အ​လုပ်​သစ်​မှာ​အ​ရိပ်​ဆိုး​ကြီး​တွေ​ကြီး​စိုး​နေ​သ​လား
အ​လုပ်​သစ်​မှာ​အ​ရိပ်​ဆိုး​ကြီး​တွေ​ကြီး​စိုး​နေ​သ​လား
13, December 2016
Total View : 835
တစ်​ရွာ​မ​ပြောင်း ​သူ​ကောင်း​မ​ဖြစ် ​ဆို​တဲ့​စ​ကား​လို​ပို​ပြီး​အ​ဆင်​ပြေ​မယ်​ထင်​လို့၊ ​ပို​ပြီး​သက်​သောင့်​သက်​သာ​ရှိ​ဖို့၊ ​ပို​ပြီး​ချော ​မွေ့​လှ​ပ​ဖို့​အ​တွက် ​အ​လုပ်​အ​သစ်​ကို ​ပြောင်း​ကြ​တာ​တွေ​ရှိ​ပါ​လိမ့်​မယ်။ ​ဒါ​ပေ​မဲ့ ​ကျား​ကြောက်​လို့​ဆင်​ကို​အား​ကိုး​ကာ ​မှ​ဆင်​က​ကျား​ထက်​ဆိုး​နေ​သ​လို​မျိုး​ပို​အ ​ဆင်​ပြေ​မယ်၊ ​ပို​ကောင်း​မယ်​ထင်​တဲ့​အ ​လုပ်​မှာ ​စိတ်​ပျက်​စ​ရာ၊​အ​ဆင်​မ​ပြေ​စ​ရာ ​အ​ဖြစ်​အ​ပျက်​တွေ​နဲ့​လည်း​ကြုံ​ရ​နိုင်​ပါ​တယ်။
တ​ကယ်​တော့ ​ဘယ်​အ​လုပ် ​မ​ဆို​စ​ဝင်​ဝင်​ချင်း​အ​စမ်း​ခန့်​ကာ​လ​တွေ​ဟာ ​အ​ဆင်​မ​ပြေ​ဖြစ်​မှု​အ​များ​ဆုံး​ကာ​လ​တွေ​ပဲ
ဖြစ်​ပြီး​ဒီ​မုန်​တိုင်း​ထန်​တဲ့​ကာ​လ​တွေ​ကို ​အောင်​မြင်​စွာ​ဖြတ်​ကျော်​နိုင်​ပါ​မှ​အ​ဆင်​ပြေ ​ပါ​လိမ့်​မယ်။
ဒီ​မုန်​တိုင်း ​ထန်​နေ​တဲ့​ကာ​လ​တွေ​ဒါ​မှ ​မ​ဟုတ်​အ​ရိပ်​ဆိုး​တွေ​ကြီး​စိုး​နေ​တဲ့​ကာ​လ ​တွေ​မှာ​ဘာ​တွေ​လုပ်​ဆောင်​သင့်​သ​လဲ​ဆို​တာ ​ကို​စု​စည်း​တင်​ပြ​ပေး​လိုက်​ပါ​တယ်။
(၁) ​လက်​ရှိ​သင်​ကြုံ​တွေ့​နေ​ရ​တဲ့​အ​ခြေ ​အ​နေ​ကို​ပြန်​လည်​သုံး​သပ်​ပါ
အ​ဖွဲ​က​စ​လို့​ဇီ​ဇာ​ကြောင်​လွန်း​သ​လား၊ ​သင့်​ကို​အ​လုပ်​ခန့်​ထား​တဲ့​ရာ​ထူး​နဲ့ ​သင့်​ကို ​ခိုင်း​နေ​တဲ့​အ​လုပ်​တွေ​က​မ​ဆိုင်​သ​လို​မျိုး ​ခံ​စား​နေ​ရ​ပါ​သ​လား၊ ​သင်​အ​လုပ်​လုပ်​ရ​တဲ့ ​ဌာ​န​မှာ​ရှိ​တဲ့​အ​ကြီး​အ​ကဲ​တွေ​ရဲ့​ပုံ​စံ​က ​အ​ထက်​စီး​ဆန်​လွန်း​နေ​တာ​လား၊ ​ဒါ​မှ ​မ​ဟုတ်​သင့်​ရဲ့​လုပ်​ဖော်​ကိုင်​ဖက်​တွေ​ရဲ့ ​ဆက်​ဆံ​ရေး​က​အေး​တိ​အေး​စက်​ဆန်​လွန်း ​နေ​လို့​လား၊ ​နောက်​တစ်​ချက်​က​ကု​မ္ပ​ဏီ​က ​ချ​မှတ်​ထား​တဲ့​စည်း​မျဉ်း​စည်း​ကမ်း​တွေ​က ​သင့်​အ​တွက်​သိပ်​အ​ဆင်​မ​ပြေ​သ​လို​များ​ဖြစ် ​နေ​သ​လား​စ​သ​ဖြင့်​အ​လုပ်​သစ်​မှာ​သင် ​လက်​ရှိ​ကြုံ​တွေ့​နေ​ရ​တဲ့​အ​ခြေ​အ​နေ​ကို ​စိတ်​အေး​အေး​ထား​ပြီး​ပြန်​လည်​သုံး​သပ်​ဖို့ ​လို​ပါ​လိမ့်​မယ်။
ဒီ​လို​အ​ဖြေ​ရှာ​သုံး​သပ်​ပြီး​လို့​ရ​လာ ​တဲ့​အ​ဖြေ​ပေါ်​မူ​တည်​ပြီး ​ဘာ​ဆက်​လုပ် ​ရ​မှာ​လဲ၊ ​ဘာ​ဆက်​လုပ်​သင့်​သ​လဲ​ဆို​တာ ​ကို​ဆုံး​ဖြတ်​လို့​ရ​မှာ​ဖြစ်​ပါ​တယ်။
(၂) ​ရ​ရှိ​လာ​တဲ့​သုံး​သပ်​ချက်​အ​ဖြေ​တွေ​မှ ​တစ်​ဆင့်​ဘာ​ဆက်​လုပ်​သင့်​သ​လဲ​ဆို​တာ ​ဆုံး​ဖြတ်​ပါ
မှာ​ဖြစ်​ပေါ်​နေ​မယ်​ဆို​လျှင်​အ​လုပ်​အ​သစ် ​ဟာ​သင့်​အ​တွက်​အ​ရိပ်​ဆိုး​တွေ​ကြီး​စိုး ​အုပ်​မိုး​ထား​သ​လို​ဖြစ်​နေ​ပါ​လိမ့်​မယ်။
နောက်​တစ်​နည်း​ပြော​ရ​လျှင် ​အ​လုပ် ​အ​သစ်​စ​ဝင်​တဲ့​အ​ချိန်​ဟာ​သင့်​ရဲ့ ​အိပ်​မက် ​ကို​ပြန်​လည်​စ​တင်​တဲ့​အ​ချိန်၊ ​သင့်​ရဲ့​ဘ၀​ကို ​ပြန်​လည်​တည်​ဆောက်​တဲ့​အ​ချိန်​လည်း ​ဖြစ်​ပါ​တယ်။ ​ဘေး​ဒဏ် ​တစ်​ခု​ခု​သင့်​လို့​ပြန် ​လည်​ထူ​ထောင်​ရေး​လုပ်​နေ​ဆဲ​ကာ​လ​လို ​ပေါ့။ ​အ​ရာ​ရာ​ဟာ ​စိမ်း​စို​လန်း​ဆန်း​မှု​တွေ​ရှိ ​ချင်​မှ​ရှိ​ပါ​လိမ့်​မယ်။
ဒါ​ကြောင့်​အ​ခု​လက်​ရှိ​လုပ်​နေ ​တဲ့​အ​လုပ်​သစ်​မှာ​မ​ပျော်​သ​လို၊ ​အ​ဆင် ​မ​ပြေ​သ​လို​ခံ​စား​နေ​ရ​တဲ့​အ​ခါ​နံ​ပါတ်​တစ် ​အ​ချက်​တုန်း​က​ပြော​ခဲ့​သ​လို ​ခံ​စား​နေ​ရ​တဲ့ ​လက်​ရှိ​အ​ခြေ​အ​နေ​မှန်​ကို​အ​သေ​အ​ချာ ​စဉ်း​စား​သုံး​သပ်​ဖို့​လို​ပြီး ​ဒီ​လို​စဉ်း​စား​ခြင်း ​က​နေ​ရ​ရှိ​လာ​တဲ့​အ​ဖြေ​တွေ​မှ​တစ်​ဆင့် ​ဘာ ​ဆက်​လုပ်​ရ​မ​လဲ​ဆို​တာ​ကို​ဆုံး​ဖြတ်​ရ​ပါ​လိမ့် ​မယ်။
(၃) ​တတ်​နိုင်​သ​လောက်​ညှိ​နှိုင်း​မှု​တွေလုပ်​ပါ
