နှစ်​သစ်​မှာ ​လုပ်​ငန်း​ခွင်​ကို​ယူ​မ​သွား​သ​င့်​တာ​တွေ

နှစ်​သစ်​မှာ ​လုပ်​ငန်း​ခွင်​ကို​ယူ​မ​သွား​သ​င့်​တာ​တွေ
18, December 2016
Total View : 552

မ​ကြာ​ခင်​နှစ်​ဟောင်း​ကုန်​လို့ ​နှစ်​သစ် ​ကူး​တော့​မယ်။ ​လူ​သား​တွေ​အ​နေ​နဲ့​လည်း ​တ​ချို့​မ​လို​အပ်​တော့​တဲ့ ​စိတ်​ဓာတ်​အ ​ဟောင်း​တွေ​ကို​စွန့်​လွ​တှ်​ပြီး ​ပြု​ပြင်​သ​င့်​တဲ့ ​စိတ်​ဓာတ်​အ​သစ်​တွေ​ကို​မွမ်း​မံ​ပြီး​နေ​သ​င့်​တဲ့ ​အ​ချိန်​ရောက်​လာ​ပြီ။ ​နှစ်​သစ်​မှာ​စိတ်​သစ် ​လူ​သစ်​နဲ့ ​လုပ်​ငန်း​ခွင်​မှာ​အ​ခု​နှစ်​ထက်​ပို ​မို​ပြီး​ကြိုး​စား​ဖို့၊ ​အောင်​မြင်​ဖို့၊ ​လုပ်​ဖော် ​ကိုင်​ဖက်​တွေ​နဲ့​အ​ခု​ထက်​ပို​မို​ပြီး ​ပေါင်း​သင်း ​ဆက်​ဆံ​ရေး​အ​ဆင်​ပြေ​စေ​ရ​ဖို့​ပဲ​ဖြစ်​ပါ ​တယ်။ ​အဲ​ဒီ​လို​ဖြစ်​ဖို့​အ​တွက် ​နှစ်​သစ်​ကို ​ယူ​မ​သွား​သ​င့်​တဲ့​နှစ်​ဟောင်း​မှာ ​ပဲ​ထား​ခဲ့​ရ ​မယ့်​အ​ရာ​တွေ​ကို​ဖော်​ပြ​ပေး​ချင်​ပါ​တယ်။

ရှုံး​နိမ့်​ရ​တာ​တွေ​အ​တွက် ​စိတ်​ဓာတ်​ကျ​ခြင်း​တွေ​ကို​ထား​ခဲ့​ပါ

လူ​တိုင်း​က ​ရှုံး​နိမ့်​ဖူး​ကြ​တဲ့​သူ​တွေ​ပါ​ပဲ။ ​တစ်​ခါ​မှ​မ​ရှုံး​နိမ့်​ဖူး​တဲ့​သူ​က ​ဘာ​မှ​မ​လုပ်​ဖူး ​တဲ့​သူ​တစ်​ယောက်​ပါ။ ​ဘယ်​အ​လုပ်​မ​ဆို ​အောင်​မြင်​မှု​နဲ့​ရှုံး​နိမ့်​မှု ​ဒီ​နှစ်​ခု​ပဲ​ရှိ​တဲ့​အ​ထဲ ​ကိုယ်​က​အ​မြဲ​တမ်း​တော့ ​မ​အောင်​မြင်​နိုင်​ပါ ​ဘူး။ ​ရှုံး​နိမ့်​မှု​ထဲ​မှာ ​ကိုယ့်​ရဲ့​စိတ်​ဓာတ်​ကို​ပါ ​အ​ဆစ်​ထည့်​မ​ပေး​လိုက်​မိ​ပါ​စေ​နဲ့။ ​ဒါ​ဆို ​လျှင်​တော့ ​ကိုယ်​က​တစ်​ဘ၀​လုံး​စာ​ရှုံး​နိမ့် ​သွား​တာ​ပါ။ ​လဲ​ကျ​တိုင်း​ပြန်​ထ​ပါ။ ​ရှုံး​နိမ့် ​လို့​လဲ​ကျ​သွား​တာ​က ​ပြ​ဿ​နာ​မ​ဟုတ်​ပါ ​ဘူး။ ​ပြန်​မ​ထ​တော့​တာ​က​သာ ​ပြ​ဿ​နာ ​ပါ။ ​ဒီ​တော့​ကိုယ့်​ရဲ့​ရှုံး​နိမ့်​မှု​တွေ​အ​တွက် ​ဝမ်း​နည်း​ပူ​ဆွေး​မှု​တွေ​ကို ​နှစ်​သစ်​အ​ထိ ​သယ်​မ​လာ​ပါ​နဲ့။ 

