ကြောက်​တတ်​လို့​ပါ

ကြောက်​တတ်​လို့​ပါ
19, December 2016
Total View : 343

ဟို​တစ်​လော​က​ဆ​ရာ​မ ​မ​သီ​တာ (​စမ်း​ချောင်း) ​ရေး​တဲ့ ‘‘​အ​ရေး​အ​သား ​များ’’​ဆို​တဲ့​စာ​အုပ်​က​လေး​ထဲ​က ‘‘​သင် ​ကြောက်​ရဲ​ပါ​စေ’’ ​ဆို​တဲ့ ​ခေါင်း​စဉ်​နဲ့ ​ဆောင်း​ပါး​လေး​ကို​ဖတ်​မိ​ခဲ့​တယ်။ ​ဆ​ရာ​မ ​မ​သီ​တာ​က​ကြောက်​တတ်​ဖို့ ​ကို​လေ့​ကျင့်​ပေး​ဖို့​တိုက်​တွန်း​ထား​တာ​ကို ​ဖတ်​မိ​တော့​ကြောက်​တတ်​တဲ့​ကျ​မ​ရဲ့ ​စိတ်​ကို​ချီး​ကျူး​မိ​သွား​ပါ​တယ်။ ​ကျ​မ ​ကိုယ်​ကျ​မ​လည်း ​ပြန်​ပြီး​ဆန်း​စစ်​မိ​သွား ​ပါ​တယ်။ ‘‘​ကျ​မ​ဘာ​တွေ​ကို​ကြောက် ​နေ​တာ​လဲ။ ​ကြောက်​ရ​တာ​ကော ​ကောင်း​လား’’ ​ဆို​ပြီး။

ဟုတ်​တယ်၊ ​ကျ​မ​က​ကြောက် ​တတ်​တယ်။ ​ကျ​မ​ငယ်​စဉ်​က​တည်း​က ​မ​သိ​စိတ်​က​နေ ​လေ့​ကျင့်​ပေး​ခဲ့​သ​လို ​ဖြစ်​တဲ့​အဲ​ဒီ​အ​ကြောက်​တ​ရား​ကို ​အ​ခု ​အ​ချိန်​မှာ​ကျေး​ဇူး​တင်​မိ​တယ်။ ​အဲ​ဒီ ​ကြောက်​စိတ်​ကြောင့်​လည်း ​ကျ​မ​ဘ၀ ​မှာ ​အောင်​မြင်​မှု​ရ​ခဲ့​တာ​ကြောင့်​ပါ။

ကျ​မ​ငယ်​စဉ်​က ​အ​ရိုက်​ခံ​ရ​မှာ၊ ​အ​ဆူ​ခံ​ရ​မှာ​ကို​ကြောက်​ခဲ့​တယ်။ ​ဒါ​ကြောင့်​ကျ​မ​မိ​ဘ​တွေ​နဲ့​ဆ​ရာ​သ​မား ​တွေ​ရဲ့​စ​ကား​ကို ​နား​ထောင်​ခဲ့​တယ်။ ​ဆ​ရာ​စာ​မေး​လျှင်​မ​ရ​မှာ ​ကြောက်​လို့ ​တစ်​နေ့​စာ​ကို​တစ်​နေ့​ရ ​အောင်​ကျက် ​ခဲ့​တယ်။ ​စာ​မေး​ပွဲ​ကျ​လျှင်​စာ​ညံ့​လျှင် ​အ​တန်း​ထဲ​မှာ​ရော ​တ​ခြား​သူ​တွေ​က​ပါ ​နှိမ်​မှာ​ကို​ကြောက် ​ခဲ့​တယ်။ ​ဒါ​ကြောင့် ​ကြိုး​စား​ခဲ့​တယ်။ ​လူ​ကြီး​တွေ၊ ​မိ​ဘ​တွေ ​မ​ပါ​ဘဲ​သူ​ငယ်​ချင်း​တွေ​နဲ့ ​အ​တူ​အ​ပြင် ​လျှောက်​သွား​လျှင်​တစ်​ခု​ခု​ဖြစ်​မှာ​ကို ​ကြောက်​လို့​မ​သွား​ခဲ့​ဘူး။ဒါ​တွေ​က ​ငယ်​စဉ်​က ​ကျ​မ​ကြောက်​ခဲ့​တဲ့​အ​ရာ ​တွေ​ထဲ​က ​တ​ချို့​တစ်​ဝက်​ပါ။

