စီး​ပွား​ရေး​လွတ်​လပ်​မှု

စီး​ပွား​ရေး​လွတ်​လပ်​မှု
12, December 2016
Total View : 254

မ​ကြာ​သေး​မီ​က ​ကျ​နော်​ဟာ ​စီး​ပွား​ရေး​လုပ်​ငန်း​များ​ရဲ့ ​စီး​ပွား​ရေး ​လွတ်​လပ်​မှု​နဲ့ ​လူ့​အ​ခွင့်​အ​ရေး​ဆိုင်​ရာ ​ဆွေး​နွေး​ပွဲ​တစ်​ခု​ကို ​ဖိ​လစ်​ပိုင်​နိုင်​ငံ​မှာ ​သွား​တက်​ရောက်​ခွင့်​ရ​ခဲ့​ပါ​တယ်။ ​တ​ကယ်​တော့ ​စီး​ပွား​ရေး​လွတ်​လပ်​ခွင့် ​ဆို​တဲ့​ဝေါ​ဟာ​ရ​ကို ​ယဉ်​ပါး​နေ​ပေ​မဲ့ ​ကျယ်​ကျယ်​ပြန့်​ပြန့် ​ဆွေး​နွေး​မှု​တွေ ​တော့​အ​ရင်​က​မ​လုပ်​ခဲ့​ဖူး​ပါ​ဘူး။ ​နှစ်​စဉ် ​နှစ်​တိုင်း ​နိုင်​ငံ (၁၅၆) ​နိုင်​ငံ​နဲ့ ​ဟောင် ​ကောင်​တို့​ကို ​စာ​ရင်း​တွေ​ကောက်၊ ​သု ​တေ​သ​န​စစ်​တမ်း​တွေ​လုပ်​ပြီး​ပြု​စု​ထား ​တဲ့​က​မ္ဘာ့​စီး​ပွား​ရေး​လွတ်​လပ်​ခွင့် ​အ​ညွ​နှ်း​ကိန်း​ဆို​တာ ​ကြား​တောင် ​မ​ကြား​ဖူး​ခဲ့​ပါ​ဘူး။ ​အဲ​ဒီ​အ​ညွ​နှ်း​ကိန်း ​အ​ရ​လည်း​ကိုယ့်​နိုင်​ငံ​က​အောက်​ဆုံး ​တစ်​နေ​ရာ​မှာ ​မ​ထင်​မ​ရှား​ပါ​နေ​လေ ​တော့​ဒီ​အ​ကြောင်း​အ​ရာ​နဲ့ ​စိမ်း​နေ ​တာ​လည်း​သိပ်​ပြီး​မ​ဆန်း​လှ​ဘူး​လို့ ​ပြော​ရ​မှာ​ပါ။ 

၁၉၉၆​ခု​နှစ်​တုန်း​က Jame Gwartneye ​နဲ့ ​အ​ခြား​ပ​ညာ​ရှင်​တွေ ​ဖွင့်​ဆို​ခဲ့​တဲ့​စီး​ပွား​ရေး​လွတ်​လပ်​မှု (Economic Freedom)ရဲ့​အ​ဓိ​ပ္ပာယ် ​ကို​ကြည့်​ရ​တာ ​စိတ်​ဝင်​စား​စ​ရာ​တွေ့ ​ရ​ပါ​တယ်။ ​လူ​တစ်​ယောက်​စီ​မှာ​စီး​ပွား ​ရေး​လွတ်​လပ်​ခွင့်​ရှိ​တယ်။ ​အ​တင်း​အ ​ကြပ်​ပြု၊​လိမ်​ညာ၊ ​ခိုး​ဝှက်​တာ​တွေ ​ကြောင့် ​မ​ဟုတ်​ဘဲ ​ရ​လာ​တဲ့​ပိုင်​ဆိုင်​မှု ​တွေ​ကို ​တ​ခြား​သူ​တွေ​က ​ရုပ်​ပိုင်း​ဆိုင် ​ရာ​အ​တင်း​အ​ကျပ် ​ဝင်​ရောက်​ရ​ယူ ​မှု​က​နေ ​ကာ​ကွယ်​တား​ဆီး​ထား​တယ်။ ​သူ​တို့​ရဲ့ ​ပိုင်​ဆိုင်​မှု​ဟာ​တ​ခြား​သူ​တွေ​ရဲ့ ​အ​ခွင့်​အ​ရေး​ကို​ချိုး​ဖောက်​ခြင်း​မ​ပြု​သ ​မျှ​လွတ်​လွတ်​လပ်​လပ် ​အ​သုံး​ပြု​နိုင် ​တယ်၊ ​ဖ​လှယ်​နိုင်​တယ်၊ ​ပေး​နိုင်​တယ်။ ​စီး​ပွား​ရေး​လွတ်​လပ်​မှု ​ညွ​နှ်း​ကိန်း​ဟာ ​မှန်​မှန်​ကန်​ကန်​ရ​ရှိ​ထား​တဲ့ ​ပိုင်​ဆိုင်​မှု ​တွေ​ကို​ဘယ်​လောက် ​ကာ​ကွယ်​စောင့် ​ရှောက်​ပေး​ထား​သ​လဲ၊ ​လူ​တစ်​ဦး​ချင်း၊ ​လုပ်​ငန်း​တစ်​ခု​ချင်း​ဟာ​မိ​မိ​ရဲ့ ​သ​ဘော ​ဆ​န္ဒ​အ​လျောက်​ဘယ်​လောက် ​အ​ပေး ​အ​ယူ​အ​ရောင်း​အ​ဝယ် ​လုပ်​နိုင်​သ​လဲ ​ဆို​တာ​ကို ​တိုင်း​တာ​ပါ​သ​တဲ့။