ဒါ​ဆို​လျှင် ​သင်​ဘယ်​လို​ဆုံး​ဖြတ် ​မှာ​ပါ​လဲ။ ​အ​ဆင်​မ​ပြေ​ဖြစ်​မှု​တွေ​အ​တွက် ​သက်​ဆိုင်​သူ​ထံ​ညှိ​နှိုင်း​မှု​တွေ​လုပ်​မ​လား၊ ​ဒါ
မှ​မ​ဟုတ်​ဒီ​အ​လုပ်​က​ထွက်​ပြီး​နောက်​ထပ် ​အ​လုပ်​တစ်​ခု​ထပ်​ပြောင်း​မှာ​လား။
ဖြစ်​နိုင်​လျှင်​တော့ ​လက်​ရှိ​အ​လုပ် ​က​နေ​ထွက်​ဖို့​ဆ​န္ဒ​မ​စော​စေ​ချင်​ပါ​ဘူး။အ​လုပ်​ရှင်​ကြောင့်​လား၊ ​အ​ထက်​လူ​ကြီး ​ကြောင့်​လား၊ ​လုပ်​ဖော်​ကိုင်​ဖက်​တွေ ​ကြောင့်​လား ၊​လုပ်​နေ​ကိုင်​နေ​ရ​တဲ့​အ​လုပ် ​တွေ​ကြောင့်​လား​ဘာ​ကြောင့်​ပဲ​ဖြစ်​ဖြစ်​ဒီ​လို ​ဖြစ်​ပေါ်​နေ​မိ​တဲ့​ခံ​စား​ချက်​ကို​မျို​သိပ်​ခံ​စား ​မ​နေ​ဘဲ​သက်​ဆိုင်​သူ​တွေ​နဲ့ ​ညှိ​နှိုင်း​ဆွေး​နွေး ​ပြီး​မျှ​ခြေ​တစ်​ခု​ကို​တောင်း​ဆို​ဖို့​ကို​သာ​တိုက် ​ပွဲ​ဝင်​သင့်​ပါ​တယ်။
(၄) ​သည်း​ခံ​နိုင်​သ​လောက် ​သည်း​ခံ​ပေးလိုက်​ပါ
အ​လုပ်​သစ်​မှာ​အ​ဆင်​မ​ပြေ​တဲ့​အ ​တွက်​တောင်း​ဆို​မှု​တွေ၊ ​ညှိ​နှိုင်း​မှု​တွေ ​ပြု​လုပ်​ပြီး​လျှင်​ဘာ​တွေ​များ​ထူး​ခြား​လာ​သ​လဲ ​ဆို​တာ​ကို​စောင့်​ကြည့်​ရ​ပါ​မယ်။ဘယ် ​လောက်​အ​ထိ​ပြောင်း​လဲ​သွား​ပြီ​လဲ။ဘာ ​တွေ​က​တော့ ​အ​ရင်​အ​တိုင်း​ပဲ​မ​ပြောင်း​လဲ ​သေး​ပါ​လား​စ​သ​ဖြင့်​စောင့်​ကြည့်​သုံး​သပ် ​ရ​ပါ​မယ်။
ဒါ့​အ​ပြင် ​ပု​ဂ္ဂိုလ်​ရေး​နဲ့​ဆိုင်​တဲ့ ​အ​ဆင်​မ​ပြေ​မှု​တွေ​ကို​လည်း ​အ​ကဲ​ခတ် ​သုံး​သပ်​မိ​ဖို့​လို​ပါ​တယ်။အ​ချို့​က​စ​ကား​ပြော ​ရင်​ဆ​ရာ​ကြီး ​ဒီ​ဇိုင်း​နဲ့​ပြော​တာ​မျိုး​တွေ​ရှိ ​တတ်​ပါ​တယ်။ ​ဒီ​လို​ပုံ​စံ​မျိုး​ဟာ​သင့်​ရဲ့​စိတ်​နဲ့ ​အ​ဆင်​မ​ပြေ​ဘူး​ဆို​ပေ​မဲ့​တ​ချို့​တွေ​က​ဒီ​လို ​ပြော​တာ​ဟာ​သူ့​ရဲ့​ပင်​ကို​စ​ရိုက်​လည်း​ဖြစ် ​နေ​တတ်​ပါ​တယ်။ ​ဒါ​ကို​အံ့​အား​သင့်​ပေး ​ဖို့​လို​လျှင်​အံ့​အား​သင့်​ပေး​လိုက်၊ ​အောက် ​ကျို့​မှ​ဖြစ်​မယ်​ဆို​လျှင်​အောက်​ကျို့​ဆက်​ဆံ ​ပေး​လိုက်​ဆို​လျှင်​တ​ဖြည်း​ဖြည်း​နဲ့​အ​ဆင်​ပြေ ​လာ​ပါ​လိမ့်​မယ်။