ရှုံး​နိမ့်​မှု​ဆို​တာ ​ကိုယ့်​ရဲ့​စိတ်​ဓာတ်​မ​ဆုံး ​ရှုံး​သ​ရွေ့​တော့ ​ဆုံး​ရှုံး​တယ်​လို့​မ​ခေါ်​နိုင်​ပါ ​ဘူး။ ​လုပ်​ငန်း​တစ်​ခု​ခု​မှာ ​ရှုံး​နိမ့်​သွား​တယ်​ဆို ​လျှင်​တောင် ​အဲ​ဒီ​အ​ရှုံး​က​နေ ​သင်​ယူ​စ​ရာ ​တွေ၊ ​မှတ်​သား​စ​ရာ​တွေ​ရ​နိုင်​သေး​တဲ့​အ ​တွက် ​တ​ကယ့်​ရှုံး​နိမ့်​ခြင်း​လို့​မ​ခေါ်​နိုင်​ပါ ​ဘူး။ ​ကိုယ့်​ရဲ့​စိတ်​ဓာတ်​ကို​ဆုံး​ရှုံး​သွား​တဲ့ ​တစ်​နေ့​မှ ​ကိုယ့်​အ​တွက်​အ​ရှုံး​ဆို​တာ​ရှိ​လာ ​မှာ​ပါ။ ​ဒါ​ကြောင့် ​စိတ်​ဓာတ်​ကျ​တာ​တွေ​ကို ​နှစ်​သစ်​ကို​ယူ​မ​လာ​ပါ​နဲ့။

အ​ဆိုး​မြင်​စိတ်​တွေ​ထား​ခဲ့​ပါ

ဘယ်​လို​နေ​ရာ​မှာ​မ​ဆို ​အ​ဆိုး​မြင်​စိတ် ​ရှိ​တာ​က ​မ​ကောင်း​ပါ​ဘူး။ ​ကိုယ့်​အ​တွက် ​လည်း​မ​ကောင်း​သ​လို ​ပတ်​ဝန်း​ကျင်​အ ​တွက်​လည်း​မ​ကောင်း​ပါ​ဘူး။ ​အ​ဆိုး​မြင် ​စိတ်​ရှိ​တဲ့​သူ​နဲ့ ​ဘယ်​သူ​မှ​အ​ပေါင်း​အ​သင်း ​မိတ်​ဆွေ​မ​ဖွဲ့​ချင်​ပါ​ဘူး။ ​လုပ်​ငန်း​ခွင်​ထဲ​မှာ ​အ​လုပ်​ရှင်​အ​ကြီး​အ​ကဲ​တွေ​က ​အ​ဆိုး​မြင် ​စိတ်​ရှိ​သူ​တွေ​ကို ​အ​လုပ်​မ​ခန့်​ချင်​ကြ​ပါ​ဘူး။ ​တ​ကယ်​လို့​အဲ​ဒီ​လို​လူ​မျိုး​ကို ​အ​လုပ်​ခန့်​မိ ​သွား​လျှင်​လည်း ​သူ့​ရဲ့​အ​ဆိုး​မြင်​စိတ်​တွေ ​တ​ခြား​ဝန်​ထမ်း​တွေ​မ​ကူး​စက်​အောင် ​ဂ​ရု ​တ​စိုက်​ထိန်း​သိမ်း​ကြ​ပါ​တယ်။ ​ကိုယ့်​ရဲ့ ​အ​ဆိုး​မြင်​စိတ်​ကြောင့် ​အ​ပေါင်း​အ​သင်း ​မိတ်​ဆွေ​မ​ရှိ​နိုင်​သ​လို ​ယုံ​ကြည်​ရ​မယ့်​သူ ​လည်း​မ​ရှိ​နိုင်​ပါ​ဘူး။ ​နှစ်​သစ်​မှာ​လုပ်​ငန်း ​ခွင်​မှာ​ကို​မ​ယူ​ဆောင်​သွား​ရ​မယ့်​အ​ရာ​တွေ ​ထဲ​မှာ​အ​ဆိုး​မြင်​စိတ်​တွေ​လည်း ​အ​ပါ​အ ​ဝင်​ဖြစ်​ပါ​တယ်။