တိုင်း​တာ​ပုံ၊ ​တိုင်း​တာ​နည်း​က ​တော့ (၁)​အ​စိုး​ရ​ရဲ့ ​အ​ရွယ်​အ​စား​နဲ့ ​အ​ခွန်​အ​ကောက်(၂) ​ပု​ဂ္ဂ​လိ​က​ပိုင်​ဆိုင် ​မှု​နဲ့​တ​ရား​ဥ​ပ​ဒေ​စိုး​မိုး​မှု (၃) ​ခိုင်​မာ​တဲ့ ​ငွေ​ကြေး(၄) ​ကုန်​သွယ်​မှု​စည်း​မျဉ်း​စည်း ​ကမ်း​တွေ​နဲ့​အ​ခွန်​အ​ခ​တွေ၊ (၅) ​စီး​ပွား ​ရေး​လုပ်​ငန်း​တွေ၊ ​လုပ်​သား​နဲ့ ​အ​ရင်း ​အ​နှီး​ဈေး​ကွက်​တွေ​နဲ့ ​ပတ်​သက်​တဲ့ ​စည်း​မျဉ်း​စည်း​ကမ်း​တွေ​ပဲ ​ဖြစ်​ပါ​တယ်။ ​ခိုင်​မာ​တဲ့​ငွေ​ကြေး​လို့​ဆို​ရာ​မှာ​ငွေ​ကြေး ​တိုး​တက်​မှု၊ ​ငွေ​ဖောင်း​ပွ​မှု၊ ​လွတ်​လပ် ​စွာ​နိုင်​ငံ​ခြား​ငွေ​စာ​ရင်း ​ဖွင့်​လှစ်​ခွင့် ​ရ​ရှိ​မှု​တို့​ကို ​ထည့်​တွက်​တယ်။

သူ​တို့​ရဲ့ ​လေ့​လာ​ချက်​အ​ရ​ဆို ​လျှင် ၁၉၈၀ ​ပြည့်​နှစ်​လောက်​တုန်း​က ​ဆယ်​မှတ်​ပေး​လျှင် ​ငါး​မှတ်​သာ​သာ ​လောက်​ရ​တဲ့ ​အ​ဆင့်​က​နေ ၂၀၁၃ ​မှာ ​ခု​နှစ်​မှတ်​နီး​ပါး​ရ​လာ​ပါ​တယ်။

သု​တေ​သီ​တွေ​ရဲ့ ​အ​ဆို​အ​ရ​ဆို ​လျှင်​တော့ ​စီး​ပွား​ရေး ​လွတ်​လပ်​မှု​ဆို ​တာ​တ​ကယ်​ကို ​အ​ခြေ​ခံ​အ​ခွင့်​အ​ရေး ​တစ်​ရပ်​ဖြစ်​ပြီး ​စီး​ပွား​ရေး​လွတ်​လပ်​မှု ​မ​ရှိ​လျှင် ​နိုင်​ငံ​ရေး​နဲ့ ​ပြည်​သူ့​လွတ်​လပ် ​ခွင့်​တွေ​မ​ရ​နိုင်​ပါ​ဘူး။ ​စီး​ပွား​ရေး​လွတ် ​လပ်​မှု​ဆို​တော့ ​စီး​ပွား​ရေး​တိုး​တက်​မှု​နဲ့ ​ဖွံ့​ဖြိုး​မှု​အ​တွက်​လည်း ​အ​ရေး​ပါ​တယ်။ ​ကျယ်​ပြန့်​တဲ့​လူ​သား​ဖွံ့​ဖြိုး​မှု​အား​လုံး ​အ​ကျုံး​ဝင်​တဲ့​ဖွံ့​ဖြိုး​မှု​တွေ​အ​တွက် ​လည်း​စီး​ပွား​ရေး​လွတ်​လပ်​မှု​ဟာ ​ကြို ​တင်​လို​အပ်​တဲ့ ​အ​ခွင့်​အ​ရေး​တစ်​ခု​ဖြစ် ​တယ်။ 

