​လက်​ဖက်​ခူး​တဲ့ ​ပ​လောင် ​တွေ​တစ်​လှမ်း​ချင်း ​လက်​ဖက်​ပင် ​ပေါက်​ရှိ​ရာ ​တောင်​စောင်း​တွေ​မှာ ​ဖြည်း​ဖြည်း​နှေး​နှေး​နဲ့ ​အ​တက်​နှေး​နေတိုင်း​လည်း ​လက်​ဖက်​ကောင်း​သေ​ချာ ​ပေါက်​စား​ရ​ပြီ​လို့​ပြော​လျှင် ​မ​ရ​နိုင်​ဘူး ​ဆို​တာ​ထောက်​ပြ​ချင်​တယ်။ ​ရွေ​ဖှီ​ချိန် ​လက်​ဖက်​နု​နု​လေး​တွေ ​မ​ပေါက်​ခင် ​လက်​ဖက်​ရွက်​အ​အို​အ​ဟောင်း​တွေ ​ကြား​က ​မ​နု​တ​နု​အ​ရွက်​တွေ​သာ ​ရှိ​သေး​တဲ့​အ​ချိန်​မျိုး​မှာ ​လက်​ဖက်​ခူး ​မယ့်​သူ​တွေ​တောင်​တတ်​နှေး​ရုံ​မ​က ​လမ်း​မှာ​တင်​အိပ်​နေ​ကြ​လျှင်​လည်း ​လက်​ဖက်​ကောင်း​စား​ရ​ဖို့ ​အ​ကြောင်း ​မ​ရှိ​နိုင်​ဘူး​လို့ ​ပြော​ချင်​ပါ​တယ်။ ​ဘာ​ကြောင့်​လဲ​ဆို​တော့ ​လက်​ဖက် ​ဆို​တာ ​ရာ​သီ​အ​ချိန်​အ​ခါ​နဲ့ ​အ​ညွန့် ​အ​တက်​ထွက်​ကြ​တာ၊ ​လက်​ဖက်​ညွန့် ​နု​နု​လေး​တွေ​ထွက်​တဲ့ ​ရွေ​ဖှီ​ချိန်​ရောက် ​မှ​သာ ​လက်​ဖက်​ခူး​ကြ​ရ​တာ​ဖြစ်​လို့​ပါ ​အဲ​ဒီ​အ​ခြေ​အ​နေ​ကို ​မ​သိ​ဘဲ​မ​စောင့်​ဘဲ ​အ​ရွက်​ကြမ်း​ကြီး​တွေ​ကို ​ခူး​မယ့် ​ပ​လောင်​တွေ ​ဘယ်​လို​ခြေ​လှမ်း​နှေး​နေ ​နေ​လက်​ဖက်​ကောင်း​စား​ရ​ဖို့​မ​လွယ်​ပါ ​ဘူး။

တ​ကယ်​က ​ရွက်​နု​ရွက်​သစ်​တွေ ​ထွက်​လာ​မယ့် ​အ​ချိန်​အ​ခါ​ကို​လည်း ​စောင့်၊ ​အ​ချိန်​အ​ခါ​ရောက်​လာ​တဲ့​အ​ခါ ​ကိုယ်​လုပ်​ရ​မယ့်​အ​လုပ်​ကို ​စ​နစ်​တ​ကျ ​နဲ့​သေ​သေ​သပ်​သပ်​လုပ်၊ ​ဒါ​ဆို​လျှင် ​တောင်​ခါး​ပန်း​တွေ​မှာ​ရှိ​တဲ့ ​ရွေ​ဖှီ​ရွက်​နု ​တွေ​မြွ​ကင်း​မ​ကျန် ​သိမ်း​လို့​ရ​ပါ​လိမ့် ​မယ်။ ​အား​လုံး​ပဲ ​လက်​ဖက်​ကောင်း ​တွေ​စား​ရ​လိမ့်​မယ်။ ​ဒါ​နဲ့ ​ဆန့်​ကျင်​စွာ ​ပဲ​စောင့်​ရ​မယ့်​အ​ချိန်​ကို ​မ​စောင့် ​နိုင်​လျှင်​ပဲ​ဖြစ်​ဖြစ်၊ ​အ​ချိန်​အ​ခါ​ရောက် ​လာ​ပါ​လျက် ​အ​ခြေ​အ​နေ​အ​ရ ​အ​လုပ် ​ကိုင်​နိုင်​လျှင်​ပဲ​ဖြစ်​ဖြစ် ​အ​ကျိုး​မဲ့​သွား ​တတ်​ပါ​တယ်။ 