မ​ကောင်း​တဲ့​စ​ရိုက်၊ ​အ​မူ​အ​ကျ​င့်​တွေ​ကိုထား​ခဲ့​ပါ

မ​ကောင်း​တဲ့​စ​ရိုက်၊ ​အ​မူ​အ​ကျ​င့်​တွေ ​က​လည်း ​နှစ်​သစ်​ကို​ယူ​မ​သွား​သ​င့်​တဲ့​အ​ရာ ​တွေ​ပါ​ပဲ။ ​လုပ်​ငန်း​ခွင်​ထဲ​မှာ​စည်း​မျဉ်း​စည်း ​ကမ်း​အ​ရ ​ကန့်​သတ်​ထား​တဲ့​အ​ရာ​တွေ​ကို ​အ​လုပ်​ရှင်​တွေ၊ ​အ​ကြီး​အ​ကဲ​တွေ​မ​သိ ​အောင် ​ကွယ်​ရာ​မှာ​လုပ်​ကိုင်​နေ​တဲ့​အ​ရာ ​တွေ​အား​လုံး​ကို ​နှစ်​ဟောင်း​မှာ​ပဲ​ထား​ခဲ့​ရ ​ပါ​မယ်။ ​ဥ​ပ​မာ​အ​နေ​နဲ့ ​အ​လုပ်​တစ်​ခု​မှာ ​ကွမ်း​မ​စား​ရ​ဘူး၊ ​ဆေး​လိပ်​မ​သောက်​ရ​ဘူး ​လို့​အ​မိန့်​ထုတ်​ပြန်​ထား​လျှင် ​အ​ကြီး​အ​ကဲ ​တွေ​နောက်​ကွယ်​မှာ ​ခိုး​လုပ်​နေ​တာ​မျိုး​တွေ ​မ​လုပ်​သ​င့်​တော့​ပါ​ဘူး။ 

နောက်​တစ်​ချက်​က ​တစ်​ဦး​နဲ့​တစ်​ဦး ​အ​ထင်​အ​မြင်​လွဲ​မှား​စေ​မယ့် ​စ​ကား​အ​ပြော ​အ​ဆို​တွေ​ကို​ရှောင်​ကြဉ်​ရ​ပါ​မယ်။ ​အ​ရပ် ​စ​ကား​နဲ့​ပြော​ရ​မယ်​ဆို​လျှင် ​အ​တင်း​ပြော​ဆို ​တာ​မျိုး​ပါ။ ​တစ်​ပါး​သူ​ထိ​ခိုက်​စေ​မယ့် ​စ​ကား​မျိုး​ကို ​နောက်​ကွယ်​မှာ​ဖြစ်​စေ၊ ​အဲ​ဒီ ​လူ​ရဲ့​ရှေ့​မှာ​ဖြစ်​စေ ​မ​ပြော​ဆို​သ​င့်​ပါ​ဘူး။ ​ဒီ ​အ​မူ​အ​ကျ​င့်​တွေ​က​လည်း ​နှစ်​သစ်​ကို ​ယူ​မ ​သွား​သ​င့်​တဲ့​အ​ရာ​တွေ​ဖြစ်​ပါ​တယ်။

အ​ချင်း​ချင်း​မ​ကျေ​နပ်​မှု​တွေ​ကို​ထား​ခဲ့​ပါ

လုပ်​ငန်း​ခွင်​တစ်​ခု​ထဲ​မှာ ​အ​တူ​လုပ် ​ဆောင်​နေ​ရ​သူ​အ​ချင်း​ချင်း​ကို​ဖြစ်​စေ၊ ​အ​ကြီး​အ​ကဲ​ခေါင်း​ဆောင်​ကို​ဖြစ်​စေ ​မ​ကျေ ​နပ်​ချက်​တွေ၊ ​ဒေါ​သ​တွေ၊ ​ရန်​ငြိုး​တွေ​ကို ​နှစ်​ဟောင်း​မှာ​ပဲ ​ထား​ခဲ့​ဖို့ ​ပန်​ကြား​ပါ​ရ​စေ။ ​ကိုယ့်​စိတ်​ကို​လေး​ပင်​စေ​မယ့် ​ဘယ်​အ​ရာ ​ကို​မ​ဆို ​လွ​တှ်​ချ​လိုက်​ဖို့ ​ဝန်​မ​လေး​ပါ​နဲ့။ ​ရန် ​ငြိုး​တွေ​ကို ​စိတ်​ထဲ​ထည့်​ထား​ရ​တာ​ပင်​ပန်း ​လှ​ပါ​တယ်။ ​ကိုယ့်​အ​တွက်​လည်း​အ​ကျိုး ​မ​ရှိ၊ ​တစ်​ပါး​သူ​အ​တွက်​လည်း​အ​ကျိုး​မ​ရှိ​လှ ​တဲ့​အဲ​ဒီ​အ​ရာ​တွေ​ကို ​နှစ်​ဟောင်း​မှာ​ချန် ​ထား​ခဲ့​ဖို့ ​ဘယ်​တော့​မှ ​မ​မေ့​ပါ​နဲ့။