(၅) ​အ​ရင်​အ​လုပ်​က​ထွက်​ခဲ့​တာ​မှား​ပြီဆို​တဲ့ ​အ​တွေး​မျိုး ​လုံးဝ​မ​တွေး​မိ​ပါ​စေ​နဲ့
လူ​ဆို​တာ​ကိုယ်​လျှောက်​မယ့် ​လမ်း​ကို ​ကိုယ့်​ဘာ​သာ​ရွေး​ချယ်​ဆုံး​ဖြတ် ​ရ​ပါ​တယ်။မှန်​တယ်​ထင်​လို့​လျှောက်​ခဲ့​တဲ့​လုပ်​ရပ်​အ ​တွက်​သင်​ဘာ​ကို​နောင်​တ​ရ​နေ​မှာ​လဲ။ ​ကောင်း​လျှင်​စံ ​မ​ကောင်း​လျှင်​ခံ​ဆို​တဲ့​ထုံး​ကို ​နှ​လုံး​မူ​ရ​ပါ​လိမ့်​မယ်။
ဒါ​ကြောင့်​လက်​ရှိ​အ​လုပ်​အ​သစ်​မှာ ​အ​ဆင်​မ​ပြေ​ဖြစ်​နေ​တဲ့​အ​ခါ​ငါ​အ​ရင်​အ ​လုပ်​က​ထွက်​ခဲ့​မိ​တာ​မှား​များ​မှား ​သွား​ပြီ ​လား​ဆို​တဲ့ ​ဒွိ​ဟ​အ​တွေး​မျိုး၊​ရှင်း​ရှင်း ​ပြော​ရ ​လျှင်​နောင်​တ​ရ​တဲ့​အ​တွေး​မျိုး​လုံးဝ​မ​တွေး ​မိ​ဖို့​လို​ပါ​တယ်။
တစ်​ခု​ရှိ​ပါ​တယ်။အဲ​ဒီ​လို​အ​တွေး ​မျိုး​ဝင်​မိ​တဲ့​အ​ခါ ​စိတ်​ဓာတ်​တွေ​ပို​ကျ၊ ​အ​လုပ်​ထဲ​မှာ​လုပ်​ချင်​ကိုင်​ချင်​စိတ်​တွေ ​ပျောက်​ရှ၊ ​ခံ​စား​ရ​တာ​တွေ​က​နိမ့်​ကျ​နေ ​မိ​တာ​အ​မှန်​ပါ​ပဲ။
အ​ခု​တင်​ပြ​ပေး​ခဲ့​တာ​က​တော့ ​ကောင်း​မယ်​ထင်​လို့​အ​လုပ်​အ​သစ်​ကို ​ပြောင်း​ကာ​မှ​အ​လုပ်​အ​သစ်​မှာ​အ​ဆင် ​မ​ပြေ​ဘဲ​အ​ရိပ်​ဆိုး​တွေ​ကြီး​စိုး​သ​လို​ခံ​စား ​နေ​ရ​တဲ့​သူ​တွေ​အ​တွက် ​အ​ကြံ​ပြု​တင်​ပြ ​ချက်​တွေ​ပဲ​ဖြစ်​ပါ​တယ်။ဖတ်​ရှု​မှတ်​သား ​ကြ​ရင်း​နဲ့​အ​လုပ်​အ​သစ်​ကို​ရောက်​နေ​ကြ​သူ ​တွေ ​အား​လုံး​အ​ဆင်​ပြေ​ချော​မွေ့​ပါ​စေ၊ ​အ​ဆင်​မ​ပြေ​ဖြစ်​နေ​လျှင်​လည်း​ဆုံး​ဖြတ် ​ချက်​တွေ​မှန်​ကန်​စွာ​ချ​မှတ်​နိုင်​ကြ​ပါ​စေ​လို့ ​ဆု​တောင်း​ပေး​လိုက်​ပါ​တယ်။
ရာ​သက်​ပန် (​သ​စ္စာ​ပန်း​တို့​လန်း​ရာ​မြေ)