တ​ကယ်​တော့ ​တ​ချို့​ကိ​စ္စ​တွေ​မှာ    ​စောင့်​ဆိုင်း​ရ​တယ်​ဆို​တာ​မျိုး​ဟာ ​အင်​မ​တန်​စိတ်​ရှည်​ရ၊ ​ငြီး​ငွေ့​စ​ရာ ​ကောင်း​လှ​တာ​အ​မှန်​ပါ။ ​ဒါ​ပေ​မဲ့ ​စိတ်​ရှည်​လက်​ရှည် ​စောင့်​ဆိုင်း​နိုင်​သူ ​တွေ​အ​တွက် ​အ​ကျိုး​ယုတ်​တယ်​ဆို ​တာ​မ​ရှိ​တဲ့ ​အ​ကြောင်း​ကို ​ဂျာ​မန် ​တွေ​က ​'' Time brings everything to those who can wait for it." ဆို​ပြီး ​အ​ချိန်​ကို​စောင့်​နိုင်​တဲ့ ​လူ​တွေ ​အ​တွက်​အ​ရာ​ရာ​ကို ​သယ်​ဆောင် ​လာ​လိမ့်​မယ်​လို့ ​ပြော​ကြ​လေ့​ရှိ​ပါ ​တယ်။ ​အင်​မ​တန်​လှ​ပ​တဲ့​အ​သုံး ​က​လေး​ပါ။

ကျ​နော်​တို့ ​မြန်​မာ​တွေ​က​တော့ ​ဒီ​လို​ပြော​ကြ​ပါ​တယ်။ ‘ ​အ​ရိပ်​မ​လာ ​ခင်​နေ​ပူ​က​စောင့်’ ​ရ​မ​တဲ့။ ​ဒါ​လည်း ​ဟုတ်​တာ​ပဲ။ ​သစ်​ရိပ်​တစ်​ခု​ကို ​ခို​ချင် ​လျှင်​ဒါ​မှ​မ​ဟုတ်​ကိုယ့်​ရဲ့​အ​ကြံ​အ​စည် ​တစ်​ခု​ကို ​အ​ကောင်​အ​ထည်​ဖော်​ချင် ​လျှင်​အ​ရိပ်​ဖြစ်​မ​လာ​ခင်​နေ​ပူ​ရဲ့​ဒဏ်​ကို ​ခံ​ပြီး ​စောင့်​ရ​သ​လို​ခက်​ခဲ​ကျပ်​တည်း​မှု ​တွေ​ကို ​ဆင်း​ဆင်း​ရဲ​ရဲ​နဲ့ ​ရင်​ဆိုင်​ဖြတ် ​သန်း​ရဲ​ရ​မှာ​ဖြစ်​ပါ​တယ်။ ​နေ​ပူ​ထဲ​က ​သူ​တွေ​ဆီ ​အ​ရိပ်​က​မ​လွဲ​မ​သွေ​ပေါ် ​ကျ​လာ​သ​လို ​အောင်​ပွဲ​ဟာ​လည်း ​စောင့်​နိုင်​တဲ့​သူ​များ​ရဲ့​ဘက်​ကို ​အ​သေ ​အ​ချာ​ရောက်​လာ​ရ​မယ်​လို့ ​ယုံ​ကြည် ​နေ​သင့်​ပါ​တယ်။

မိုး​ကောင်း​ကင်​မှာ ​တိမ်​ညို​တိမ်မည်း​တွေ​ဟာ​ထာဝ​ရ​ဖုံး​အုပ်​ထား​လို့​မ​ရ ​ပါ​ဘူး။ ​အ​ချိန်​ကာ​လ​တစ်​ခု​အ​ထိ​ဖုံး ​အုပ်​ထား​နိုင်​တယ်​ထား။ ​အ​လင်း​ရောင် ​သန်း​နေ​တဲ့ ​ဘက်​တစ်​ဖက်၊ ​ဒါ​မှ ​မ​ဟုတ်​ငွေ​ရောင်​အ​နား​ကွပ်​ထား​တဲ့ ​ဘက်​တစ်​ဖက်​က​တော့​မ​လွဲ​မ​သွေ ​ရှိ​နေ​ပါ​လိမ့်​မယ်။ ​အ​တိုင်း​အ​တာ​အ​ရ ​သေး​ချင်​သေး​မယ်။ ​အင်​မ​တန် ​အား​နည်း​ကောင်း​လည်း ​အား​နည်း​နေ ​နိုင်​ပါ​တယ်။ ​ဒါ​ပေ​မဲ့ ​တိမ်​တိုက် ​တိမ် ​မည်း​တွေ​ကို ​လေ​က​သယ်​ဆောင်​သွား ​တဲ့​အ​ချိန်​မှာ ​အ​မှန်​တ​ကယ်​ပဲ ​ကောင်း ​ကင်​ပြာ​ကြီး​ဟာ ​တောက်​ပ​သွား​မှာ ​သေ​ချာ​ပါ​တယ်။