မိ​သား​စု​က​ဘ၀​ဆို​လျှင် ​အ​လုပ်​ခွင် ​ဆို​တာ​ဝန်​ထမ်း​တွေ​အ​တွက်​တော့ ​ဒု​တိ​ယ ​ဘ၀​ပါ။ ​အ​ချိန်​တွေ​တော်​တော်​များ​များ ​အ​လုပ်​ခွင်​ထဲ​မှာ ​ကုန်​ဆုံး​ကြ​ရ​ပါ​တယ်။ ​အဲ​ဒီ​တော့ ​လုပ်​ဖော်​ကိုင်​ဖက်​အ​ချင်း​ချင်း​နဲ့ ​ဖြစ်​စေ၊ ​ကိုယ့်​ရဲ့​အ​ကြီး​အ​ကဲ​ခေါင်း​ဆောင် ​တွေ​နဲ့​ဖြစ်​စေ ​နေ့​စဉ်​နဲ့​အ​မျှ ​မျက်​နှာ​ချင်း ​ဆိုင်​တွေ့​ဆုံ​နေ​ကြ​ရ​ပါ​တယ်။ ​အဲ​ဒီ​လို​အ​ခြေ ​အ​နေ​မှာ ​တစ်​ဦး​နဲ့​တစ်​ဦး​အ​ဆင်​မ​ပြေ​ဘူး ​ဆို​လျှင်​တစ်​နေ့​တာ​လုပ်​ငန်း​ခွင်​ကို ​ဘယ်​လို ​ရှေ့​ဆက်​မ​လဲ။ ​စိတ်​မ​ကြည်​လင်​မှု​တွေ၊ ​ဒေါ ​သ​တွေ၊ ​မ​ကျေ​နပ်​စိတ်​တွေ​နဲ့​အ​လုပ်​ခွင်​ရဲ့ ​တစ်​နေ့​တာ​ဆုံး​ရှုံး​ခံ​မ​လား။ ​ဒီ​လို​ဆို​လျှင် ​တော့ ​တစ်​နေ့​တာ​လုပ်​ငန်း​ခွင်​က ​ရှုံး​နိမ့် ​မှု​တွေ​ပဲ​ကြုံ​ဆုံ​ရ​ပါ​လိမ့်​မယ်။ ​ဒါ​ကြောင့် ​နှစ် ​သစ်​မှာ​ပျော်​ရွ​ငှ်​ဖို့​ဆို​လျှင် ​နှစ်​ဟောင်း​က ​မ​ကြည်​လင်​မှု​တွေ၊ ​ရန်​ငြိုး​ရန်​စ​တွေ၊ ​မ​ကျေ​နပ်​ချက်​တွေ​ကို​အ​ကုန်​ထား​ခဲ့​ရ​ပါ ​လိမ့်​မယ်။

ပျင်း​ရိ​တဲ့​စိတ်​တွေ​ကို​ထား​ခဲ့​ပါ

နှစ်​သစ်​က ​အ​ခု​ထက်​ပို​မို​ပြီး​ကြိုး​စား ​အား​ထုတ်​ရ​မယ့်​နှစ်၊ ​စိန်​ခေါ်​မှု​တွေ​ပို​မို​များ ​ပြား​လာ​မယ့်​နှစ်​တစ်​နှစ်​ပါ။ ​ဒါ​ကြောင့် ​ကိုယ့်​ရဲ့​ပျင်း​ရိ​တဲ့​စိတ်​တွေ​ကို ​နှစ်​ဟောင်း​မှာ ​ထား​ခဲ့​ဖို့​မ​မေ့​ပါ​နဲ့။ ​လေး​လံ​ထိုင်း​မှိုင်း​နေ​တဲ့ ​စိတ်​တွေ​အ​စား ​တက်ြွ​က​ရွ​ငှ်​လန်း​နေ​တဲ့ ​စိတ်​ဓာတ်​တွေ​ကို​သာ ​နှစ်​သစ်​ကို​ယူ​ဆောင် ​သွား​ပါ။ 