အဲ​ဒီ​တော့ ​ကျ​မ​ငယ်​ငယ်​တုန်း​က ​လူ​ကြီး​မိ​ဘ​တွေ​စ​ကား​ကို​နား​ထောင် ​လို့​လိ​မ္မာ​တဲ့​သူ​ဖြစ်​ခဲ့​တယ်။ ​စာ​ကြိုး​စား ​ခဲ့​လို့​စာ​တော်​တဲ့​သူ​တစ်​ယောက် ​ဖြစ်​ခဲ့​တယ်။ ​လူ​ကြီး​တွေ​မ​ပါ​ဘဲ ​လျှောက်​မ ​သွား​တော့ ​အ​န္တ​ရာယ်​ကင်း ​ခဲ့​တယ်။ဒါ​တွေ ​ကို​ကျ​မ​ပိုင်​ဆိုင်​ခဲ့​တယ်။

‘‘​ကြောက်​တတ်​ပါ’’​လို့​ကျ​မ​က ​ပြော​လိုက်​လျှင်​ကျ​မ​ကို ‘‘​သူ​ရဲ​ဘော ​ကြောင်​သူ’’ ​လို့​ထင်​မ​လား​မ​သိ​ပါ​ဘူး။ ​တ​ကယ်​တော့ ​ကျ​မ​က​သ​တ္တိ​ရှိ​သူ​ပါ။ ​သ​တ္တိ​ရှိ​လွန်း​လို့​လည်း ​ကြောက်​တတ် ​တဲ့​သ​တ္တိ​တွေ​ကို ​မွေး​မြူ​လာ​ခဲ့​ရ​တယ်။ ​တ​ကယ်​တော့ ​ကျ​မ​ပြော​တဲ့ ‘‘​ကြောက် ​တတ်​ခြင်း’’​ဆို​တာ​က‘‘​အ​လွန်​စိုး​ရိမ် ​တတ်​ခြင်း’’​ဆို​လည်း​မ​မှား​ပါ​ဘူး။ ​အောက်​မှာ​ရှိ​တဲ့​အ​ချက်​တွေ​က ​လက်​ရှိ ​မှာ​ကျ​မ ​ရဲ့​ကြောက်​တတ်​တဲ့​အ​ချက် (၅)​ချက်​ပါ။

(၁) ​ကျ​မ​မိ​ဘ​တွေ​က ​ကျ​မ​ကြောင့် ​ဂုဏ်​သိက္ခာ​ကျ​ဆင်း​မှာ​ကို​ကြောက်​တယ်

ဒီ​ကြောက်​တဲ့​စိတ်​ကြောင့် ​ကျ​မ ​စိတ်​က​လှုံ့​ဆော်​တဲ့ ​မ​ကောင်း​မှု​တစ်​စုံ ​တစ်​ခု​ကို ​လုပ်​တော့​မယ့်​အ​ခါ​တိုင်း ​မ​လုပ်​ရဲ​တော့​ဘူး။ ​ကြောက်​နေ​မိ​လို့​ပါ။ ​ကျ​မ​မိ​ဘ​ရဲ့​သိက်​ခာ​ကျ​မှာ​ကို ​သိပ် ​ကြောက်​တယ်​လေ။ ​ဥ​ပ​မာ- ​ကျ​မ ​ဖြေ​ဆို​တဲ့​စာ​မေး​ပွဲ​တွေ​မှာ ​ကျ​မ​ရိုး​သား ​ခဲ့​တယ်။ ​ကျ​မ​လို​ချင်​တဲ့ ​သူ​များ​ပိုင် ​ပ​စ္စည်း​တွေ​ကို ​ကျ​မ​တိတ်​တ​ဆိတ် ​မ​ယူ​ခဲ့​တော့​ဘူး၊ ​စွန့်​လွ​တှ်​ခဲ့​တယ်။ ​လုပ်​ငန်း​ခွင်​မှာ​လည်း​ရိုး​သား​မှု​ရှိ​အောင် ​နေ​ပါ​တယ်။ ​ကျ​မ​ကြောင့် ​မိ​ဘ​ရဲ့ ​ဂုဏ်​သိက်​ခာ ​ကျ​မှာ​ကို​ကြောက်​လို့​ပါ။ 