စိတ်​ရှည်​ရှည်​စောင့်​ဆိုင်း​တတ်တာ​နဲ့​ပတ်​သက်​လျှင်​ဘီ​စီ-၂၅၀ ​ကျော် ​ကျော်​လောက်​က ​ပေါ်​ပေါက်​ခဲ့​တဲ့ ​ရော​မ​မြို့​သား ​ပြ​ဇာတ်​ရေး​ဆ​ရာ ‘​ပ​လော​တပ်’ ​ရဲ့​စ​ကား​က​လည်း​မှတ် ​သား​စ​ရာ​ကောင်း​ပါ​တယ်။ ‘‘ ​စိတ်​ရှည် ​မှု​ဟာ ​အ​ခက်​အ​ခဲ​ပြ​ဿ​နာ​ကို ​ကု​ပေး ​တဲ့ ​အ​ကောင်း​ဆုံး ​ကု​သ​မှု​ပါ​ပဲ’’ ​တဲ့။ ​ဟုတ်​ပါ​တယ်၊ ​ရင်​ဆိုင်​နေ​တဲ့ ​အ​ခက် ​အ​ခဲ​တွေ၊ ​ပြ​ဿ​နာ​တွေ​ဆို​တာ​က ​ထာဝ​ရ ​တည်​တံ့​နေ​မှာ​မှ ​မ​ဟုတ်​တာ။ ​အဲ​ဒီ​အ​ခက်​အ​ခဲ​တွေ၊ ​ပြ​ဿ​နာ​တွေ​ကို ​ကျော်​လွှား​နိုင်​ဖို့​အ​တွက် ​စိတ်​ရှည်​ရှည် ​နဲ့ ​သည်း​ခံ​စောင့်​ဆိုင်း​တတ်​မှု​ဟာ  ​အ​ရေး​ကြီး​ပါ​တယ်။

တ​ချို့​က​တော့ ‘ ​တုံး​တိုက်​တိုက် ​ကျား​ကိုက်​ကိုက်’ ​ဆို​သ​လို​တစ်​ဇွတ်​ထိုး ​လုပ်​တတ်​ကြ​တယ်။ ​လုပ်​ချင်​ကြ​တယ်။ ​အ​ချိန်​အ​ခါ​ကို ​မ​စောင့်​ဘဲ ​ဒီ​လို​မိုက်​ရူး ​ရဲ​လုပ်​တတ်​တဲ့ ​အ​ပြု​အ​မူ​ဟာ ​သ​တ္တိ​ရှိ ​သူ​တစ်​ဦး​ဦး​ရဲ့ ​အ​ပြု​အ​မူ​မ​ဟုတ်​ဘဲ​မိုက် ​ရူး​ရဲ​တစ်​ဦး​ရဲ့ ​အ​ပြု​အ​မူ​ပဲ​ဖြစ်​ပေ​လိမ့် ​မယ်။ ​နံ​ရံ​ကို ​ပစ်​ခတ်​ဖောက်​ခွဲ​နိုင်​တဲ့ ​အ​မြောက်​တစ်​လက်​ရောက်​မ​လာ​ခင် ​စိတ်​မ​ရှည်​တာ​ကြောင့် ​နံ​ရံ​ကို ​ခေါင်း​နဲ့ ​တိုက်​ပြီး​ဖြို​ချင်​တဲ့​သူ​တွေ​ရဲ့ ​အ​ပြု​အ​မူ ​မျိုး​ပဲ​ဖြစ်​ပါ​လိမ့်​မယ်။ ​တ​ကယ်​တော့ ​အ​ချိန်​တွေ​ကို ​တည်​တည်​ငြိမ်​ငြိမ်​နဲ့ ​စောင့်​ဆိုင်း​ရင်း ​ကိုယ့်​လက်​ထဲ​ကို ​အ​မြောက်​တစ်​လက်​ရောက်​မှ ​နံ​ရံ​ကြီး ​ပြို​သွား​အောင် ​ပစ်​ခတ်​ဖျက်​ဆီး​နိုင်​မှ ​သာ​သ​တ္တိ​ရှိ​သူ​တစ်​ယောက်​ဖြစ်​နိုင်​ပေ ​မ​ပေါ့။ 

ဒီ​တော့ ​စိတ်​ရှည်​တာ၊ ​သည်း​ခံ ​တာ၊ ​စောင့်​ဆိုင်း​နိုင်​တာ​တွေ​ဟာ ​အ​ကျိုး​မဲ့ ​မ​ဖြစ်​ဘူး​ဆို​တာ​ယုံ​စေ​ချင် ​တယ်။ ​ကိုယ်​ရည်​မှန်း​ရာ​ပန်း​တိုင်​ကို ​မ​ရောက်​မ​ချင်း ​စောင့်​ဆိုင်း​ကြိုး​ပမ်း​နိုင်ရ​ပါ​မယ်။ 

ဒါ​မှ​သာ ​ကိုယ်​ဖြစ်​စေ​ချင်​တာ​တွေ​ဖြစ်​လာ​ပါ​လိမ့်​မယ်။

 

 

ထက်​ကျော်