ပျင်း​ရိ​ခြင်း​က ​လူ​တစ်​ယောက်​အ ​တွက်​တော့ ​နာ​တာ​ရှည်​ရော​ဂါ​လို​ပါ​ပဲ။ ​အ​လုပ်​ခွင်​က ​ကိုယ့်​အ​တွက်​ပျင်း​စ​ရာ ​ကောင်း​လာ​တယ်၊ ​စိတ်​ဝင်​စား​စ​ရာ​မ​ရှိ ​တော့​ဘူး​ဆို​လျှင် ​အ​လုပ်​ခွင်​အ​တွက်​သာ​မ ​က​ကိုယ့်​အ​တွက်​လည်း ​မ​ကောင်း​နိုင်​ပါ​ဘူး။ ​နှစ်​ဟောင်း​မှာ ​အဲ​ဒီ​ပျင်း​ရိ​တတ်​တဲ့​စိတ်​တွေ ​ကို ​ထား​ခဲ့​ပါ။ 

မ​ပျော်​ရွှင်မှု​တွေ​ကို​ထား​ခဲ့​ပါ

ပျော်​ရွ​ငှ်​မှု​ဆို​တာ​လူ​တိုင်း​နဲ့​ထိုက် ​တန်​ပါ​တယ်။ ​ဒါ​ကြောင့်​ပျော်​ပျော်​ရွ​ငှ်​ရွ​ငှ် ​နေ​သ​င့်​ပါ​တယ်။ ​လုပ်​ငန်း​ခွင်​အ​တွင်း​မှာ ​မ​ပျော်​ရွ​ငှ်​တော့​ဘူး​ဆို​လျှင် ​လုပ်​ငန်း​ဆောင် ​တာ​တွေ​မှာ ​အ​ဘက်​ဘက်​က ​မ​အောင်​မြင် ​မှု​တွေ​ဖြစ်​လာ​တော့​တာ​ပါ​ပဲ။ ​မ​ပျော်​ရွ​ငှ်​မှု ​ရဲ့ ​အ​ကျိုး​ဆက်​က​ကြီး​မား​လှ​ပါ​တယ်။ ​ကိုယ့်​ရဲ့​မ​ပျော်​ရွ​ငှ်​မှု​က ​တ​ခြား​သူ​တွေ​ကို​ပါ ​ကူး​စက်​နိုင်​ပါ​တယ်။ ​လုပ်​ငန်း​ခွင်​အ​တွင်း​မှာ ​လူ​တစ်​ယောက် ​မ​ပျော်​မ​ရွ​ငှ်​ဖြစ်​နေ​တယ်​ဆို ​လျှင် ​တ​ခြား​လုပ်​ဖော်​ကိုင်​ဖက်​တွေ​ရော ​ပျော်​ရွ​ငှ်​မှု​ရ​နိုင်​ပါ့​မ​လား။ ​ဘ၀​ဆို​တာ​တို​တို ​က​လေး​ပါ။ ​ကိုယ့်​ရဲ့​မ​ပျော်​ရွ​ငှ်​မှု​တွေ​က ​ကိုယ့်​ရဲ့​လို​အင်​ဆ​န္ဒ​တွေ​ကြော​င့်​ဆို​လျှင် ​အဲ​ဒီ ​ဆ​န္ဒ​တွေ​ကို​လျှော့​ချ​သ​င့်​ပါ​တယ်။ ​အ​လို ​ဆ​န္ဒ​နည်း​လေ ​ပို​ပျော်​ရွ​ငှ်​ရ​လေ​ပါ​ပဲ။ ​နှစ်​သစ်​မှာ ​ပျော်​ပျော်​ရွ​ငှ်​ရွ​ငှ်​နဲ့​ကြို​ဆို​လိုက်​ဖို့ ​မ​မေ့​ပါ​နဲ့။

လူ​တိုင်း​နှစ်​သစ်​မှာ ​မ​ကောင်း​တဲ့​စိတ် ​တွေ၊ ​အ​မူ​အ​ကျ​င့်​တွေ၊ ​ခံ​စား​ချက်​တွေ​ကို ​ထား​ခဲ့​ပြီး ​နှစ်​သစ်​မှာ​ပျော်​ရွ​ငှ်​မှု​တွေ​ကို ​ပိုင်​ဆိုင်​နိုင်​ကြ​စေ​ဖို့​အ​တွက် ​ဆု​မွန်​ကောင်း ​တောင်း​လိုက်​ရ​ပါ​တယ်။

ကျော့​ကေ​ခိုင်