(၂) ​ကျ​မ​က ​အိပ်​ရာ​ထ​နောက်​ကျ​ပြီး ​အ​လုပ်​နောက်​ကျ​မှာ​ကို ​ကြောက်တယ်

နောက်​ကျ​တယ်​ဆို​တာ​က ​တ​ကယ်​တော့ ​နောက်​ကျ​တဲ့​သူ​ဘက် ​က​တွေး​လျှင်​တော့ ​မ​ဖြစ်​စ​လောက် ​ပါ​ပဲ။ ​တစ်​ဖက်​က ​အ​လုပ်​ရှင် ​ဒါ​မှ​မ​ဟုတ် ​စောင့်​နေ​သူ​ဘက်​က​ဆို ​လျှင်​တော့ ​နောက်​ကျ​တဲ့​သူ​ကို ​ချိန်း​ဆို ​မှု​ကို​အ​လေး​မ​ထား​တဲ့​သူ​လို့ ​ထင်​မယ်။ ​နောက်​ပြီး​အ​လုပ်​ကို ​မ​လေး​စား​တာ ​လို့​လည်း​ထင်​ပါ​မယ်။ ​ဒါ​ကြောင့် ​ကျ​မ​က​ည​ဘက်​ဆို​စော​စော​အိပ်​ရာ​ဝင် ​နိုင်​အောင်​ကြိုး​စား​တယ်။ ​နောက်​နေ့ ​ဝတ်​ဖို့​အ​ဝတ်​အ​စား​တွေ​ကို​လည်း ​ကြို​တင်​ပြင်​ဆင်​ထား​တယ်။ ​အိပ်​ပျော် ​နိုင်​အောင် ​စာ​နည်း​နည်း​ဖတ်​လိုက်​ပါ ​တယ်။  ​ပြီး​လျှင်​တော့ ​နှိုး​စက်​လေး ​ပေး​ပြီး ​နောက်​နေ့​မ​နက်​အ​စော​ထ​နိုင် ​ဖို့​အိပ်​စက်​ပါ​တော့​တယ်။ ​မ​နိုး​မှာ ​ကြောက်​လို့​နဲ့ ​နောက်​ကျ​မှာ​ကြောက် ​လို့​အိပ်​ပျော်​အောင် ​ကြိုး​စား​ပါ​တော့ ​တယ်။ 

(၃) ​အ​ပြင်​ထွက်​တဲ့​အ​ခါ ​ကျ​မ​ဖ​ရို​ဖ​ရဲ ​ဖြစ်​နေ​တဲ့​အ​ချိန်​မှာ ​အ​ရေး​ကြီး​တဲ့ ​သူ​တွေ​နဲ့​အ​ရေး​ကြီး​တဲ့​ကိ​စ္စ​တွေ​ကို​ကြုံ ​ရ​မှာ​ကျ​မ​ကြောက်​တယ်

ကျ​မ​ရဲ့​နုံ​ချာ​တဲ့​ပုံ​နဲ့ ​မ​သေ​သပ် ​တဲ့​ပုံ​စံ​ကို​တွေ့​ပြီး ​ကျ​မ​ကို​အ​ထင်​သေး ​မှာ​ကို​ကြောက်​ပါ​တယ်။ ​ကျ​မ​တို့​အ ​နေ​နဲ့​အ​ပြင်​ထွက်​တဲ့​အ​ခါ​မှာ ​မ​မျှော် ​လင့်​ဘဲ ​အ​ကြောင်း​အ​မျိုး​မျိုး ​နဲ့​ကြုံ​နိုင်​ပါ​တယ်။ ​လူ​အ​မျိုး​မျိုး​နဲ့​လည်း ​ကြုံ​နိုင်​ပါ​တယ်။ ​ကျ​မ​ရဲ့​စီး​ပွား​ရေး​ကို ​ကျ​မ​ရဲ့​ပုံ​စံ​က​ထိ​ခိုက်​စေ​မှာ​ကို ​ကြောက် ​ပါ​တယ်။ ​ဒါ​ကြောင့် ​ကျ​မ​အ​ပြင် ​ထွက်​တိုင်း​သပ်​သပ်​ရပ်​ရပ်​နဲ့​ဝတ်​စား ​တတ်​ပါ​တယ်။ ​ပြင်​ဆင်​တတ်​ပါ​တယ်။ ​အိတ်​ထဲ​မှာ​လည်း​ကျ​မ​ရဲ့​လုပ်​ငန်း​ကတ် ​လေး​တွေ​ကို​အ​မြဲ​ဆောင်​ထား​ပါ ​တယ်။ ​ဒီ​လို​လုပ်​တာ​က ​ကျ​မ​ပုံ​စံ​ကို ​ကြည့်​ပြီး​ကျ​မ​အ​ရည်​အ​ချင်း​တွေ​ကို ​မ​ယုံ​ကြည်​ကြ​မှာ​ကို ​ကြောက်​လို့​ပါ။