စီး​ပွား​ရေး​လွတ်​လပ်​မှု​မြ​င့်​လာ ​လျှင်​တစ်​ဦး​ကျ​ဝင်​ငွေ​မြင့်​မား​မယ်။ ​ဆင်း​ရဲ​နွမ်း​ပါး​မှု​နဲ့ ​ဆူ​ကြုံ​နိမ့်​မြင့်​ကွာ​ဟ ​မှု​တွေ​နည်း​ပါး​မယ်။ ​စီး​ပွား​ရေး ​လွတ်​လပ်​မှု​ဟာ ​အုပ်​ချုပ်​စီ​မံ​မှု​တွေ၊ ​ဒီ​မို​က​ရေ​စီ​တွေ​နဲ့​လည်း ​ဆက်​စပ်​နေ ​တယ်။ ​နိုင်​ငံ​ရေး​အ​ခွင့်​အ​ရေး​တွေ ​နဲ့​လည်း​ဆက်​စပ်​နေ​တယ်။ ​စီး​ပွား​ရေး ​လွတ်​လပ်​မှု​ရှိ​လျှင် ​အ​ကျင့်​ပျက်​မှု​တွေ၊ ​လာဘ်​ပေး​လာဘ်​ယူ​မှု​တွေ ​လျော့​ပါး ​စေ​မယ်။ ​ကိုယ့်​ရဲ့​ဘ၀​ကို ​ပို​မို​ကျေ​နပ် ​စေ​မယ်။ ​မျှော်​မှန်း​သက်​တမ်း ​တိုး​လာ​မယ်။ ​စာ​တတ်​မြောက်​မှု​နှုန်း ​မြင့်​မား​မယ်။

၁၉၇၀ ​လောက်​က​နေ ၂၀၁၃ ​အ​တွင်း​တောင်​အာ​ဖ​ရိ​က​တို့ ​ချီ​လီ​တို့ ​မှာ​စီး​ပွား​ရေး​လွတ်​လပ်​မှု​သိ​သိ​သာ ​သာ​တိုး​မြင့်​လာ​တာ​ကို​တွေ့​ရ​တယ်။ ​အဲ​ဒီ​နိုင်​ငံ​တွေ​ရဲ့​တစ်​ဦး​ကျ​ဝင်​ငွေ​က ​လည်း​သိ​သိ​သာ​သာ​တက်​လာ​တာ​ကို ​တွေ့​ရ​တယ်။ ​အ​ရှေ့​တောင်​အာ​ရှ၊ ​တောင်​ကို​ရီး​ယား​နဲ့​စင်​ကာ​ပူ​တို့​ဆို​လည်း ​အဲ​ဒီ​အ​တိုင်း ​ယုတ်​စွ​အ​ဆုံး ​အာ​ဖ​ရိ​က ​ဆာ​ဟာ​ရ​ဒေ​သ​ခွဲ​မှာ​တောင် ​တိုး​တက်​မှု ​တွေ​ကို​တွေ့​ရ​တယ်။

၂၀၁၆​ခု​နှစ် ​က​မ္ဘာ့​စီး​ပွား​ရေး​လွတ် ​လပ်​မှု ​နှစ်​ပတ်​လည် ​အ​စီ​ရင်​ခံ​စာ​အ​ရ၊ ​ဟောင်​ကောင်​နဲ့​စင်​ကာ​ပူ​ဟာ​ထိပ်​ဆုံး​မှာ ​ရောက်​နေ​ပြီး​သူ့​နောက်​က​န​ယူး​ဇီ​လန်၊ ​ဆွဇ်​ဇာ​လန်​တို့​လိုက်​ကြ​တယ်။ ​အ​မေ​ရိ ​ကန်​က ​နံ​ပါတ် (၁၆) ၊ ​တ​ရုတ်​နိုင်​ငံ​က (၁၁၃)​ချိတ်​တယ်။ (၁၅၉) ​နိုင်​ငံ​အ​နက် ​မြန်​မာ​က(၁၄၈)​မှာ​ချိတ်​တော့ ​နောက် ​မှာ(၁၁)​နိုင်​ငံ​ကျန်​နေ​သေး​တယ်။ ​ဒါ ​ကြောင့်​ဆွေး​နွေး​ပွဲ​မှာ ​မြန်​မာ​နိုင်​ငံ​က ​ဆွေး​နွေး​ခွင့်​ရ​တော့ ​ဒီ​အ​ညွ​နှ်း​ကိန်း ​တွေ​ဟာ​မြန်​မာ​နိုင်​ငံ​နဲ့​မ​သက်​ဆိုင်​သ ​လို​ဖွံ့​ဖြိုး​တဲ့​နိုင်​ငံ​တွေ​နဲ့​သာ​သက်​ဆိုင် ​သ​လို​ဖြစ်​နေ​ကြောင်း ​ဆွေး​နွေး​ခဲ့​ဖြစ်​ပါတယ်။ 

 

ခင်​မောင်​ညို (​ဘော​ဂ​ဗေ​ဒ)