(၄) ​ကျ​မ ​မိတ်​ဆွေ​တွေ​က ​ကျ​မ​ကို ​အ​တ္တ​ကြီး​သူ​လို့​ထင်​မှာ​ကြောက်​တယ်

တ​ကယ်​တော့ ​တစ်​ခါ​တစ်​ရံ​မှာ ​ကျ​မ​တို့​က ​ကိုယ့်​ရဲ့​အ​လုပ်​ကို​ပြီး ​မြောက်​အောင်​မြင်​ဖို့​ကို​ပဲ ​အာ​ရုံ​စိုက် ​နေ​တတ်​လို့ ​တ​ခြား​သူ​တွေ​ရဲ့​ခံ​စား ​ချက်​နဲ့​လို​အပ်​တာ​တွေ​ကို ​လျစ်​လျူ​ရှု ​မိ​တတ်​ကြ​ပါ​တယ်။ ​တ​ခြား​သူ​အ​ကျိုး ​ဖြစ်​ထွန်း​ပါ​စေ​ဆို​တဲ့၊ ​သိ​ပါ​စေ​ဆို​တဲ့ ​စေ​တ​နာ​တွေ​နဲ့​လည်း ​ကိုယ်​တိုင်​က​ပဲ ​စ​ကား​တွေ​ပြော​နေ​မိ​တတ်​ပါ​တယ်။ ​ကိုယ်​က​များ​များ​ပြော​နေ​တာ​က ​တ​ကယ်​တော့ ​သူ​များ​ကို​စေ​တ​နာ​တွေ ​ပို​နေ​တာ​လည်း​ပါ​ပါ​တယ်။ ​ဒါ​ပေ​မဲ့ ​နား​ထောင်​နေ​သူ​တွေ​ဘက်​က​ကျ​တော့ ​သူ​တို့​ကို​ပြော​ခွင့်​မ​ပေး​တဲ့​သူ​လို့​ပဲ ​ထင်​ကြ​မှာ​ပါ။ ​ဒီ​တော့ ​ကျ​မ​က ​အဲ့​ဒီ ​လို​တွေ​အ​ထင်​ခံ​ရ​မှာ​ကို​ကြောက်​လို့ ​စ​ကား​ဝိုင်း​မှာ ​ကိုယ်​က​များ​များ​နား ​ထောင်​ပြီး​နည်း​နည်း​ပြော​ပေး​ပါ​တယ်။ ​တ​ခြား​သူ​တွေ​ကို​လည်း ​အ​လှည့်​ပေး ​ပြီး​ပြော​ခွင့်​ပေး​လိုက်​တယ်။ ​အ​တ္တ​ကြီး ​တယ်​လို့​အ​ထင်​ခံ​ရ​မှာ​ကို ​ကြောက်​လို့ ​ပါ။

(၅) ​ကျ​မ​က​အ​နေ​အ​စား​ဆင်း ​ရဲ​မှာ​ကို​ကြောက်​တယ်၊ ​မ​အောင်​မြင် ​မှာ​ကို​ကြောက်​တယ်

ဟုတ်​ပါ​တယ်၊ ​ကျ​မ​မှ​မ​ဟုတ်​ပါ ​ဘူး။ ​စာ​ဖတ်​သူ​အား​လုံး​လည်း ​အ​နေ​အ​စား​ဆင်း​ရဲ​မှာ​ကို​ကြောက်​တာ ​ပါ​ပဲ။ ​ကျ​မ​က​ကြောက်​တတ် ​လွန်း​တာ ​ဆို​တော့ ​မ​ဆင်း​ရဲ​အောင်​ကြိုး​စား ​ပါ​တယ်။ ​ဒါ​ကို ​ကျ​မ​ငယ်​ငယ်​လေး ​က​တည်း​က​ကြောက်​တာ​ပါ။ ​မ​ချမ်း ​သာ​တဲ့၊ ​နုံ​ချာ​တဲ့​မိ​သား​စု​က ​မွေး​ဖွား ​လာ​တော့​ဆင်း​ရဲ​တဲ့​ဒဏ်​ကို ​အ​သိ​ဆုံးြု​ဖစ်​လို့​ကျ​မ​ကြောက်​ခဲ့​ပါ​တယ်။ ​ဒါ​ကြောင့် ​ဖြစ်​လို့​ကျ​မ​အ​ရွယ်​ရောက်​လာ​လျှင်​တော့ ​ချမ်း​သာ​အောင်​လုပ်​နိုင်​ရ​မယ်​ဆို​ပြီး ​ကြိုး​စား​ခဲ့​ပါ​တယ်။ ​ဆင်း​ရဲ​မှာ​ကို​ကျ​မ ​သိပ်​ကြောက်​လို့​ပါ။ ​ဒါ​ကြောင့်​လည်း ​ပ​ညာ​ရေး​မှာ​ဖြစ်​ဖြစ်၊ ​စီး​ပွား​ရေး​မှာ​ဖြစ် ​ဖြစ်​ကျ​မ​ကြိုး​စား​လိုက်​တယ်။ ​အ​ခု​ဆို ​လျှင်​လည်း ​ဆင်း​ရဲ​မှာ​ကို​ကြောက်​လို့၊ ​မ​အောင်​မြင်​မှာ​ကို​ကြောက်​လို့ ​အ​ရည် ​အ​ချင်း​ရှိ​အောင်​ကျ​မ​ကြိုး​စား​နေ​တယ်။ ​ရာ​ထူး​မြင့်​အောင်၊ ​စီး​ပွား​ရေး​တိုး​တက် ​အောင်​ကြိုး​စား​မှ ​မ​ဆင်း​ရဲ​မှာ​ပါ။ ​မ​ကျ​ရှုံး​မှာ​ပါ။ ​ကျ​မ​ကြောက်​တတ် ​လွန်း​လို့​ကို​ကြိုး​စား​နေ​တာ​ပါ။အ​ထက် ​မှာ​ကျ​မ​ပြော​ခဲ့​တဲ့ ​ကျ​မ​ရဲ့​လက်​ရှိ ​ကြောက်​တတ်​တဲ့​အ​ချက်(၅)​ချက် ​ကြောင့်​လက်​ရှိ​မှာ​ကျ​မ​ကြိုး​စား​နေ​ပါ ​တယ်။ ​တ​ကယ်​လည်း​ကြောက်​လွန်း ​လို့​ကို ​မ​ရ​မ​က​ကြိုး​စား​နေ​ရ​တာ​ပါ။ ​တ​ခြား​ကြောက်​စ​ရာ​လေး​တွေ​လည်း ​ကျ​မ​မှာ​ရှိ​နေ​သေး​ပါ​တယ်။ ​အဲ​ဒီ ​ကြောက်​စ​ရာ​လေး​တွေ​က​လည်း ​ကျ​မ​အ​တွက်​အ​ကျိုး​ရှိ​စေ​တဲ့​အ​ရာ ​တွေ​လို့​ယုံ​ကြည်​ပါ​တယ်။ ​ဒါ​ကြောင့် ​စာ​ရေး​သူ​က​တော့​တ​ကယ့်​ကို​ကြောက် ​တတ်​သူ​ဖြစ်​နေ​ပါ​ပြီ။ ​ငယ်​ငယ်​လေး ​က​တည်း​က​လည်း​ကြောက်​ခဲ့​တယ်။ ​အ​ခု​ထိ​လည်း​ကြောက်​တတ်​တယ်။ ​နောင်​လည်း​ကြောက်​နေ​မှာ​ပါ။ ​ဒါ​ပေ ​မဲ့​ကျ​မ​ကြောက်​တတ်​တာ​ကို​ကျ​မ​ကျေ ​နပ်​ပါ​တယ်။ ​စာ​ဖတ်​သူ​တို့ ​ရော​ဘာ ​တွေ​ကို​ကြောက်​တတ်​လဲ။ ​အဲ​ဒီ ​ကြောက်​စ​ရာ​တွေ​ကို​ရော​ကျေ​နပ်​မိ​ရဲ့ ​လား။

ရ​တ​နာ​မိုး